Day: April 17, 2024
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးဝင်းမြင့်ကို နေအိမ်အကျယ်ချုပ် ကိုပြောင်းရွှေ့လိုက်ကြောင်းသတင်းထွက်ပေါ်
ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဟောင်း ဦးဝင်းမြင့်ကို အချုပ်ထောင်တွေမှာ ထားရှိရာက နေအကျယ်ချုပ်ထားရှိဖို့ ပြောင်းရွှေ့လိုက်သလို ၊ အကျဉ်းသား ၃၀၀၀ ကျော်ကိုလည်း နှစ်ဆန်း ၁ရက် နေ့မှာ ပြန်လွှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။မြန်မာ့ နှစ်သစ်ကူးမှာ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပြီး နိုင်ငံရေး အရ သူကောင်းဘွဲ့ခံအမြတ်ထုတ်တဲ့ အလေ့အထ လည်း…
ဘူးသီးတောင်မြို့တွင် အိမ် (၅၀)ခန့် မီးရှို့ခံရ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးအောင်သောင်းရွှေ နေအိမ်အပါအဝင် အိမ် (၅၀) ခန့် မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။“ဒေရုံးနဲ့ ဒေအိမ်ကိုမီးတိုက်ပြိုပျက်လားကေလည်း ဒေလုပ်ရပ်တိကတော့သမိုင်းမှတ်တမ်းတိယာယေ” (မြန်မာလို \"ဒီရုံးနဲ့ ဒီအိမ်ကို မီးရှို့ လို့ ပြိုပျက်သွားပေမယ့်ဒီလုပ်ရပ်တွေကတော့ သမိုင်းမှတ်တမ်းတွေပါဘဲ” လို့ ဦးအောင်သောင်းရွှေက သူ့ရဲ့လူမှုကွန်ရက်တွင် ရေးသားထားပါတယ်။လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေ နေအိမ် အပါအဝင်…
ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေး လွတ်ငြိမ်းဖြင့် ပြန်လွတ်လာ
စစ်ကောင်စီရဲ့ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌဒေါ်ညိုအေး ပြန်လည် လွတ်မြောက်လာကြောင်း သိရပါတယ်။ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးသည် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၃ရက်ကကျရောက်သည့် ၅၆နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ ဝမ်းနည်း အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်မှုကြောင့် မတရားဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။\"ဒေါ်ညိုအေး လွတ်လာတယ် မှန်ပါတယ်။ စစ်တွေထောင်က ၄၀…
ဘူးသီးတောင်မြို့ရှိ ရခိုင်အိမ်များ နှင့် MSF ရုံး မီးရှို့ခံရ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ရခိုင်အိမ်များ နှင့် MSF ရုံး ကို စစ်ကောင်စီ နှင့်စစ်သင်တန်းပေးခံထားရသော မူဆလင်အချို့မှ ပူးပေါင်းကာ မီးရှို့ဖျက်ဆီးနေကြောင်းသိရပါတယ်။\"တစ်မြို့လုံး ပြာပင်လယ် ဖြစ်နေပြီ။ မီးမလောင်တဲ့ တိုက်ကို ဘူဒိုဇာနဲ့ ဖျက်နေတယ်။ ၁၈ရက်နေ့အပြီး ရခိုင်အိမ်မှန်သမျှ အကုန်ဖျက်စီးမယ် ပြောပါတယ်\" လို့ ဘူးသီးတောင် ဒေသခံတစ်ဦးကဆိုပါတယ်။နယ်စည်းမခြားဆရာဝန်များအသင်းရုံး…