Day: December 20, 2024
ဂွတစ်မြို့လုံးက ဌာနဆိုင်ရာ ရုံးအားလုံး နဲ့ အတူ ခမရ ၅၆၃ ကို AA သိမ်းပိုက် (စစ်ကောင်စီ ၄၀ လက်ရဖမ်းဆီး)
ရခိုင်ပြည် ဂွမြို့ ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးတွေ နဲ့ အတူ အဓိက ထိုးစစ်ဆင်နေတဲ့ ခမရ ၅၆၃ ကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်မနက်ပိုင်းမှာ ခမရ ၅၃၆ အတွင်းက ခုခံနေတဲ့ ဂွမြို့ပေါ်မှာရှိတဲ့ ထွေအုပ်ရုံးအပါအဝင်…
စစ်တွေ ရေတပ် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေ(ပုဏ္ဏားကျွန်းမြို့ ကို သန်းခေါင်ယံအချိန် ဗုံးကျ)
ရခိုင်ပြည် အမ်းမြို့က နပခ အခြေအနေတွေကြောင့် ကြောက်ရွံ့တုန်လှုပ်နေတဲ့ စစ်တွေမြို့အခြေစိုက် ဒကစ ဟာ စစ်တွေမြို့နဲ့ အနီးတစ်ဝိုက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး အရပ်သားကျေးရွာတွေကို ကျရောက်ပေါက်ကွဲနေပါတယ်။ မနေ့က ဒီဇင်ဘာ ၁၇ ရက် ည ၁၁ နာရီခွဲမှာ စစ်တွေမြို့ အနီး ပုဏ္ဏားကျွန်းမြို့နယ် ပဒေသကျေးရွာကို…
ရွှေတုံးတွေ သယ်ပြီး ထွက်ပြေးသွားတဲ့ မောင်တောတပ်မမှူး ၊ ကိုယ့်မှိုင်းကိုယ်နင်းပြီး သေဆုံး
မောင်တော၊ နခခ (၅) မှ ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို ဒီဇင်ဘာ ၁၇ ရက် မွန်းတည့် (၁၂) နာရီမှာ အခေါက်ရွှေတုံးတွေ ၊ ငွေသားတွေ နဲ့ အတူ သေဆုံးလျှက်…
သေနတ်သံကြားလို့ ထွက်ပြေးနေတဲ့ တပ်သားတွေကို ဂွရိုးပေါ်မှာ AA လိုက်ဖမ်းနေရ
ရခိုင်ပြည် ဂွမြို့ စစ်မျက်နှာပြင်ကို စစ်ကူ အဖြစ်ပို့လွှတ်ခြင်းခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်းလူငယ်တွေဟာ တိုက်ပွဲ အနီးဝန်းကျင်က လက်နက်သံတွေ ကြားတာနဲ့ တပြိုင်နက် ဂွရိုးပေါ်တက်ပြေးသွားလို့ လိုက်လံဖမ်းဆီးထားရတယ်လို့ စစ်ရေးသတင်းရင်းမြစ် ဆီက သိရပါတယ်။ ဂွမြို့ပေါ်မှာရှိတဲ့ ခမရ ၅၆၂ နဲ့ ၅၆၃ တို့ကို အာရက္ခတပ်တော်က အနီးကပ်ထိုးစစ်ဆင်နေချိန်မှာ စစ်ကူရောက်လာတဲ့…
ဂွစစ်မျက်နှာပြင်မှာ ရင်ဆိုင်နေရတဲ့ တပ်သားတွေကို လက်နက်မချဖို့ တပ်မိသားစုတွေကို စစ်ကောင်စီ အကြပ်ကိုင်ထား
ဂွစစ်မျက်နှာပြင်မှာ AA ရင်ဆိုင်နေရတဲ့ အရာရှိ စစ်သည် တွေကို လက်နက်မချ ဖို့ မိသားစုတွေကို အကြပ် ကိုင်ထားတယ်လို့ စစ်တပ် အသိုင်းအဝိုင်း က သိရပါတယ်။ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတဲ့ ဂွမြို့ စစ်မျက်နှာပြင် ကို ပို့လွှတ်ခံရတဲ့ တပ်မမှူး၊ စစ်ကြောင်းမှူး ၊ ဗိုလ်ကြီး…
နပခ ဌာနချုပ် ကို အပြီးသတ်သိမ်းပိုက် ဒုတိုင်းမှူး သောင်းထွန်းကို သုံ့ပန်းအဖြစ် ဖမ်းဆီး
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ပြီး ဌာနချုပ်အတွင်း အပြင် မှာ ရှိတဲ့ စစ်ကောင်စီ တပ်သားအားလုံး ကိုလည်း အာရက္ခတပ်တော် AA က ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဒါအပြင် အဲ့ဒီဌာနချုပ်အထဲမှာ ကွက်ကဲနေတဲ့ ဒုတိုင်းမှူး သောင်းထွန်း ကို…
အမ်းနဲ့ ဂွ မှာ စစ်ရှုံးနေလို့ သံတွဲမြို့ကို စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်နေ
ရခိုင်ပြည် အမ်းမြို့နဲ့ ဂွမြို့ က စစ်မျက်မြေပြင်အတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို သံတွဲမြို့က စီမံကွက်ကဲနေတယ်ဆိုတဲ့ ယူဆချက်နဲ့ စစ်ကောင်စီဟာ သံတွဲမြို့ကို နှစ်ရက်ဆက်တိုက် ဗုံးကြဲနေတာဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီလော်ဘီ ချန်နယ်တွေက သံတွဲမြို့ပေါ်မှာ အာရက္ခတပ်တော် ရဲ့ စစ်ဆင်ရေးရုံးတွေ အထိုင်ချထားတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီဟာ သံတွဲမြို့ပေါ်ကို…