Laywaddy FM

သေနတ်သံကြားလို့ ထွက်ပြေးနေတဲ့ တပ်သားတွေကို ဂွရိုးပေါ်မှာ AA လိုက်ဖမ်းနေရ

သေနတ်သံကြားလို့ ထွက်ပြေးနေတဲ့ တပ်သားတွေကို ဂွရိုးပေါ်မှာ AA လိုက်ဖမ်းနေရ

ရခိုင်ပြည် ဂွမြို့ စစ်မျက်နှာပြင်ကို စစ်ကူ အဖြစ်ပို့လွှတ်ခြင်းခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်းလူငယ်တွေဟာ တိုက်ပွဲ အနီးဝန်းကျင်က လက်နက်သံတွေ ကြားတာနဲ့ တပြိုင်နက် ဂွရိုးပေါ်တက်ပြေးသွားလို့ လိုက်လံဖမ်းဆီးထားရတယ်လို့ စစ်ရေးသတင်းရင်းမြစ် ဆီက သိရပါတယ်။

ဂွမြို့ပေါ်မှာရှိတဲ့ ခမရ ၅၆၂ နဲ့ ၅၆၃ တို့ကို အာရက္ခတပ်တော်က အနီးကပ်ထိုးစစ်ဆင်နေချိန်မှာ စစ်ကူရောက်လာတဲ့ တပ်ဖွဲ့ဝင်အသစ် ရာနဲ့ချီဟာ တိုက်ပွဲအတွင်းက ကစဉ့်ကလျားထွက်ပြေးနေပြီးလိုက်လံ ဖမ်းဆီးနေရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“ရှေ့တန်းကိုရောက်လာတယ်။ သူတို့ကဘာမှမသိဘူး။ AA ဘက်က ပစ်တဲ့အချိန်မှာ သူတို့က ကြောက်လန့်ပြီးပြေးကြတယ်။ ပြီးတော့ကျွန်တော်တို့ က AAကို ကြောက်တယ် ဆိုပြီးအကူညီလာတောင်းတယ်။ သွားဖမ်းစရာမလိုဘူး လူတိုင်းကို AAထင်လို့နေစရာမရှိကြောက်နေကြတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲအတွင်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီ ရဲ့ စစ်မှုထမ်းသင်တန်းဆင်းတပ်ဖွဲ့ဝင် အသစ်တွေကို ဂွမြို့ အပြင်ဘက် ဂွရိုးမ အနီးတဝိုက်မှာ ရာနဲ့ ချီပြီး လက်ရဖမ်းဆီးမိခဲ့ကြတာ လို့ ဆိုပါတယ်။

အခု ဒီဇင်ဘာလ အတွင်းမှာ ဂွစစ်မျက်နှာပြင်က လက်နက်ချ အလင်းဝင်လာသူအရေအတွက်ဟာ နှစ်ရာကျော်ရှိပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် နိုဝင်ဘာလ အတွင်းက အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဂွစစ်မျက်နှာပြင်ကို ပို့လွှတ်ခြင်းခံရတဲ့ စစ်ကြောင်းတစ်ခု ကို ခြေမှုန်းခဲ့ပြီး စစ်ကောင်စီ အင်အား ၁၈၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အမ်းချောင်းသူ လေးဝတီ(FM)ရေးသည်။

Kay Zue

Related Posts

41 thoughts on “သေနတ်သံကြားလို့ ထွက်ပြေးနေတဲ့ တပ်သားတွေကို ဂွရိုးပေါ်မှာ AA လိုက်ဖမ်းနေရ

Leave a Reply

Your email address will not be published. Required fields are marked *