Laywaddy FM

မောင်တောတွင် ပိတ်ပိနေသော အရပ်သားပြည်သူ ၁၃၀၀၀ ကျော် AA ကယ်ထုတ်

မောင်တောတွင် ပိတ်ပိနေသော အရပ်သားပြည်သူ ၁၃၀၀၀ ကျော် AA ကယ်ထုတ်

ရခိုင်ပြည် မောင်တောမြို့ကို အာရက္ခတပ်တော်မှ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီမှ မောင်တောမြို့ မကျစေရေးအတွက် ဒေသခံပြည်သူများကို ဖမ်းဆီးပိတ်လှောင်ကာ လူသားဒိုင်းကာပြုလုပ်ပြီး ခုခံနေကြောင်း သိရပါတယ်။

အဆိုပါ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသော ဒေသခံပြည်သူများထဲမှာ ၁၃၀၀၀ ကျော်ကို အာရက္ခတပ်တော်မှ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

မောင်တော်မြို့နယ်ရှိ ပန်းတောပြင်၊ ညောင်ချောင်း၊ ဗိုလ်မှူး နှင့် မောင်နီပြင်ရွာတို့တွင် ပိတ်လှောင်ခံထားရသော ရခိုင်၊ ဟိန္ဒူ၊ ကမန်၊ မူဆလင်၊ ဗမာ စသဖြင့် လူမျိုးပေါင်းစုံပါဝင်သော အရပ်သားပြည်သူ ၁၀၅၄ ယောက်ကို ဩဂုတ်လ ၁၀ ရက်က အာရက္ခတပ်တော်က ကယ်ထုတ်ခဲ့ပါတယ်။

ထို့အတူ မောင်တောမြို့ မြောက်ဖက်ခြမ်းက ရခိုင်၊ ဟိန္ဒူ၊ မူဆလင် စတဲ့ လူမျိုးပေါင်းစုံပါဝင်သော အရပ်သားပြည်သူ ၇၀၀၀ ကျော်ကိုလည်း ဩဂုတ်လ ၉ ရက်တွင်လည်း ကယ်ထုတ်ခဲ့ပါတယ်။

အလားတူ သြဂုတ် ၇ရက် က လသာရွာမှ မူဆလင် ၄၀၀၀ ကျော်ကို လည်းကောင်း၊ ၈ရက် နေ့လည် ၁နာရီခန့်က ဗိုလ်မှူး(မူဆလင်)ရွာမှ မူဆလင် ၃၀၀ ခန့်ကိုလည်းကောင်း၊ ညနေ ၃ နာရီခန့်က မောင်တောမြို့ အမှတ်(၈)ရပ်ကွက် ကညင်တန်းရွာမှ မူဆလင် ၅၀၀ ခန့်ကိုလည်းကောင်း ကယ်ထုတ်ခဲ့ပါတယ်။

မောင်တောမြို့တွင် စစ်ကောင်စီက မြို့မကျဆုံးစေရေးအတွက် လူသားဒိုင်းအဖြစ် ရခိုင်၊ မူဆလင်၊ ဟိန္ဒူ နှင့် အခြားသော မျိုးနွယ်စုဝင်များကို မြို့အတွင်း ပိတ်လှောင်ခံထားရတာဘဲ ဖြစ်ပါတယ်။

Kay Zue

Related Posts

6 thoughts on “မောင်တောတွင် ပိတ်ပိနေသော အရပ်သားပြည်သူ ၁၃၀၀၀ ကျော် AA ကယ်ထုတ်

  1. Грати в найкраще нові казино — широкий вибір автоматів та настільних ігор, вітальні бонуси та спеціальні пропозиції. Дізнайтеся про умови участі та актуальні акції.

Leave a Reply

Your email address will not be published. Required fields are marked *