Laywaddy FM

ကျိန္တလီတိုက်ပွဲတွင် အရပ်သား ၁၀ ဦးခန့် သေဆုံး

ကျိန္တလီတိုက်ပွဲတွင် အရပ်သား ၁၀ ဦးခန့် သေဆုံး

လေးဝတီ FM (၁၆၊ သြဂုတ်၊ ၂၀၂၄)

ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့တွင် အာရက္ခတပ်တော် နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲကြောင့် အရပ်သား ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

“မနေ့က စစ်ကောင်စီကနေပစ်လိုက်တဲ့ လက်နက်ကြီးက မြို့ထဲက ခရစ်ယန် ချပ်(စ်) ကျောင်းကိုကျလို့ ၈ ဦး သေဆုံးပြီး အနည်းဆုံး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်” လို့ စစ်ဘေးရှောင်တွေကို ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက ကျိန္တလီမြို့ မကျဆုံးစေရန်အတွက် ကြည်း၊ ရေ၊ လေ ဖြင့် အသဲအသန် ခုခံခဲ့သော်လည်း သြဂုတ်လ ၁၃ရက်ညနေဘက်တွင် အကျအဆုံးများဖြင့် တပ်ဆုတ်ခွာသွားကြောင်း သိရပါတယ်။

ဆုတ်ခွာသွားကြသော စစ်ကောင်စီတပ်သားတွေဟာ ကြွေချိုင်ကမ်းခြေနှင့် အနီးရှိ သရက်တောင်ကတောင် အမြောက်တွေနဲ့ ကျိန္တလီဘက်ကို အတက်မပြတ် ပစ်ခတ်နေကြောင်း သိရပါတယ်။

စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေကြောင်းကနေ လက်နက်ကြီးဖြင့်ပစ်၊ ဗုံးကျဲမှုကြောင့် ကျိန္တလီမြို့ရှိ ရဲစခန်း၊ စည်ပင်ရုံး၊ လျှပ်စစ်ရုံး၊ အထက်တန်းစာသင်ကျောင်း နှင့် မြို့ပတ်အဝိုင်း အနီးဟာ ပျက်စီးမှုများပြီး အရပ်သားပြည်သူအချို့ သေဆုံးမှုရှိခဲ့ကြောင်း သိရပါတယ်။

“ကြွေချိုင်စာသင်ကျောင်းတောင်က ပစ်နေတာ၊ ကုလားပြင် (ရတနာမြိုင်) ရဲစခန်း တောင်ကုန်းက ပစ်တယ်။ နေဗီကလည်း ပစ်တယ်။ မနေ့က တစ်နေ့လုံးလိုလို လေယာဥ်နဲ့ ဗုံးလာကျဲတယ်” လို့ ကျိန္တလီမြို့ စစ်ရှောင်တစ်ဦးက ဆိုပါတယ်။

ကျိန္တလီမှ ဆုတ်ခွာသွားသော စစ်ကောင်စီတပ်သားများဟာ ကုလားပြင် (ရတနာမြိုင်) တံတားထိပ်၊ ကုလားပြင်ချောင်း နှင့် ရေကျော်ချောင်း တို့တွင် ကင်းပုန်းဝပ်ပြီး ခံစစ်ပြုလုပ်နေကြောင်း သိရပါတယ်။

အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ဂွမြို့နယ် အစကနေ တဖြည်းဖြည်းနဲ့ ဂွမြို့နားအထိ ရောက်ရှိလာပြီဖြစ်သောကြောင့် ဂွမြို့ဒေသခံပြည်သူ အများအပြားဟာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများအားဟာလည်း ထွက်ပြေးသွားကြကြောင်း သိရပါတယ်။

Kay Zue

Related Posts

15 thoughts on “ကျိန္တလီတိုက်ပွဲတွင် အရပ်သား ၁၀ ဦးခန့် သေဆုံး

  1. Установка и настройка Snap Pixel для отслеживания конверсий — это критически важный этап для любого медиабайера, работающего с Snapchat в 2026 году. Платформа постоянно ужесточает требования к отслеживанию событий, и правильная конфигурация пикселя напрямую влияет на качество данных в аналитике. Гайд раскрывает пошаговый процесс установки кода, привязки событий к целевым действиям пользователей и интеграции с другими инструментами аналитики. Вы узнаете, как избежать распространённых ошибок при первичной настройке, которые снижают точность отслеживания и приводят к потерям в ROAS. Эта информация особенно ценна для команд, масштабирующих кампании на Snapchat и нуждающихся в надёжном источнике данных о поведении аудитории.

  2. Interested in UFC? https://ufc-white-house.com unique mixed martial arts tournament will take place on June 14, 2026, in Washington, D.C., on the South Lawn of the White House. It will be the first professional sporting event in history to be held directly on the grounds of the U.S. presidential residence.

  3. Нужен финаносвый план? https://financedirector.by/investicionnyj-biznes-plan-struktura-i-primer-dlja-investorov/ подробное объяснение структуры документа, его роли в привлечении инвесторов, получении кредита и запуске бизнеса. Узнайте, какие разделы включает бизнес-план, какие расчеты нужны и как он помогает оценить прибыльность проекта.

  4. Турагентство по России https://republictravel.ru туры в Карелия, Байкал, Камчатка, Дагестан, Мурманск, Калининград, Санкт-Петербург и другие направления. Экскурсии, отдых и авторские маршруты по самым красивым регионам страны.

  5. Банкротство физ лиц? производство БФЛ автоматически специализированная система для автоматизации работы юридических компаний. Управление клиентами, контроль этапов процедуры БФЛ, учет документов, задач и платежей. Повышайте эффективность работы и контролируйте все дела в одной системе.

Leave a Reply

Your email address will not be published. Required fields are marked *