ယနေ့ Sunday, 1st December 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ဂွအခြေစိုက် ခမရ ၅၆၂ က တပ်သားတွေ ကျိန္တလီကို စစ်ကား ငါးစီးနဲ့ စစ််ကောင်စီအင်အားဖြည့်နေအရပ်သားနေအိမ်တွေကို ဝင်ရောက်နေရာယူပြီး ပစ္စည်းတွေ ခိုးယူ

ဂွအခြေစိုက် ခမရ ၅၆၂ က တပ်သားတွေ ကျိန္တလီကို စစ်ကား ငါးစီးနဲ့ စစ််ကောင်စီအင်အားဖြည့်နေအရပ်သားနေအိမ်တွေကို ဝင်ရောက်နေရာယူပြီး ပစ္စည်းတွေ ခိုးယူ


လေး၀တီ FM

၁၇ ၊ ဩဂုတ် ၊ ၂၀၂၄

ရခိုင်ပြည်နယ် ကျိန္တလီမြို့ အနီးက ကျေးရွာတွေကို စစ်ကောင်စီက အင်အားဖြည့်နေပြီး အနီးအနားက ကျေးရွာသားတွေရဲ့ ကား စက်လှေတွေကို လည်း သိမ်းဦယူ ထားတယ်လို့ ဒေသခံတွေ ဆီက သတင်းရရှိပါတယ်။
ဒီနေ့ ဂွဘက်က စစ်ကားငါးစီထပ်လာတယ်၊ ကျောက်ပါးစပ် နားမှာ စုနေတယ်တဲ့ ကျိန္တလီ ဘက်ကို နှစ်စီး သွားတယ် ” လို့ ဒေသခံ သတင်းရင်းမြစ် ကပြောပါတယ်။
ဒါအပြင် ကုလားပြင် ကျေးရွာက ရွာသားတွေပိုင်တဲ့ မော်တော်ဘုတ်(စက်လှေ) တွေကိုလည်း စစ်ကောင်စီက သိမ်းလိုက်တယ်လို့ ဆိုပါတယ်။

ကုလားပြင်က အုပ်ချုပ်ရေးမှူးအိမ်မှာ သူတို့နေတယ်။ ကိုင်းခုံက အိမ်တွေ မှာလည်းနေတယ်။ စက်လှေတွေကို အကုန်ပေါ်တာ ဆွဲထားတယ် စစ်သားတွေက အိမ်တွေဝင် ခိုးနေပါတယ် ကုလားပြင်ကျန်းမာရေးမှူးအိမ်က အထုတ်ဖြူဖြူ နှစ်ထုတ် ယူသွားတာ တွေ့လိုက်တယ် ” လို့ ဆိုပါတယ်။

စစ်ကောင်စီ ဟာ ကျိန္တလီ မြို့ကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ကျိန္တလီမြို့တွင်းက ခရစ်ယန်ဘုရားကျောင်းကို ထိမှန်ခဲ့တဲ့ အတွက် အရပ်သား ၁၁ ဉီးသေဆုံးခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ကျိန္တလီ နဲ့ ဂွမြို့ အနီးက ‌ကျောက်ပါးစပ် ၊ ကုလားပြင် ၊ ကိုင်းခုံ ၊ ဆပ်သွား ၊ ကြွေချိုင်၊ တိုင်ကျိုး ၊ မော်ရွှေချိုင်၊ ကမ်းသာယာ စတဲ့
ကမ်းခြေ ကျေးရွာတွေ မှာ ကင်းပုံးတွေ ချပြီး နေရာ ယူထားတယ်လို့ ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီဟာ ၄◌င်းတို့ တပ်တွေ ဆုတ်ခွာ ရတာနဲ့ တပြိုင်နက် ကျန္တလီနဲ့ ဂွမြို့နယ်ကြားက တံတား တွေ ကို မှိုင်ခွဲဖို့ ပြင်ဆင်ထားပါတယ်။
တို့မှာလည်း ဝင်ရောက်ဖတ်ရှု နားထောင်နိုင်ပါပြီ။ကျိန္တလီမြို့ဟာ ဂွမြို့နဲ့ မိုင်လေးဆယ်ခန့် ‌‌‌ ‌‌‌ဝေးပြီး ဌာန ဆိုင်ရာ ဝန်ထမ်းအချို့ ရုံးစိုက်တဲ့ နေရလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- အွန်လိုင်း

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *