စက်တင်ဘာလအတွင်းက တောင်ကျရေတွေကြောင့် ရေဘေးသင့်ခဲ့တဲ့ မင်းပြားမြို့နယ် ဖုံသာချောင်း ဝန်းကျင် က ဒေသခံတွေဟာ ရေမသန့်ရှင်းမှုကြောင့် ဝမ်းရောဂါနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်ပွားနေပြီး ပြန်လည်ထူထောင်ဖို့ ခက်ခဲနေတယ် လို့ သိရပါတယ်။
ဖုံသာချောင်းရိုးတလျှောက်မှာရှိတဲ့ ကျေးရွာတွေ က ဒေသခံတွေဟာ ယားနာရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ၊ သွေးတိုးရောဂါ၊ ဖျားနာရောဂါ၊ ငှက်ဖျားရောဂါများနဲ့ အခြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးကုသမှုတွေလည်းအရေးပေါ်လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီပေးနေတဲ့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ က ဒီကနေ့ အောက်တိုဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဖုံသာချောင်းဒေသ ရေကြီးမှု ၊ တောင်ပြိုမှုတွေ ဟာ တစ်လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ဒေသခံတွေဟာ အခုချိန်ထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ မစတင်နိုင်သေးဘူးလို့ ဆိုပါတယ်။
ဒါအပြင်ဒေသခံတွေဟာ အမိုးအကာအောက်ရောက်ရှိဖို့ တောင် ခက်ခဲနေကြတုန်းလို့ ဆိုပါတယ်။
ဖုံသာချောင်း တလျှောက်မှာ ချင်းတိုင်းရင်းသားကျေးရွာအများအပြား နေထိုင်ပြီး ပုံမှန်အခြေအနေမှာတင် ဝေးလံခေါင်သီတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
အဲ့ဒီကျေးရွာတွေထဲက ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့ နေအိမ် ၁၇၀ ကျော် တောင်ကျချောင်းရေနဲ့ မျောပါသွားခဲ့တာဖြစ်ပါတယ်။
မျောပါခဲ့တဲ့ ကျေးရွာနေအိမ်တွေဟာ နတ်ထောင်ရွာဟောင်း (၅၆) အိမ် ၊ ကျေးမရွာ (၃၂) အိမ် ၊ ကိုင်းကြီးရွာ (၄) အိမ် ၊ ပြင်းဝကျေးရွာ (၂၈) အိမ် ၊ ဇိုင်ချောင်းရွာ (၉) အိမ် ၊ သရက်အုပ်ရွာ (၁၇) အိမ် ၊ အထက်ခချီးမြောင် (၁၂) အိမ်၊ အောက်ခချီးမြောင် (၁၆) အိမ် တို့ ဖြစ်ပါတယ်။
most reliable canadian pharmacies
canada pharmaceutical online ordering
canada pharmacy online
canadian pharmacy cheap
canadian pharmacies review