သျှင်ဘုန်းမြတ် (လေးဝတီ FM)
တရုတ်စီမံကိန်းတွေ နဲ့ ရွှေသဘာဓာတ်ငွေ့ပိုက်လိုင်း တည်ရှိတဲ့ ကျောက်ဖြူဒေသမှာ လျှပ်စစ်မီးပြတ်တောက်ပြီး ဒေသခံတွေ အမှောင်ထဲမှာ နေထိုင်ရတာ လဝက်နီးပါးကြာမြင့်နေပြီ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၆ ရက်က ကျောက်ဖြူမြို့နဲ့ အမ်းမြို့နယ်ကြားက လုံးတော်ပေါက်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တဲ့ အတွက် ထရန်စဖော်မာ ကို ထိမှန်ပြီး လျှပ်စစ်မီးတွေ ပြတ်တောက်သွားတာ ဖြစ်ပါတယ်။
ဒီမတိုင်ခင်ကလည်း မကွေးမြို့အနီး ကေဗယ်တာဝါတိုင် ရေတိုက်စားမှုကြောင့် ရက်ရှည်လျှပ်စစ်မီးပြတ်တောက်ခဲ့တဲ့ အတွက်် ကျောက်ဖြူဒေသဟာ လျှပ်စစ်မီး လုံးဝ မရခဲ့တာ လ ဝက် ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။
“လျှပ်စစ်မီးမရတာ လဝက်လောက်ရှိသွားပြီ၊ အခက်အခဲတွေဖြစ်နေပြီ။ အရင်က မြို့နှင့် နယ်တွေကိုကူးလူးသွားလာရတာလွယ်ကူးတဲ့အတွက် ထင်း မီးသွေးကို အလွယ်တကူရရှိနိုင်တယ်။ အခုအချိန်မှာ ပိတ်ဆိုဖြတ်တောက်ထားတဲ့အတွက် ထင်းနှင့် မီးသွေးက အရင်လို ပေါပေါများများမရှိ။ ဘယ်လို ထမင်းချက်ရမလဲ မသိတော့ဘူး” လို့ ကျောက်ဖြူမြို့ခံတစ်ဦးက လေးဝတီ FM ကို ပြောပါတယ်။
ကျောက်ဖြူဒေသခံများမှာ လျှပ်စစ်မီးအသုံးပြုနိုင်ရန်အတွက် မီးစက်၊ ဘတ္တရီအိုးနှင့် ဆိုလာပြားများ ဝယ်ယူ သုံးစွဲမှု မြင့်တက်လာပြီး ဒေသတွင်းမှာ အဲ့ဒီ ပစ္စည်းတွေဟာလည်း ပုံမှန်ထက်် ဈေးမြင့်တက်နေပြီ ဖြစ်ပါတယ်။
“ ဖုန်းနဲ့အားသွင်းမီးသီးတွေ အားသွင်းမယ်ဆို အနည်း ဆုံး ၁၀၀၀ ကနေ ၃၀၀၀ထိပေးပြီး အားသွင်းနေရတယ်။ ဖယောင်းတိုင်ကလည်း (၆) ချောင်းပါတာတစ်ထုတ်ကို ၅၀၀၀ ပေးဝယ်နေရတယ်။အခက်အခဲက အလွန်များတယ်။ ဒါကြောင့် ကျွန်တော်တို့က လျှပ်စစ်မီးရအောင် အမြန်ဆုံးလုပ်ပေးဖို့ တောင်းဆိုချင် ပါတယ်” လို့ လေးဝတီ FM ကို ပြောပါတယ်။
ကျောက်ဖြူခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာ တစ်ဦးက ယခုပြတ်တောက်နေသည့် လျှပ်စစ်မီးကြိုးကို ပြုပြင်ဖို့ ပစ္စည်းနဲ့ လူအင်အားလိုအပ်ချက်ကြောင့် သွားရောက်မပြုပြင်နိုင်ခြင်းမရှိသေး ဘူးလို့ ဆိုပါတယ်။
ကျောက်ဖြူမြို့နယ်ဟာ အကြီးစား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတဲ့ဒေသတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တဲ့ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ အထူးစီးပွားရေးဇုံတည်ဆောက်ရေးစီမံကိန်း၊ မြို့သစ်စီမံကိန်းနဲ့ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ CNPC အခြေစိုက်ထားတဲ့ မြို့နယ်ဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာရှိတဲ့ ရေနံစိမ်းပို့လွှတ်စက်ရုံကနေ တရုတ်နိုင်ငံကို ရေနံတွေ နေ့စဉ်တင်ပို့နေရတာဖြစ်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ ရေနံစိမ်းသယ်ဆောင်လာတဲ့ သင်္ဘောကြီးတွေဟာ မဒေးကျွန်း ရေနက်ဆိပ်ကမ်းကို ပုံမှန်ဝင်ရောက်နေကြတယ်လို့ သိရပါတယ်။
Need a multimedia system? equipment of situational centers We integrate multimedia systems for home and business. We install and configure audio and video systems, manage content, and integrate equipment into a single system. Modern solutions for comfortable and efficient use of technology.
Читать далее: https://le-parfume.ru/4714-armand-basi-sensual-red/