Laywaddy FM

ရခိုင်မှာ တိုက်ပွဲအတွင်း အရပ်သား ၇၀၀ ကျော်သေဆုံးပြီး ၊ ငါးသိန်း ကျော်ဟာ အိုးမဲ့ အိမ်မဲ့ ဖြစ်ရ

ရခိုင်မှာ တိုက်ပွဲအတွင်း အရပ်သား ၇၀၀ ကျော်သေဆုံးပြီး ၊ ငါးသိန်း ကျော်ဟာ အိုးမဲ့ အိမ်မဲ့ ဖြစ်ရ

ရခိုင်ပြည်သိမ်းတိုက်ပွဲ တစ်နှစ်တာ ကာလ အတွင်းမှာ အရပ်သားပြည်သူ ၇၀၀ ကျော်သေဆုံးခဲ့ရပြီး ငါးသိန်းကျော်ဟာ အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရတယ်လို့

အာရက္ခအစိုးရ လူ့အခွင့်ရေးဌာန HODC က နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန်ပါတယ်။ အဲ့ဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၃၂ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ် အနှံ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၅၀၀ ကျော်ဟာ လက်နက်ထိမှန်တဲ့ ဒဏ်ရာနဲ့ ဆေးကုသ မှုခံယူနေရတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မနှစ်က နိုဝင်ဘာလ အတွင်းက စတင်ခဲ့တဲ့ ရခိုင်ပြည်တွင်းက ပြင်းထန်တဲ့ စစ်ပွဲဒဏ်ကို ရခိုင်ဒေသခံတစ်ရပ်လုံးခါးစည်းခံနေရပြီး အခုဆိုရင် ရခိုင်ပြည် က စခန်းတချို့ဟာ စားသောက်နေထိုင်ရေးတွေလည်း ခက်ခဲနေတာဖြစ်ပါတယ်။

ရခိုင်တပြည်လုံးဟာ စစ်ပွဲဇုံထဲမှာကျရောက်နေပြီး စစ်ရှောင်စခန်းတွေ ရဲ့ လူဉီးရေးဟာ နေ့စဉ်တိုးပွားလာနေတာ ဖြစ်တယ် လို့ ဒေသတွင်းကူညီ ကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေက ဆိုကြပါတယ်။

HODC ရဲ့ ထုတ်ပြန်ချက် စာရင်းဇယားအရ စစ်ရှောင်ဒုက္ခသည် ရဲ့ ထက်ဝက်ကျော် (၅၇ %) ဟာ အမျိုးသမီးများဖြစ်တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေဟာ နေ့စဉ် နဲ့ အမျှကြုံတွေ့နေရပြီး ၊ ဒေသတွင်း မြေမြုပ်မှိုင်းများ ကို လည်း စစ်ဖြစ်ပွားရာ မြို့ တိုင်းမှာ ထောင်ထားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေ အရ သိရပါတယ်။

ငြိမ်းချမ်းစေ (လေးဝတီ FM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *