စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့အဖြစ် အသိအမှတ်ပြုခံထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်မနက်ပိုင်းမှာ စစ်တွေ မြို့ထဲ က မီးလောင်ကွင်းမှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီသင်တန်းဆင်းပွဲကို ဒီကနေ့မနက် ၈ နာရီမှာပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ် ၊ ရဲတပ်ဖွဲ့ နဲ့ အတူ ALP တပ်ဖွဲ့ဝင် တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
“မီးလောင်ခံထားရတဲ့ မွတ်ဆလင်ရပ်ကွက် (နာဇီ)ရပ်ကွက် မီးလောင်ကွင်း မှာ လုပ်သွားတယ်၊ သူတို့ အဖွဲ့ကို စစ်ကောင်စီက အဲ့ဒီနေရာအပိုင်စားပေးထားတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲ့ဒီသင်တန်းမှာ ALP ပါတီမှာ သင်တန်းတက်ထားတဲ့ သင်တန်းသား ၃၆ ဦးပါဝင်ပြီး မွတ်ဆလင်လူငယ် (၇) ၊ဉီးလည်းပါဝင်တယ်လို့ ဆိုပါတယ်။
“ရခိုင်လူမျိုးက ၂၉ ယောက်၊ မူဆလင်က ၇ ယောက်ပါတယ်။ တက်ရောက်တာက ALPမိသားစုနဲ့ စစ်ကောင်စီ၊ ရဲတပ်ဖွဲ့အပါအဝင်လူဉီးရေ ၇၀ကျော် ရှိတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ALP တပ် ဟာ စစ်ကောင်စီရဲ့ လက်နက် ၊ ရိက္ခာနဲ့ ယူနီဖောင်းအပါအဝင် တခြားထောက်ပံ့ရေး ခွဲတန်းတွေကိုလည်း ရယူနေတာဖြစ်ပါတယ်။
ဓာတ်ပုံ- ALP (ပုံဟောင်း)
A convenient car catalog http://www.auto.ae/catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.