Laywaddy FM

ပြန်လည်ထူထောင်ရေးအတွက် စိုက်ပျိုးရေး လုပ်ကိုင်နေတဲ့ နေရာတစ်ခု လေကြောင်းက တိုက်ခိုက်ခံရ

ပြန်လည်ထူထောင်ရေးအတွက် စိုက်ပျိုးရေး လုပ်ကိုင်နေတဲ့ နေရာတစ်ခု လေကြောင်းက တိုက်ခိုက်ခံရ

မြောက်ဦးမြို့ လေးမြို့မြစ်ဘေးက စိုက်ပျိုးရေးလုပ်ကိုင်တဲ့ ညောင်ပင်လှကျေးရွာကို ဖေဖော်ဝါရီ ၂၅ ရက်ညနေပိုင်းက စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

လေးမြို့မြစ်ဘေးမှာ စိုက်ပျိုးရေးလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်စတင်လုပ်ကိုင်လာတဲ့ အဲ့ဒီကျေးရွာကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စိုက်ပျိုးရေးလုပ်ကွက်နေရာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

“ပြန်လည်ထူထောင်ရေးအတွက် စီးပွားဖြစ်စိုက်ပျိုးရေးလုပ်တဲ့နေရာတွေ ၊ မွေးမြူရေးလုပ်တဲ့နေရာတွေကို တိုက်ခိုက်တာပါ၊ စစ်ရေး ပစ်မှတ်အတွက် တိုက်တာမဟုတ်ပါဘူး “ လို့ မြောက်ဦးဒေသခံတစ်ဦးက ပြောပါတယ်။

မြောက်ဦးမြို့နယ်ဟာ ရခိုင်ပြည်သိမ်းတိုက်ပွဲရဲ့ အစောပိုင်းကာလကတည်းက လွတ်မြောက်ခဲ့တဲ့ မြို့ဖြစ်ပြီး မြို့တွင်းမြို့ပြင် ပြန်လည်ထူထောင်ရေးကို စတင်နိုင်ဖို့ ကျိုးပမ်းနေတာဖြစ်ပါတယ်။

“အနှောက်အယှက်ပေးချင်လို့ တိုက်ခိုက်တာပါ ၊ စိုက်ခင်းထဲကို ကျပါတယ်၊ လူအသေအပျောက်တော့မရှိပါ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ ညောင်ပင်လှကျေးရွာဟာ မြောက်ဦးမြို့နဲ့ ငါးမိုင်ခန့်ဝေးပြီး ရွာသူ ရွာသားအများစုဟာ စိုက်ပျိုးရေးနဲ့ ပြန်လည်ထူထောင်ရေးကို စတင်နေတာဖြစ်ပါတယ်။

လေးမြို့မြစ်ကမ်းဘေးမှာ က စိုက်ပျိုးမြေတွေကို အမှီပြုပြီး ဒေသခံတွင်း အစားအသောက်နဲ့ ရိက္ခာဖူလုံရေးအတွက် စတင်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

အဉ္စနလီညှင်း
လေးဝတီ FM

Kay Zue

Related Posts

One thought on “ပြန်လည်ထူထောင်ရေးအတွက် စိုက်ပျိုးရေး လုပ်ကိုင်နေတဲ့ နေရာတစ်ခု လေကြောင်းက တိုက်ခိုက်ခံရ

  1. Нужен проектор? projector24.ru большой выбор моделей для дома, офиса и бизнеса. Проекторы для кино, презентаций и обучения, официальная гарантия, консультации специалистов, гарантия качества и удобные условия покупки.

Leave a Reply

Your email address will not be published. Required fields are marked *