Laywaddy FM

ကျောက်ဖြူ မှာ ခြေလျင်တပ်သားအချို့ အလင်းဝင်

ကျောက်ဖြူ မှာ ခြေလျင်တပ်သားအချို့ အလင်းဝင်

သက်ြန်ကာလ အတွင်းမှာ ရခိုင်ပြည်ကျောက်ဖြူမြို့နယ် က ကျေးရွာအချို့ကို စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းထိုး ထိုးစစ်ဆင်နေပြီး ၊ အပြန်အလှန် တိုက်ခိုက်မှုတွေ နေ့စဉ် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အဲ့ဒီအထဲက တပ်သားအချို့ဟာ ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲအတွင်းကနေ အာရက္ခတပ်တော်ဆီကို အလင်းဝင်ရောက်မှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။

” သက်ြန်အတက်နေ့က သစ်ပုတ်တောင်အုပ်စုကို ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဆယ်ကျော် အလင်းဝင်ခဲ့ပါတယ်” လို့ ရှေ့တန်းစစ်ရေး သတင်းရင်းမြစ်က အတည်ပြုပါတယ်။

သက်ြန် ကာလ ဧပြီ ၁၃ ၊ ၁၄ ၊ ၁၅ ရက်တွေမှာ ကျောက်ဖြူမြို့နယ် ပြင်ရှည်ကျေးရွာ ၊ ဂုံးချွိန်အုပ်စု ၊ စည်မော်၊ ရှောက်ချောင်း ၊ သစ်ပုတ်တောင် အုပ်စုတွေ က ကျေးရွာတွေကို စစ်ကောင်စီ တပ်ဖွဲ့တွေက စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

“ညဘက်ဆို စက်တပ်လေထီး နဲ့ လာတယ်၊ နေ့ဘက်ဆို ဒရုန်းတွေနဲ့ကြဲတယ်၊ ပြီးတော့ သူတို့ စခန်းတွေက လက်နက်ကြီးတွေနဲ့လည်းလှမ်းပစ်တယ်၊စစ်ကြောင်းထိုးလာတဲ့ အဖွဲ့နဲ့ တိုက်ပွဲနေ့တိုင်းဖြစ်တယ် ” လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ကျောက်ဖြူမြို့နယ် ရဲ့ စစ်ရေးအခြေ အနေ ကို ရှင်းပြပါတယ်။

အာရက္ခတပ်တော် AA ဘက်က ညီနောင်မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တစ်ဖက်သတ်အပစ်အခတ်ရပ်စဲတယ်လို့ ထုတ်ပြန်ထားပြီး လာရောက်တိုက်ခိုက်လာရင် ပြန်လည် ခုခံမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ သက်ြန်အကြိုနေ့ကလည်း ကျောက်တော်မြို့ကို လေကြောင်းက တိုက်ခိုက်ခဲ့ပါသေးတယ်။

အမ်းချောင်းသူ ၊ လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *