Laywaddy FM

ကျောက်တော်မြို့ကို ထပ်ပြီးဗုံးကြဲ ၊

ကျောက်တော်မြို့ ကို စစ်ကောင်စီဘက်က ထပ်ပြီးဗုံးကြဲနေပါတယ်။

ဒီနေ့ မေ ၁၅ ရက် ညနေ ၂ နာရီကျော်မှာ စစ်ကောင်စီဘက်က လာပြီး ဗုံးကြဲတာဖြစ်ပါတယ်။

“ပေါင် ၅၀၀ ဗုံး နှစ်လုံးချသွားပါတယ် ၊ အသေအပျောက်အပျက်အစီး မသိရသေးပါ၊ လေယာဉ် ဝဲနေ တုန်းပါ” လို့ ကျောက်တော်မြို့ က ULA/AA နဲ့ နီး စပ်သူ သတင်းရင်းမြစ်က ပြောပါတယ်။

မနေ့တုန်းကလည်း ကျောက်တော်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသမီး နှစ်ဦးသေဆုံးခဲ့တယ်လို့ ULA/AA ဘက်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ဒီနေ့ ဆိုရင် အာရက္ခတပ်တော် ထိမ်းချုပ်ထားတဲ့ မြို့တွေကို ဗုံးကြဲတိုက်ခိုက်နေတာ သုံးရက်ဆက်တိုက်ရှိသွားပါပြီ။

ကျောက်တော်မြို့ ထပ်မံ တိုက်ခိုက်ခံရမှု နဲ့ ပတ်သက်ပြီး လေးဝတီ FM က ဆက်လက် စုံစမ်းနေပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *