Laywaddy FM

ဒုတိယနေ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၇ ဦးထက်မနည်းသေဆုံးပြန်

ဒုတိယနေ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၇ ဦးထက်မနည်းသေဆုံးပြန်

ကျောက်တော်မှာ ဒုတိယနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တွေ ထပ်မံသေဆုံးခဲ့ရပါတယ်။

ဒီနေ့ တစ်ရက်လုံး ကျောက်တော်မြို့ကို ဝဲနေတဲ့ စစ်ကောင်စီလေယာဉ်ဟာ ပေါင် ၅၀၀ ဗုံး ၃ လုံးကြဲချသွားတာ ဖြစ်ပါတယ်။

“၇ ယောက်အလောင်းရထားပါပြီ ၊ အားလုံး အပိုင်းအစ တွေ ဖြစ်နေပါတယ်၊ မနေ့က ထက် အများကြီးပြင်းထန်ပါတယ်၊ တမြို့လုံး မီးခိုးတွေ ထွက်နေတာပါ၊သေဆုံးအလောင်းတွေ ရှာနေတုန်းပါ ၊ ပိုများလာနိုင်ပါတယ် ” လို့ ULA/AA နဲ့ နီးစပ်တဲ့ ကျောက်တော် သတင်းရင်းမြစ်က ပြောပါတယ်။

ကျောက်ဖြူ မြို့မှာ အထိနာနေတဲ့ စစ်ကောင်စီဟာ ULA/AA ထိမ်းချုပ်ထားတဲ့ တခြားမြို့တွေ ကို ဦးတည်တိုက်ခိုက်နေတာဖြစ်ပါတယ်။

သုံးရက်အတွင်းမှာ ရခိုင်ပြည်က ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ် တို့က အရပ်သားအစု လိုက်အပြုံလိုက် သေဆုံးနေရတာဖြစ်ပါတယ်။

အမ်းချောင်းသူ ၊ လေးဝတီ fm

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *