Laywaddy FM

မင်းပြားမြို့သိမ်းတိုက်ပွဲ က ဖမ်းစီးရမိတဲ့ စစ်သုံ့ပန်း နှစ်ရာကျော် AA လွှတ်ပေး

မင်းပြားမြို့သိမ်းတိုက်ပွဲ က ဖမ်းစီးရမိတဲ့ စစ်သုံ့ပန်း နှစ်ရာကျော် AA လွှတ်ပေး

ရခိုင်ပြည်၊ မင်းပြားမြို့သိမ်း တိုက်ပွဲ အတွင်းက နေ ဖမ်းစီးရမိခဲ့တဲ့ စစ်သုံးပန့် ၂၀၀ ကျော်ကို AA ဘက်က လွှတ်ပေးလိုက်ပါတယ်။

မေလ ၁၆ ရက်က စစ်သုံ့ပန်း တွေ အပါအဝင် မိသားစုဝင်တွေဖြစ်တဲ့ ကလေး ၊ လူကြီး ၊ အမျိုးသား ၊ အမျိုးသမီးတွေကို ပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

“မနေ့ညက မင်းပြားကဖမ်းရထားတဲ့စစ်သုံးပန်း ၂၀၀ ကျော် ကို လွှတ်ပေးလိုက်တယ် ၊ စစ်သုံ့ပန်းတွေနဲ့ အတူ မိသားစုတွေ ပါဝင်ပါတယ်၊ “လို့ ULA/AA နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

စုစုပေါင်း ၂၂၅ ယောက်ကို စစ်ဆေးပြီး နောက်မှာ အခု လို ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဧပြီလ ၁၃ ရက်နေ့ က လည်း စစ်သုံ့ပန်း တွေနဲ့ မိသားစုဝင် ၁၇၀ ဦးကို အာရက္ခ တပ်တော် ဘက်က လွှတ်ပေးခဲ့ပါသေးတယ်။

ဒီနှစ်အတွင်းမှာပဲ စစ်သုံ့ပန်းပြန်လည် လွှတ်ပေးတာ နှစ်ကြိမ်ရှိပါပြီ။

ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်းမှာ စစ်သုံ့ပန်း တွေ နဲ့ မိသားစုဝင် ထောင်နဲ့ ချီပြီး အာရက္ခတပ်တော် ဆီမှာအလင်းဝင်ထားတာဖြစ်ပါတယ်။

အဉ္စနလီညှင်း ၊လေး၀တီFM

Kay Zue

Related Posts

One thought on “မင်းပြားမြို့သိမ်းတိုက်ပွဲ က ဖမ်းစီးရမိတဲ့ စစ်သုံ့ပန်း နှစ်ရာကျော် AA လွှတ်ပေး

Leave a Reply

Your email address will not be published. Required fields are marked *