ပြီးခဲ့တဲ့ နှစ်က အာရက္ခတပ်တော်သိမ်းပိုက်ခဲ့တဲ့ မင်းပြား အခြေစိုက် ခမရ ၃၈၀ တပ်ရင်းထဲကို မနေ့ည သန်းခေါင်ယံမှာ စစ်ကောင်စီဘက်က လေကြောင်းကတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဇွန်လ ၁၉ ရက် ည ၁၂ နာရီဝန်းကျင်မှာ မင်းပြား ခမရ ၃၈၀ ဝန်းထဲကို ရုတ်တရက်တိုက်ခိုက်ခံရပြီး အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“မိုးနည်းနည်းတိတ်တဲ့ အချိန်မှာလေကြောင်းက လာကြဲသွားတာပါ၊ မင်းပြား ကို ကြဲပြီး ပေါက်တောဘက်က ရွာတချို့လည်းကြဲသွားတယ်လို့ သိရပါတယ်။ ဘယ်ရွာတွေ ဆိုတာ မသိရသေးပါဘူး” လို့ ULA နဲ့ နီးစပ်သူတစ်ဦးက လေး၀တီFM ကို ပြောပါတယ်။
စစ်ကောင်စီ အထိုင်ချ နေထိုင်ခဲ့တဲ့ ခမရ ၃၈၀ တပ်ရင်းအနီး တစ်ဝိုက်နဲ့ ဆင်ကြီးပြင်ကျေးရွာ အနီးအနားကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။
ပေါက်တောမြို့နယ်ထဲက လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေရဲ့ အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ မင်းပြား မြို့အခြေစိုက် ခမရ ၃၈၀ ကို ၂၀၂၄ ဇန်နဝါရီ ၂၈ ရက်က အာရက္ခတပ်တော်ဘက်က သိမ်းပိုက်ထားတာဖြစ်ပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းက စစ်သုံ့ပန်းအများအပြားကို ဖမ်းဆီးမိခဲ့ပါတယ်။
၂၀၂၅ ဧပြီလ နဲ့ မေလ တွေ မှာ တော့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးခဲ့ပြီး စုစုပေါင်း မိသားစုဝင် ၃၉၅ ဦးကို လွတ်မြောက်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။
မင်းပြားမြို့နယ်ဟာ တိုက်ပွဲကင်းစင်ခဲ့တာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီးမှ အခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
အဉ္စနလီညှင်း ၊ လေ၀တီFM
A convenient car catalog http://www.auto.ae/catalog/ brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.