Laywaddy FM

မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူ ( Genocide prepetrator) အဖြစ် ရခိုင်လူငယ်များ က လှုပ်ရှားမှုစတင်

မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူ ( Genocide prepetrator) အဖြစ် ရခိုင်လူငယ်များ က လှုပ်ရှားမှုစတင်

ကျောက်တော်မြို့ ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ခုကို လေကြောင်းတိုက်ခိုက်ခံပြီး ၊ လူငယ်မျိုးဆက်သစ်တွေ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရပြီးနောက်မှာ စစ် ခေါင်းဆောင် မင်းအောင်လှိုင်ကို “လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သူ Genocide prepetrator “အဖြစ် သတ်မှတ်တဲ့ လှုပ်ရှားမှုတစ်ရပ်ကို ပြည်ပရောက် ရခိုင်လူငယ်တွေက ဦးဆောင်လှုပ်ရှားလာပါတယ်။

စက်တင်ဘာ ၁၂ ရက် ညပိုင်းမှာ ကိုယ်ပိုင်အထက်တန်းကျောင်းကို ပေါင် ၅၀၀ ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက်မှာ ၊ နိုင်ငံတကာမှာရှိတဲ့ ရခိုင်လူငယ်တွေက ၊ ကျောင်းသားတွေရဲ့ ဓာတ်ပုံတွေနဲ့ အတူ ဒီလှုပ်ရှားမှုကို အင်တာနက် ပေါ်မှာ စတင်လှုပ်ရှားလာတာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကို ကမ္ဘာကြီးက သိစေဖို့ “O World” ဆိုပြီး Keyword ကို အသုံးပြုထားပါတယ်။

မင်းအောင်လှိုင် ရဲ့ ဓာတ်ပုံဘေးမှာ “Genocide prepetrator ” လို့ စာတန်းထိုးပြီး အဂ်လိပ် ၊ ဂျပန် ၊ ကိုရီးယား ၊အိန္ဒိယ ၊တရုတ် ဘာသာငါးမျိုးနဲ့ လေကြောင်းတိုက်ခိုက်မှုကို ဖော်ပြထားပါတယ်။

စစ်ကောင်စီ ဟာ ရခိုင်ပြည်က လက်လွှတ်ထားရတဲ့ မြို့တွေကို မကြာခဏ လေကြောင်းတိုက်ခိုက်နေပြီး ကလေးငယ်များ ၊ အမျိုးသမီးများ အပါအဝင် အရပ်သားဆယ်နဲ့ ချီဟာ မကြာခဏ ဆိုသလို သေဆုံးနေရတာလည်းဖြစ်ပါတယ်။

ဒီနှစ်ပိုင်းအတွင်းမှာပဲ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ြသဂုတ်လ ၂၅ ရက်နေ့မှာ ( ၁၅) ဦး ၊ မေလ မှာ (၂၀) ဦး ၊ ဇန်နဝါရီ ၁၈ ရက်မှာ ၂၈ ဦး ၊ ဇန်နဝါရီ ၈ ရက်မှာ ၂၆ ဦး အခု စက်တင်ဘာ ၁၁ ရက်မှ ၂၂ ဦး ဟာ တစ်နှစ် အတွင်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။

လစဉ်နီးပါးလေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးနေရတဲ့အတွက် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူအဖြစ် ဒီလှုပ်ရှားမှု ကို စတင်လာကြတာလည်းဖြစ်ပါတယ်။

ကျောက်တော်မြို့ သရက်တပင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကလေးငယ်တွေကို သတ်ဖြတ်ခြင်းမပြုကြဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ကလည်း ကြေညာထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကော်မရှင် ရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ ဒီလေကြောင်းတိုက်ခိုက်မှုကို AA ရဲ့ စစ်သင်တန်းကျောင်းကို တိုက်ခိုက်ခဲ့တယ်ဆိုပြီး ဝါဒဖြန့်နေပါတယ်။

လေးဝတီ FM ၊

Kay Zue

Related Posts

32 thoughts on “မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူ ( Genocide prepetrator) အဖြစ် ရခိုင်လူငယ်များ က လှုပ်ရှားမှုစတင်

  1. Interested in UFC? https://ufc-white-house.com unique mixed martial arts tournament will take place on June 14, 2026, in Washington, D.C., on the South Lawn of the White House. It will be the first professional sporting event in history to be held directly on the grounds of the U.S. presidential residence.

  2. Пробелмы с финансами? https://financedirector.by анализ стратегий планирования, управления денежными потоками и инвестициями. Практические примеры, инструменты финансового менеджмента и эффективные решения для устойчивого развития бизнеса.

  3. Быстрая профессиональная установка камер видеонаблюдения для квартир, домов, офисов и коммерческих объектов. Проектирование, монтаж и настройка систем безопасности, удалённый доступ, запись видео и контроль в реальном времени. Надёжные решения для защиты имущества и контроля территории.

  4. Онлайн-сервис оценки недвижимости https://shalmach.pro по фотографиям для покупки, аренды и планирования ремонта. Узнайте ориентировочную стоимость жилья, возможные вложения и рекомендации перед принятием решения.

  5. Steam Desktop Authenticator https://sdasteam.com (SDA). It allows you to generate account login codes and automatically confirm trades or item sales on the Community Market without using your smartphone.

Leave a Reply

Your email address will not be published. Required fields are marked *