Laywaddy FM

ပွိုင့် ၆၆၆ ကုန်းမှာ စစ်ကော်မရှင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ပြီး ထွက်ပြေးသူ အချို့ AA က ဖမ်းဆီးထား

ပွိုင့် ၆၆၆ ကုန်းမှာ စစ်ကော်မရှင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ပြီး ထွက်ပြေးသူ အချို့ AA က ဖမ်းဆီးထား

ပွိုင့် ၆၆၆ စခန်းကုန်းအနီးမှာ စစ်ကော်မရှင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ပြီး ၊ ထွက်ပြေးလာတဲ့ ပြည်သူ့စစ်တပ်သား ၆ ဦးကို ULA/AA ဘက်က ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေပိုင်းမှာ ပွိုင့် ၆၆၆ အနီးမှာ နေရာယူထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ထဲက အချို့ဟာ တပ်ဖွဲ့အတွင်းကနေ ထွက်ပြေးကာပြီး ၊ ကျန်တပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးရာက အချင်းချင်းတိုက်ပွဲဖြစ်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

အချင်းချင်းတိုက်ပွဲဖြစ်ပွားရကနေလွတ်မြောက်လာတဲ့ ပြည်သူ့စစ်တပ်သားတွေထဲ က ၆ ဦးကို ULA/AA ဘက်က ဖမ်းဆီးရမိထားတာဖြစ်ပါတယ်။

“သူတို့ နှစ်ဖက်ဖြစ်ပြီး ကစဉ့်ကလျားနဲ့ ထွက်ပြေးနေကြတာ ၊ ဒီဘက်က ၆ ဦးဖမ်းမိထားပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပွိုင့်-၆၆၆ စခန်းကုန်းဟာ ကိုအောက်တိုဘာလမှာ ULA/AA ဘက်က သိမ်းပိုက်ထားပေမယ့် လက်ရှိမှာ စစ်ကော်မရှင်ဘက်က ပြန်လည်ဝင်ရောက်နေရာယူထားတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်တွေ ရှိတဲ့ အဲ့ဒီစခန်းကုန်းကို ULA/AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်ပိတ်ဆို့ထားပြီး စခန်းထဲက စစ်ကော်မရှင်တပ်သားတွေ ရိက္ခာ နဲ့ ရေ အလုံအလောက်မရရှိတော့တဲ့ အခြေအနေလို့လည်း သိရပါတယ်။

ဒီဇင်ဘာလ ပထမ ပတ်မှာ အဲ့ဒီစခန်းကုန်းကနေ ရိက္ခာထွက်ယူတဲ့ စစ်ကြောင်းကိုလည်း ULA/AA နဲ့ တော်လှန်ရေးအဖွဲ့တွေကိ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

3 thoughts on “ပွိုင့် ၆၆၆ ကုန်းမှာ စစ်ကော်မရှင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ပြီး ထွက်ပြေးသူ အချို့ AA က ဖမ်းဆီးထား

  1. You could definitely see your skills within the work you write. The world hopes for even more passionate writers like you who aren’t afraid to mention how they believe. All the time follow your heart.

  2. I simply could not leave your website prior to suggesting that I really enjoyed the usual info an individual provide to your visitors? Is gonna be back regularly in order to check out new posts

Leave a Reply

Your email address will not be published. Required fields are marked *