Laywaddy FM

ငပလီကမ်းခြေက ခရိုနီဟိုတယ်တွေ မှာ အပန်းဖြေ ဧည့်သည်အချို့ရောက်နေ

ရခိုင်ပြည်နယ် ငပလီကမ်းခြေ ဒေသ မှာ စစ်ကောင်စီနဲ့ ပနံသင့်တဲ့ ခရိုနီလုပ်ငန်းရှင်တွေ
ပိုင်ဆိုင်တဲ့ ဟိုတယ်ကြီးအချို့ဖွင့်လှစ်ထားပြီး အပန်းဖြေမယ့် ခရီးသွားတချို့လည်း ကမ်းခြေကို
ရောက်ရှိနေတယ်လို့ ဒေသခံတွေ ဆီက သတင်းရရှိပါတယ်။
ရခိုင်ပြည်နယ် အနှံ့ စစ်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေပြီး ဒေသခံတွေတောင်
ထိတ်လန့်နေတဲ့အခြေအနေ မှာ ခရိုနီ ဟိုတယ်တွေက ဖွင့်လှစ်ထားရတာဖြစ်ပါတယ်။
\”တချို့ ဟိုတယ်တွေက လူကြီးတွေရောက်ရင် တည်းဖို့နဲ့ သူတို့ နဲ့ အပေါင်းအပါတွေ အတွက်
ဖွင့်ထားရပါတယ် ၊ ရန်ကုန်ကနေ လေကြောင်းက တိုက်ရိုက်လာကြတာများပါတယ် ၊ကားနဲ့ တော့
လာလို့မရပါ \” လို့ ဟိုတယ်လုပ်ငန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ငပလီကမ်းခြေ ဒေသမှာ 3 Stars / 5 Stars အဆင့်မှီ ဟိုတယ် အများစုကို ခရိုနီတွေဖြစ်တဲ့
ဦးတေဇ ပိုင်တဲ့ Htoo Group ၊ ဦးချစ်ခိုင် ပိုင်တဲ့ ဧဒင်အုပ်စု တွေ အပြင် စစ်တပ် အသိုင်းအဝိုင်းနဲ့
နီးစပ်တဲ့ တခြားသော ခရိုနီဟိုတယ်ကြီးတွေ အမြောက်အများနေရာ ယူထားတာဖြစ်ပါတယ်။
ဒါအပြင် ငပလီကမ်းခြေဒေသ က ဒေသခံတွေ ရဲ့ ဘိုးဘွားပိုင်မြေအများစုကိုလည်း
တပ်ပိုင်မြေအဖြစ်အသုံးပြု ထားတာဖြစ်ပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *