ရခိုင်ပြည် ၊ သံတွဲမြို့နဲ့ ငပလီကမ်းခြေကို အာရက္ခတပ်တော် သိမ်းပိုက်ထားတာ( ၅) လဝန်းကျင် ကြာမြင့်ပြီ ဖြစ်ပေမယ့် လေကြောင်းရန် နဲ့ ခိုးမှုတွေကြောင့် ပြန်လည်ထူထောင်ဖို့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
အာရက္ခတပ်တော် AA က သံတွဲမြို့ကို သိမ်းပိုက်နေစဉ်နဲ့ သိမ်းပိုက်ပြီးနောက်မှာ စစ်ကောင်စီဟာ သံတွဲမြို့ပေါ်နဲ့ မြို့နယ်တွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အရပ်သားတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပါတယ်။
လေးဝတီ FM ရဲ့ လက်လှမ်းမှီသလောက် စစ်တမ်းပြုစုထားမှုအရ သံတွဲမြို့နယ် ကင်းမော်ကျေးရွာအုပ်စုတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သား ၃၀ ကျော်သေဆုံးခဲ့ရပါတယ်။ (စစ်ပွဲကာလအတွင်းသေဆုံးမှုတွေလည်း ပါဝင်ပါတယ်) အလားတူပဲ သံတွဲမြို့ပေါ် နဲ့ ရပ်ကွက်တွေ မှာ အရပ်သား နှစ်ဆယ်ကျော်သေဆုံးခဲ့ရပါတယ်။
ဒါအပြင်စစ်ပွဲအတွင်းမှာ လက်နက်ကြီး ထိမှန်တာ ကြောင့်သေဆုံးရသူ များနဲ့ ပေါင်းရင်း သံတွဲမြို့နယ်အတွင်းမှာ အရပ်သားရာနဲ့ ချီပြီသေဆုံးခဲ့တယ်လို့ပြောနိုင်ပါတယ်။
အဲ့ဒီလို အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေဟာ မြို့တွင်းမှာ မနေရဲ ကြသလို ကိုယ့်အိမ်ကိုယ် ပြန်မလာရဲတဲ့ အခြေအနေဖြစ်နေကြတယ်လို့ ပြောပါတယ်။
“တိုက်ပွဲဖြစ်တုန်းကလည်း ကြဲတယ်၊ သိပ်မကြာသေးခင်ကလည်းကြဲတော့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ နဲ့ ရောင်းဖို့ ဝယ်ဖို့ ၊ ကိစ္စတွေမှာ လူတွေဟာ သေသေချာချာစိတ်ချလက်ချ မလုပ်နိုင်ဘူး ၊ ပြန်လာနေရင် အဆင်ပြေမလား လာနေကြည့်ပေမယ့် မိသားစု ကို ခေါ်တောင်မခေါ်ရဲသေးဘူး “ လို့ စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း သံတွဲမြို့မှာ ပြန်လည်ဝင်ရောက်နေထိုင်သူတစ်ဉီးက ပြောပါတယ်။
ဒါအပြင်သံတွဲမြို့ နဲ့ ငပလီကမ်းခြေ တစ်လျှောက်မှာ အရပ်သားတွေရဲ့နေအိမ်တွေ ကို ခိုးယူဖောက်ထွင်းမှုတွေ ဟာ မြို့သိမ်းတိုက်ပွဲတွေ ကျော်လွန်လာပြီး လွတ်မြောက်နယ်မြေ ဖြစ်လာတဲ့ အထိ ရှိနေဆဲ ဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော် အနေနဲ့ ထိမ်းချုပ်ပြီးတဲ့ မြို့တွေကို အာရက္ခပြည်ပြန်လည်ထူထောင်ရေးအတွက် စတင်ဆောင်ရွက်မှုတွေ စတင်နေချိန်မှာ တစ်ဖက်မှာ အခုလိုမျိုး ခိုးမှုတွေ ဒေသတွင်း ဖြစ်ပေါ်နေတုန်းဖြစ်ပါတယ်။
“အရပ်သားတစ်ဉီးချင်းပိုင်တဲ့ အိမ်က ပစ္စည်းတွေမပြောနဲ့ ဘုန်းကြီးကျောင်းက ပစ္စည်းတွေပါ ခိုးခံရတာတွေရှိတယ်။ မြပြင်ဘုန်းကြီးကျောင်းက လူထောင်ချီစာ ကျွေးဖို့မွေးဖို့ထားတဲ့ ပန်းကန်ခွက်ယောက်တွေ အလှူအတန်းတွေမှာ သုံးတဲ့ ဟာတွေ အကုန်မရှိတော့ဘူး ၊ ဒါက ဘုန်းကြီးကျောင်းက ပစ္စည်းပဲပြောသေးတာ ၊ တဲခိုခန်းတွေ ဂက်(စ)ဟောက်တွေ က ပရိဘောဂတွေ လည်း အကုန်တစ်ခုမှ မကျန်ဘူး ။ အကုန်ခိုးသွားတာ၊ အာရက္ခတပ်တော် အနေနဲ့ ဒါကို သေချာကိုင်တွယ်နိုင်မှ လူထုဟာ စိတ်အေးလက်အေးနေနိုင်မယ်။ မဟုတ်ရင် လူတွေ ဟာ မိအေးနှစ်ခါ နာ ၊ တိုက်ပွဲကြောင့်ဆုံးရှုံးတာက တမျိုး ၊ သူခိုးတွေကြောင့် ဆုံးရှုံးတာက တမျိုး “ လို့ သံတွဲဒေသခံ တစ်ဉီးက ပြောပါတယ်။
သံတွဲမြို့ပေါ် သံတွဲဈေးအတွင်းက စားသောက်ကုန် ၊ လူသုံးကုန်များ ၊ ငပလီကမ်းခြေ ဟိုတယ်ဇုံက ပရိဘောဂများ၊ ဂျိတ္တော နဲ့ ပင်လယ်ကမ်းခြေတစ်လျှောက်က ငါးဖမ်းလှေနဲ့ ငါးဖမ်းပစ္စည်း များ စတဲ့ ဒေသခံတွေ ရဲ့ ပိုင်ဆိုင်မှုများဟာ လက်ရှိအခြေအနေမှာ အခွက်ချည်းသက်သက်ကျန်ခဲ့ရတယ်လို့ လည်း အိမ်ပြန်ရောက်နေသူ အချို့က ပြောပါတယ်။
သံတွဲမြို့ နယ် အတွင်းက ခိုးမှုတွေနဲ့ ပတ်သက်ပြီး သံတွဲနယ်ခံအောက်ခြေတပ်သားတွေ နဲ့ ပတ်သက်နေတယ်လို့ ဒေသခံ အချို့က မှတ်ချက်ပြုသူတွေလည်းရှိလာပါတယ်။
အမည်မဖော်လိုသူ တစ်ဦးက “စားကုန်သောက်ကုန်လောက် ဆို စားလို့သောက်လို့ ပျောက်သွားမှာ ပဲ ပရိဘောဂတွေ ရေခဲသေတ္တာလို ဟာတွေ လမ်းကြောင်းတစ်ခု စီစဉ်ပြီး ပို့ကြတာ ၊ မြို့ခံ သား အရင်က အလုပ်မရှိအကိုင်မရှိတဲ့ ကောင်အိမ်မှာ တိုက်ပွဲလည်းဖြစ်ပြီးရော ဆိုက်ကယ်တွေ အပြည့် သူတို့ဆီမှာ လိုတာ အကုန်ရတယ်၊ သူခိုးဈေးကွက်ဖြစ်နေတယ် “ လို့ ဆိုပါတယ်။
ဒါအပြင် သံတွဲဒေသခံတွေ အများအပြားစုဝေးတဲ့ အွန်လိုင်းစာမျက်နှာတွေမှာ ဒီခိုးမှုတွေ ကို အာရက္ခတပ်တော်က သေချာကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆိုချက်တွေ ကို လည်း ခတ်စိတ်စိတ်တွေ့လာရပါတယ်။
သံတွဲမြို့နဲ့ ငပလီကမ်းခြေက စစ်ကောင်စီ ရဲ့ ခလရ(၅၅) နဲ့ ခမရ (၅၆၆) တို့ကို ဇူလိုင်လ အတွင်းက သိမ်းပိုက်ခဲ့ပြီး လွတ်မြောက်နယ်မြေ အဖြစ် အပြည့်အဝထိမ်းချုပ်နိုင်ခဲ့တာ သုံးလကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။
ဒါအပြင် သံတွဲမြို့ မောင်ရွှေလေးကျေးရွာမှာ အခြေစိုက်တဲ့ သံတွဲရေတပ်ကိုလည်း စက်တင်ဘာလမှာ ထိမ်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာ သံတွဲမြို့ ပြစ်မှုတွေ နဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်က စတင်ကိုင်တွယ်နေပြီး အဲ့ဒီအထဲမှာ ခိုးမှုတွေကိုလည်း စီရင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က တဆင့်သိရ ပါတယ်။
ငြိမ်းချမ်းစေ (လေးဝတီ FM )ရေးသည်။
Very nicce post. I just stumbld upopn your weblog
and wanted tto ssay that I’vereally enjoyed brfowsing your bpog posts.
After aall I’ll bee subscribing too yoour fee and I hope
youu write agaikn soon!
Feel free to surf tto my site – cnhub.xyz
Hi there, I enjoy readding all off your post.
I wannted to writee a little omment tto supportt you.
Feeel free too surrf to myy webb bllg – desixxx.biz