Laywaddy FM

တောင်ကုတ်မြို့ကို AA အလုံးစုံသိမ်းပိုက်ပြီး စကခ (၅)တပ်မတွင်း တိုက်ပွဲ ပြင်းထန်နေ

တောင်ကုတ်မြို့ကို AA အလုံးစုံသိမ်းပိုက်ပြီး စကခ (၅)တပ်မတွင်း တိုက်ပွဲ ပြင်းထန်နေ

ရခိုင်ပြည်တောင်ကုတ်မြို့က မြို့စောင့်တပ်တွေကို အကုန်လုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီး မြို့အခြေစိုက်တပ်ရင်း စကခ (၅) ကို AA က ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ နိုဝင်ဘာ ၂၉ ရက်က သတင်းထုတ်ပြန်ပါတယ်။

တောင်ကုတ်မြို့အတွင်းမှာရှိတဲ့ တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ် နဲ့ ရာဘာခြံ ရှိ စစ်ကောင်စီရဲ့ စခန်းများ၊ တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းတစ်ခုလုံးအတွင်း စစ်ကောင်စီမှ အခိုင်အမာစခန်းချနေထိုင်ခဲ့သော တက္ကသိုလ်ကျောင်းဆောင်များ၊ အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊ ဖုန်ညိုရွာ၊ ဘုန်းကြီးကျောင်းအနီးတောင်ကုန်း နှင့် ဖုန်ညိုတံတား အနီးပတ်ဝန်းကျင်၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်းများ၊ တောင်ကုတ်မြို့အဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်း၊ တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊ ကြိုးကြာကွင်းဂိတ်ရှိ စစ်ကောင်စီ၏ စခန်း၊ ကိုင်းရှည်တံတားထိပ်ရှိ စစ်ကောင်စီ၏စခန်း၊ သီရိဆေးရုံ၊ ဂုဏ်နေဒေါက်ကျင်း၌ စခန်းချတပ်စွဲထားသော စစ်ကောင်စီ၏ စခန်းနှင့် တောင်ကုတ်မြို့အတွင်းရှိ တောင်ကုတ်မြို့မ ရဲစခန်း တို့ကို သိမ်းပိုက်ပြီး တောင်ကုတ် တစ်မြို့လုံးကို သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ပါတယ်။

တောင်ကုတ်မြို့ကို ထိမ်းချုပ်ပြီးတဲ့နောက်မှာ တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးများဖြစ်ကြတဲ့ စကခ (၅) တပ်မဌာနချုပ် နှင့် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆) နဲ့ ခမရ (၅၄၄) တပ်ရင်းဌာနချုပ်စခန်းတွေကို တပြိုင်နက် ထိုးစစ်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

လက်ရှိအာရက္ခတပ်တော်ထိုးစစ်ဆင်နေတဲ့ စကခ (၅) တပ်ဝန်းဟာ တောင်ကုတ်မြို့ အဝင် ၅ မိုင်လောက်က စတင် ပြီး တောင်ကုတ်မြို့ တစ်ခြမ်းလောက်အထိ ကို တပ်ဧရိယာ အဖြစ် အခိုင်အမာ တည်ဆောက်ပြီးနေရာယူထားတာဖြစ်ပါတယ်။

မြေပြင်သတင်းရင်းမြစ်များရဲ့ ပြောကြားချက်များအရ ခြေလျှင်တပ်မ များ ဖြစ်ကြတဲ့ ခမရ (၃၄၆) နဲ့ ခမရ (၅၄၄) တို့ ဟာ စကခ (၅) တပ်မ ဝန်းထဲမှာပူးပေါင်းပြီးနောက် လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ဖြေကြားထားပါတယ်။
ဒါအပြင် စကခ (၅) တပ်မထဲ မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ လေးဝတီ FM က သတင်းရရှိထားပါတယ်။

အာရက္ခတပ်တော် ရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ အဲ့ဒီတပ်တွေကို ဆက်လက်ထိုးစစ်ဆင်နေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည် စစ်မျက်နှာပြင်မှာ တောင်ကုတ်၊ အမ်း၊ ဂွ နဲ့ မောင်တော မြို့တို့မှာ တပ်မ သိမ်းတိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်နေတာ ဖြစ်ပါတယ်။


ငြိမ်းချမ်းစေ(လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *