Tag: Taungup

တောင်ကုတ် က ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေက တောထဲမှာရွာသားတွေကို ပစ်ခတ်နေ
အာရက္ခတပ်တော် AA က အလုံးစုံထိမ်းချုပ်ထားပြီးဖြစ်တဲ့ တောင်ကုတ်မြို့ ပတ်ဝန်းကျင်မှာ ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ တောထဲမှာ တွေ့တဲ့ ဒေသခံတောင်သူတွေကို ပစ်ခတ်မှုတွေ ရှိနေပါတယ်။ ဒီဇင်ဘာ ၂၀ ရက် ညနေ ပိုင်းမှာ တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက် သခ်ျိုင်းရွာ အနီးမှာ ထင်းခုတ်နေတဲ့ ရွာသားတစ်ဦးကို တောထဲမှာလျှောက်ပြေးနေတဲ့…

တောင်ကုတ် စကခ(၅) က ဗိုလ်မှူးချုပ်ကောင်းမြတ်နဲ့ ဗျူဟာမှူး အဖွဲ့ ဟာ အချုပ်သားတွေကို လူသားဒိုင်းလုပ်ပြီးထွက်ပြေး နေ
ရခိုင်ပြည် တောင်ကုတ် စကခ(၅) ကို ကွပ်ကဲခဲ့တဲ့ ဗိုလ်မှူးချုပ် ကောင်းမြတ် ၊ ဗျူဟာမှူး ကျော်ထိုက်တို့ဟာ နိုင်ငံရေးပြစ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေကို လူသားဒိုင်းလုပ်ပြီးထွက်ပြေးသွားတယ်လို့ သတင်းရရှိပါတယ်။ တောင်ကုတ်စကခ (၅) ထဲက လက်ကျန် တပ်သားတွေ အလံဖြူထောင်လိုက်ပြီး တောင်ကုတ်မြို့နယ်တစ်ခုလုံးကိုအာရက္ခတပ်တော်က သိမ်းပိုက်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် စကခ(၅)…

တောင်ကုတ် စကခ (၅) ကို AA သိမ်းပိုက် တပ်သား၁၀၀ ကျော် အလံဖြူထောင် လက်နက်ချ
ရခိုင်ပြည်တောင်ကုတ် မြို့ စကခ(၅) အတွင်း က လက်ကျန်တပ်သား ၁၀၀ ကျော်အလံဖြူထောင်ပြီး ၊ တပ်မတစ်ခုလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီ လို့ သတင်းရရှိပါတယ်။ စကခ(၅) အတွင်းက လက်ကျန်တပ်သားတွေဟာ အသက်ဘေးလွတ်မြောက်ရေးအတွက် ဒီဇင်ဘာ ၁၃ ရက် ညတိုက်ပွဲမှာ အလံဖြူထောင်လိုက်ပြီး စကခ(၅) ကို…

တောင်ကုတ်စကခ( ၅) ထဲမှာ လူသားဒိုင်းအဖြစ် ဖမ်းခံရတဲ့ အချုပ်သားတွေကို စစ်ကောင်စီ ပစ်သ-တ်
ရခိုင်ပြည်တောင်ကုတ်မြို့ ၊ စကခ (၅) ထဲမှာ အနီးကပ်တိုက်ပွဲပြင်းထန်နေပြီး လူသားဒိုင်းအဖြစ် အသုံးပြုခံနေရတဲ့ အကျဉ်းသားတချို့ဟာ တိုက်ပွဲထဲက ထွက်ပြေးခဲ့ပါတယ်။ စစ်ကောင်စီက အဲ့ဒီအချုပ်သားတွေကို နောက်ကနေ လိုက်လံ ပစ်ခတ်လို့ ဆယ်ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ တောင်ကုတ်မြို့နယ် ကျေးရွာ အသီးသီးက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းစီးခံထားရတဲ့…

တောင်ကုတ် စကခ (၅) တပ်ဝန်း အတွင်းမှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ မျက်နှာချင်းဆိုင်တိုက်ပွဲပြင်းထန်နေ
ရခိုင်ပြည် တောင်ကုတ်မြို့ စကခ(၅)တပ်ဝန်းထဲမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AA တို့ မျက်နှာချင်းဆိုင် တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။ AA ရဲ့ထိုးစစ်ဟာ တောင်ကုတ်မြို့အဝင်က စကခ(၅) တပ်ဝန်းဧရိယာကို ထိုးဖောက်ဝင်ရောက်ပြီး မျက်နှာချင်းဆိုင်အနေအထားနဲ့ အနီးကပ်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။ "မနေ့ညကတည်းက ဒီကနေ့မနက်ထိ အနီးကပ်တိုက်ပွဲဖြစ်နေတယ်၊ AA က အထဲထိထိုးဖောက်သွားပြီး…

စစ်ကောင်စီလေကြောင်းက ဗုံးကြဲ ၊ တောင်ကုတ်မြို့မစျေးမီးလောင်ပျက်စီး
ရခိုင်ပြည်တောင်ကုတ်မြို့အခြေစိုက်တပ်မ စကခ (၅) ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီဟာ သူ့ရဲ့ တပ်မ မကျရေးအတွက် လေကြောင်းက အဆက်မပြတ်ခုခံတိုက်ခိုက်နေတဲ့ အတွက်တောင်ကုတ်မြို့မ ဈေးကို လက်နက်ထိမှန်ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ သတင်းရ ရှိပါတယ်။ "တောင်ကုတ်တိုက်ပွဲက ဒီရက်ပိုင်း ဒီဇင်ဘာလ ထဲ…

တောင်ကုတ် မြို့ ခရိုင်ကျေးရွာ ကို လေကြောင်းက ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရ(လူ နှစ်ဆယ်ကျော် ထိခိုက် ၊ နှစ်ဉီးသေဆုံး)
ရခိုင်ပြည်တောင်ကုတ်မြို့ ခရိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့လို့ စစ်ရှောင်ပြည်သူ နှစ်ဉီးသေဆုံးပြီး လူ ၂၀ ဝန်းကျင် လက်နက်အစအန တွေ ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီခရိုင်ကျေးရွာဟာ တောင်ကုတ်မြို့နယ် တိုက်ပွဲအတွင်း မကြာခဏ လေကြောင်းတိုက်ခိုက်ခံနေရပြီး အခု အကြိမ်ဟာ ငါးကြိမ်မြောက်တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ တောင်ကုတ်မြို့…

တောင်ကုတ်မြို့က ခိုးမှုများကို ဖြေရှင်းနေ ၊ ပစ္စည်းတွေကို ပိုင်ရှင်ထံပြန်ပေးမယ်လို့ AA ဂတိပြု
ရခိုင်ပြည်တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ပြင်းထန်ပြီးနောက် တောင်ကုတ်မြို့ဟာ မြို့လုံးကျွတ် နီးပါး ထွက်ပြေးတိမ်ရှောင်နေရချိန်မှာ ဖောက်ထွင်းမှုတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို ပြည်သူပိုင် ပစ္စည်းတွေ ခိုးယူခံနေရတဲ့ အတွက် အဲ့ဒီခိုးမှုတွေကို ကိုင်တွယ်ဖြေရှင်းနေတယ်လို့ အာရက္ခတပ်တော် က နိုဝင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ် ။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ…

တောင်ကုတ်မြို့ကို AA အလုံးစုံသိမ်းပိုက်ပြီး စကခ (၅)တပ်မတွင်း တိုက်ပွဲ ပြင်းထန်နေ
ရခိုင်ပြည်တောင်ကုတ်မြို့က မြို့စောင့်တပ်တွေကို အကုန်လုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီး မြို့အခြေစိုက်တပ်ရင်း စကခ (၅) ကို AA က ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ နိုဝင်ဘာ ၂၉ ရက်က သတင်းထုတ်ပြန်ပါတယ်။ တောင်ကုတ်မြို့အတွင်းမှာရှိတဲ့ တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ် နဲ့ ရာဘာခြံ ရှိ စစ်ကောင်စီရဲ့…

တောင်ကုတ် စကခ(၅) လက်အောက်က တပ်ရင်းနှစ်ခု အလံဖြူထောင် ၊တောင်ကုတ်မြို့ကို အလုံးစုံသိမ်းပိုက်
ရခိုင်ပြည်- တောင်ကုတ်မြို့မှာအခြေစိုက်တဲ့ စကခ (၅) တပ်မ လက်အောက်က ခမရ (၃၄၆) နဲ့ ခမရ (၅၄၄) တို့ ဟာ အလံဖြူထောင်လက်နက်ချခဲ့တယ်လို့ လေးဝတီ FM က သတင်းရရှိပါတယ်။ တောင်ကုတ် စကခ (၅) လက်အောက်က ခြေမြန်တပ်ရင်း ခမရ (၃၄၆)…