Laywaddy FM

အမ်းမြို့ အထက (၂) ယာယီစစ်ဆေးရုံကို AA သိမ်းပိုက် ၊

အမ်းမြို့ အထက (၂) ယာယီစစ်ဆေးရုံကို AA သိမ်းပိုက် ၊

နပခ ဌာနချုပ်ရှေ့မှာရှိတဲ့ အထက (၂) ယာယီစစ်ဆေးရုံ ကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီး ဆေးကုသပေးနေတဲ့ စစ်ကောင်စီ ရဲ့ တပ်မတော် ဆရာဝန် (၅)ဉီးကို သုံ့ပန်းအဖြစ်ဖမ်းဆီးခဲ့တယ်လို့ လေးဝတီ FM က သတင်းရရှိပါတယ်။

နပခဌာနချုပ်ရဲ့ တပ်မတော်ကုတင် ၃၀၀ ဆေးရုံ နဲ့ ဆေးတပ် ကို အာရက္ခတပ်တော်က သိမ်းပြီးတဲ့ နောက်မှာ ဒဏ်ရာ ရ စစ်သည်တွေကို အထက (၂) စာသင်ကျောင်းကို ယာယီစစ်ဆေးရုံ အဖြစ် အသုံးပြုပြီး ကုသပေးနေတာဖြစ်ပါတယ်။

“ယာယီစစ်ဆေးရုံက နပခ ဝန်းနဲ့ လမ်းတစ်ဖက် တချက်စီမှာရှိတယ်။ အဲ့မှာတာဝန်ကျတဲ့ စစ်ဘက်ဆိုင်ရာ ဆရာဝန် ၅ ဉီး ဖမ်းမိတယ်၊ ကျန်တဲ့ သူတွေ တော့ ဝန်းထဲပြေးဝင်သွားကြတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ အဲ့ဒီ ယာယီစစ်ဆေးရုံမှာ စောင့်ကြပ်ဖို့ စစ်အင်အား ၁၀၀ ကျော် အထိ ချထားပြီးခုခံခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့က စပြီး အဲ့ဒီဆေးရုံ ကို ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်ခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်နေ့မှာ အဲ့ဒီယာယီဆေးရုံကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“လေကြောင်းက မပြတ်လာခုခံတယ် အဲ့ဒီပတ်လည်က အိမ်တွေ မီးလောင်သွားတယ် “ လို့ အမ်း သတင်းရင်းမြစ်က ပြောပါတယ်။

လတ်တလောမှာ အာရက္ခတပ်တော် AA ရဲ့ စစ်ကြောင်း အင်အားတွေဟာ နပခ နဲ့ အနီးဆုံးမှာ ဝန်းရံပိတ်ဆို့ ထားပြီး နပခ ဌာနချုပ်ကို ဖြတ်တောက်ပိတ်ဆို့ထားတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းက လာရောက်ပစ်ခတ်မှုကြောင့် အဲ့ဒီစစ်ဆေးရုံ အဖြစ်အသုံးပြုနေတဲ့ အထက (၂) စာသင်ကျောင်းဟောင်း ပတ်ဝန်းကျင်က နေအိမ် ဆယ်လုံးကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

အဉ္စနလီညှင်း (လေးဝတီFM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *