Laywaddy FM

တောင်ကုတ်- ပန်းတောင်း လမ်း ပိုင်းပေါ်က မိုးထိတောင် မှာ တိုက်ပွဲပြင်းထန်နေ

တောင်ကုတ်- ပန်းတောင်း လမ်း ပိုင်းပေါ်က မိုးထိတောင် မှာ တိုက်ပွဲပြင်းထန်နေ

တောင်ကုတ် -ပန်းတောင်း လမ်းပိုင်းပေါ်က မိုးထိတောင်စခန်း ကို အာရက္ခတပ်တော်က ဇန်နဝါရီလ ၁၂ ရက် မနက်ပိုင်းမှာ စတင် ထိုးစစ်ဆင်နေပြီး ပန်းတောင်းမြို့နယ် အစပ် မိုးထိတောင်မှာ တိုက်ပွဲပြင်းထန်လျှက်ရှိပါတယ်။

မိုးထိတောင်ဟာ ရခိုင်ပြည် နဲ့ ပဲခူးတိုင်းအစပ်နယ်ခြားမှတ်တိုင်စခန်းဖြစ်ပြီး ၊ ပန်းတောင်းမြို့နယ်ထဲကို စတင်ဝင်ရောက်တဲ့ နယ်ခြားမှတ်တိုင်လည်းဖြစ်ပါတယ်။

အဲ့ဒီ မိုးထိတောင် စခန်းမှာ စစ်ကောင်စီတပ်သား ၂၀၀ ကျော်ရှိနေပြီး တောင်ကုတ် စကခ -မှူး ကောင်းမြတ်လည်း ပူးပေါင်းနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

“မိုးထိတောင်နဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ အဲ့ဒီမှာ ရိုးပေါ်ရွာတွေ ဖြစ်ပါတယ်။ မိုးထိရွာနဲ့ ညောင်ကျိုးရွာနားမှာဖြစ်နေတာပါ ၊ နယ်ခြားမှတ်တိုင် အနီးအနား က ရွာတွေ ထွက်ပြေးနေရပါတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

အာရက္ခတပ်တော် AA ဟာ တောင်ကုတ် တောင်ပုံကြီးစခန်းကို သိမ်းပိုက်ပြီးနောက်မှာ တောင်ကုတ်-ပန်းတောင်း လမ်းပိုင်းပေါ်မှာရှိတဲ့ မိုးထိတောင်အထိ ထိုးစစ်ကို တိုးမြှင့်လာတာဖြစ်ပါတယ်။

မိုးထိတောင်ဂိတ်ဟာ ရခိုင် နဲ့ ပဲခူးတိုင်း အကြားက နယ်ခြားဂိတ်ဖြစ်ပြီး ရခိုင်ပြည်နယ် က အထွက် ဂိတ်ဖြစ်ပါတယ်။ ရခိုင်ရိုးမ တောင်ခြေက ဆင်းလာရင်တော့ ပဲခူးတိုင်း ပန်းတောင်းမြို့ ကို ရောက်ရှိမှာဖြစ်ပါတယ်။

အဲ့ဒီလမ်းပိုင်းပေါ်မှာ ညောင်ချေထောက် ၊ ၂၇ မိုင် ၊ စမ်းပက်လက် ၊ ဆင်လန်ကုန်း၊ ညောင်ကျိုး ၊ မိုးထိ၊ ပုဂံကွဲ ၊ ညောင်ဝိုင်း ၊လေးအိမ်စု ၊ ကျွဲကြီး ၊ ကျွဲလေး စတဲ့ တောင်ပေါ်ကျေးရွာတွေ ရှိပါတယ်။

အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ပန်းတောင်းမြို့နယ်ထဲက ညောင်ချေထောက်၊ ဆင်တဲ ၊ ကမြိုင်၊ ကျောက်ဖူး ၊ ထုံးဘို စတဲ့ ရွာကြီးတွေမှာတော့
ကပစ (၃) ၊ ကပစ (၅) ၊ ကပစ (၆) ၊ ကပစ (၉) ၊ ကပစ (၁၆) စတဲ့ စစ်လက်နက် ပစ္စည်း စက်ရုံတွေ ရှိတာဖြစ်ပါတယ်။

Laywaddy FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *