Laywaddy FM

အရပ်သားတွေ ပြန်နေထိုင်ခွင့်ပြုထားတဲ့ မောင်တော မြို့ကို မိုင်းရှင်းလင်း

အရပ်သားတွေ ပြန်နေထိုင်ခွင့်ပြုထားတဲ့ မောင်တော မြို့ကို မိုင်းရှင်းလင်း

မြန်မာ-ဘဂ်လားဒေ့ရှ် နယ်စပ်မြို့တစ်မြို့ ဖြစ်တဲ့ မောင်တောမြို့ကို အာရက္ခတပ်တော်က မြေမြုပ်မှိုင်းနဲ့ စစ်ကျန်လက်နက် တွေ ရှင်းလင်းမှု ဆောင်ရွက်နေတယ် လို့ သတင်းရရှိပါတယ်။

ခြောက်လကျော်ကြာ မြို့တွင်းမြို့ပြင် တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နဲ့ အနီးဝန်းကျင်မှာ မြေမြုပ်မှိုင်းတွေ များစွာရှိနေပြီး အာရက္ခတပ်တော် က စတင်ကိုင်တွယ်ရှင်းလင်းနေတာ ဖြစ်ပါတယ်။

မောင်တောမြို့ လသာရပ်ကွက်၊ ရွှီဇား၊ ရွှီဇား(ဂုံးနား)၊ အီတာလျာ၊ ကမ်းပိုင်းနား၊ ကပ်ဘေး၊စေတီပြင် စတဲ့ နေရာတွေ မှာ မြေမြုပ်မှိုင်းရှင်းလင်းမှုတွေကို လုပ်နေတာ ဖြစ်တယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်က မောင်တောမြို့ မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်ကို ယူလာတဲ့ လူတစ်ယောက်ဟာ အဲ့ဒီလက်နက်အဟောင်းက ပေါက်ကွဲခဲ့လို့ သေဆုံးခဲ့သေးတယ်။

မောင်တောဒေသံတွေကလည်း မှိုင်းရှင်းလင်းဖို့ တောင်းဆိုထားကြပြီး စစ်ကျန် လက်နက် အဟောင်းတွေ ဟာ မြို့ အနှံ့ပျံ့နေတာ ဖြစ်ပါတယ်။

မောင်တောမြို့ခံတွေကို ဇန်နဝါရီ လအတွင်းက ပြန်ဝင်ဖို့ ခွင့်ပြုထားပြီး မြို့ခံ သုံးပုံ နှစ်ပုံလောက်ဟာ နေရပ်မှာ ပြန်လည်နေထိုင်ကြပြီ လို့ သိရပါတယ်။

ဓာတ်ပုံ- APM

လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *