စစ်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်နေတဲ့ ရခိုင် ပြည်နယ်က အမျိုုးသမီးတွေအတွက် ရခိုင် တပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များ အစည်းအရုံး AASYC ကနေ အမျိုးသမီး ခေါင်းဆောင်မှု စွမ်းရည်မြှင့်သင်တန်းတွေကို လူတွေ့ သင်ကြားပေးနေပါတယ်။ ထိုင်း ၊ မြန်မာ နယ်စပ် မှာ ပြုလုပ်ပေးနေတဲ့ အဲဒီ သင်တန်းမှာ ရခိုင်ပြည်တွင်းက စစ်ဖြစ်ပွားနေတဲ့ နေရာတွေကနေ ခက်ခက်ခဲခဲ လာရောက်ရသူတွေလည်း ပါဝင်ပါတယ်။ဒီကနေ့မှာတော့ အဲဒီသင်တန်းကို ဦးဆောင်နေတဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များ အစည်း အရုံး AASYC ရဲ့ အတွင်းရေးမှုး မခင်မာထွေးကို ကျတော်တို့ လေးဝတီ FM က တွေ့ဆုံမေးမြန်းထားပါတယ်။
မဂ်လာပါ အစ်မ။ ကျတော့်ကို အစ်မတို့ရဲ့ အဖွဲ့ အစည်း အကြောင်းလေးနဲ့ အစ်မတို့ အဖွဲ့က ဘာတွေဆောင်ရွက်ပေးနေသလဲ ဆိုတာလေးကို ရှင်းပြပေးပါအုံး။
ရခိုင်ပြည်နယ် မှာရှိတဲ့ လူငယ်တွေ / အမျိုးသမီးတွေ အတွက် ဆိုတာထက် ကျမတို့က ရခိုင်ပြည်မှ မဟုတ်ဘူး ပေါ့နော် တခြားဒေသ ကို ရောက်နေတဲ့ ရခိုင် အပါအဝင် ရခိုင်မှာ နေထိုင်တဲ့ လူမျိုးတွေ အကုန်လုံး လူငယ်တွေ၊ အမျိုးသမီးတွေ အတွက် ကျမတို့လုပ်ဆောင်နေတဲ့ အပေါ်မှာ ဘာတွေ လုပ်ဆောင်နေတာရှိလဲ ဆိုတော့ လောလောဆယ်တော့ ကျမတို့ Training တွေ ပေးနေတာ ရှိတယ်ပေါ့နော်။ သင်တန်းတွေ ကတော့ ကျမတို့ ပုံမှန်ပေးနေတာပါ။ ဒါကတော့ ခုမှ မဟုတ်ဘူးပေါ့။ အဲဒီထဲမှာ အဓိက ဘာလဲဆိုတော့ လူ့ အခွင့် အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူမှု သင်တန်းတွေ / အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု သင်တန်းတွေ /နောက်ပြီး ဌာနေတိုင်းရင်းသား အခွင့် အရေး စသဖြင့် ပေါ့နော် သင်တန်းတွေ ပေးတာရှိတယ်။
အဲဆိုတော့ အမျိုး သမီးတွေ နဲ့ ပတ်သတ်ပြီးတော့ရော ဘာတွေ လုပ်ဆောင်နေလဲ အစ်မ။
အမျိုး သမီးတွေကို အဓိက ထားပြီးပြောရမယ်ဆိုရင်တော့အမျိုး သမီးတွေနဲ့ ပတ်သတ်ပြီး အမျိုးသမီး အခွင့် အရေး /ကျားမတန်းတူ ညီတူ ပေါ့နော် ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု သင်တန်းတွေ ပေးတာရှိတယ် ၊ မြေပြင်မှာလည်း ကျမတို့ လစဥ် ပုံမှန် စကားဝိုင်း လုပ်နေတာလည်း ရှိတယ်ပေါ့။ အဲတာက ဘာလဲဆိုတော့ အမျိုးသမီးတွေ ကျမ်းမာရေး ၊ လုံခြုံရေး ၊ ရှေ့ကပြောတဲ့ အကြောင်းအရာတွေ ၊ နောက်ပြီးတော့မှ ဒီမိခင်နှင့် ကလေးပေါ့နော် ကိုယ်ဝန်ဆောင်နဲ့ ပတ်သတ်ပြီးတော့မှ ကျမ်းမာရေး အသိပညာပေး စကားဝိုင်း တွေလုပ်တာရှိတယ်။ နောက်ထပ်က ဘာလဲဆိုတော့ အမျိုးသမီးတွေထဲမှာမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုး သမီးတွေ ၊ အဲဒီက လွတ်မြောက်လာတဲ့ အမျိုးသမီးတွေ၊ နောက်ပြီး အိမ်တွင်း အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ ၊ နောက်ထပ်ဒီ လူ့အခွင့် အရေး ချိုးဖောက်ခံရတဲ့ အမျိုးသမီးတွေကို ကျမတို့ အနေနဲ့ psycho social support ပေါ့နော် ၊ Emergeny Support တို့ ကူညီ ထောက်ပံ့ပေးနေတာတွေ ရှိပါတယ်ရှင့် ။
ဒါဆို အခု ထိုင်းမြန်မာ နယ်စပ်မှာ လုပ်နေတဲ့ သင်တန်း အကြောင်းလေးလဲ နည်းနည်းပြောပြပေးပါအုံး။
အခု ဒီ အမျိုးသမီး ခေါင်းဆောင်မှု နဲ့ စွမ်းရည်မြှင့် သင်တန်းကို အဓိက လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျမတို့ သင်တန်းက အမျိုး သမီးတွေ အနေနဲ့ ၊ အမျိုးသမီးတွေမှ မဟုတ် တခြား လိင်စိတ် ခံယူမှု ကွဲပြားတဲ့ သူတွေကိုလည်း ကျမတို့ အမြဲတမ်း ထည့်သွင်း ရတယ်ပေါ့နော်။ သူတို့ အနေနဲ့ ခေါင်းဆောင်မယ်ဆိုတဲ့ အထဲမှာ ဒီနိုင်ငံရေးမှာပဲ ဖြစ်ဖြစ်၊ ပဠိပက္ခ ဖြေရှင်းရေးမှာ ဖြစ်ဖြစ် ၊ စွမ်းရည် ပြည့်ပြည့် ဝဝ နဲ့ ပါဝင်ပြီးတော့မှ သူတို့ကိုယ်တိုင် လုပ်ဆောင် လာနိုင်ဖို့ ၊ ဖြေရှင်း လာနိုင်ဖို့ အတွက် ကျမတို့က ရည်ရွယ်တာဖြစ်တယ်။ နောက်ထပ်တစ်ခုက ဘာလဲဆိုတော့ အမျိုးသမီးတွေ အနေနဲ့ တခြား ဒီ အကြမ်းဖက်ခံရမှု တွေကိုလိုက်ပါဆောင်ရွက်တဲ့ အခါမှာ သူတို့အနေ နဲ့ မလုံခြုံမှု တွေလည်း ရှိတယ်ပေါ့နော်။အကြောက်တရား တွေလည်း တွေ့ရတယ် ။ အဓိက ကဘာလဲ ဆိုတော့ ကျူးလွန်နေတဲ့ လူတွေထဲမှာ က ြသဇာ ရှိတဲ့ လူတွေထဲကလည်း ပါတာရှိတယ်။ပြီးတော့ နှစ်ဖက် လက်နက်ကိုင် အဖွဲ့ အစည်းတွေကိုလည်း သူတို့ အနေနဲ့ စိုးရိမ်တဲ့ အခါမှာ သူတို့ လုပ်ဆောင်တဲ့ အခါ အခက် အခဲတွေ ရှိကြတယ်ပေါ့ ။နောက်ထပ် ရည်ရွယ်ချက် တစ်ခုက ဘာလဲ ဆိုတော့ ဒီ အမျိုး သမီးတွေ အနေနဲ့ အကြမ်း ဖက်ခံရတာပဲ ဖြစ်ဖြစ် ၊ သူတို့ လိုက်ပါဆောင်ရွက် တဲ့ အခါမှာ သူတို့ရဲ့ လုံခြုံရေးတွေ စိုးရိမ်ကြတာ တွေရှိတယ်ပေ့ါနော်။ လိုက်ပါဆောင်ရွက်မှု နှောင့်နှေးတာတွေ ရှိတယ်။နောက်ပြီးတော့ မပြောရဲ မဆိုရဲတာတွေ ရှိတယ်ပေါ့ ။ အဲတာက အဓိက အချက်က ဘာလဲဆိုတော့ ကျူးလွန်တဲ့ လူတွေထဲမှာလဲ ြသဇာရှိတဲ့ လူတွေ ပါတယ်ပေါ့နော်။ပြီးရင်နှစ်ဖက် လက်နက်ကိုင် အဖွဲ့ အစည်းကိုလဲ သူတို့တွေ စိတ်ပူတယ် ပေါ့နော် ၊ ကြောက်ရတယ်ပေါ့။အဲလိုမျိုးရှိတဲ့ အခါမှာ သူတို့ အနေနဲ့ လိုအပ်သလောက် လိုက်ပါဆောင်ရွက်မှု မပြုနိုင်ကြဘူး ပေါ့နော်။ အဲတာ ကျမတို့ တွေ့ရဝယ်။ အဲတော့ အမျိုး သမီးတွေ အနေနဲ့ ကိုယ့် အခွင့် အရေးကို တောင်းဆိုတာ မဟုတ်ပဲ ဒီလိုမျိုး ကဏ္ဏတွေမှာလည်း သူတို့ အနေနဲ့ အသံ ပို ကျယ်လာစေချင်တယ်။ဦးဆောင် ပြီးတော့မှ ပြောပေးစေချင်တယ်။ အဲတာကြောင့် ကျမတို့ လုပ်ရတာ ဖြစ်ပါတယ် ရှင်။
ကျတော် သိထား သလောက်ဆိုရင်ပေါ့နော် ၊ AASYC အနေနဲ့ စစ်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေ က အမျိုး သမီးတွေကို လည်း အခုလို ခေါင်းဆောင်မှု စွမ်းရည်မြှင့် တင်ရေး သင်တန်းတွေ ပေးနေတယ်လို့ သိရတယ်ပေါ့။ ဆိုတော့ အဲဒီက လူတွေကို ဒီကိုရောက်အောင် ခေါ်ယူရတဲ့ နေရာမှာ အခက် အခဲတွေ ရှိသလား ။ ဒါလေးတွေလည်း ပြောပြပေးပါအုံး။
ဒီကာလမှာ ဒီလို သင်တန်းမျိုး လုပ်တယ် ဆိုတာက သွားလာရေးက အစ ၊ လုံခြုံရေး က အစ အဲဒီအခက် အခဲတွေ အရမ်းကို ရှိကြတယ်ပေါ့။အဲဒီထဲမှာ အခုက ဘာတွေ ကြုံရလဲဆိုတော့ လမ်းပန်းဆက်သွယ်ရေး အခက် အခဲတွေ ရှိတယ်။ လာတဲ့ သူတွေ အနေနဲ့ အဲတာကြောင့် မို့လည်း တက်ချင်လို့လာကြပေမယ့် မရောက်နိုင်သေးတဲ့ သူတွေလည်း ရှိကြတယ် ပေါ့။
ဒီသင်တန်းမှာ တက်ရောက်နေတဲ့ အထဲမှာ ဆိုရင်တော့ ခေါ်တဲ့ အထဲမှာလည်း ကျမတို့ပါတယ်။ ရွေးတဲ့ အထဲမှာလည်းဘယ်လို ရွေးလည်း ဆိုတော့၊ ရခိုင်မှ မဟုတ်ဘူးပေါ့နော်၊ ရခိုင်မှာ ရှိတဲ့တခြားလူမျိုး တွေကို အကုန်လုံးပါအောင် ကျမတို့ ရွေးချယ်တယ်။ ဒီသင်တန်းမှ မဟုတ်ဘူး ၊ ဘယ်သင်တန်းပဲ လုပ်လုပ်ပေါ့နော်၊ အဲလိုမျိုး အမြဲတမ်း အစုံပါအောင် ကျမတို့ လုပ်လေ့ရှိပါတယ်ရှင့်။
လူ့အခွင့် အရေးနဲ့ ပတ်သတ်တဲ့ မှတ်တမ်း ကောက်ယူမှုတွေမှာ အမျိုးသမီး တွေရဲ့ နစ်နာမှုတွေက ဘယ်လိုတွေ တွေ့ရလဲ။
ကျမတို့ အနေနဲ့ အရင်ကတုန်းကလည်း အစီရင်ခံစာ ထွက်ထားတာရှိတယ်ပေါ့နော်။ ကျား/ မ တန်းတူရေး နဲ့ ပတ်သတ်ပြီးတော့၊ နောက်ပြီးဒီကာလမှာ လည်း လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သတ်ပြီးတော့ လဲထုတ်ဖို့ စီစဥ်နေတာရှိတယ်။ အဲတော့ဒီ လူ့အခွင့် အရေး နဲ့ ပတ်သတ်ပြီးတော့ မှတ်တမ်းကောက်တာတွေ လုပ်ဆောင်တဲ့ အခါမှာ အမျိုးသမီးတွေနဲ့ ပတ်သတ်ပြီးတော့ အဓိက ဘာတွေ့ရလဲ ဆိုတော့ သူတို့ အိမ်တွင်း အကြမ်းဖက် ခံရမှုတွေ ရှိနေတယ် ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ ရှိတယ်၊ ဒါကတော့ ဒီ တချို့လည်း ကြားနေရမယ်လို့ ထင်တယ်ပေါ့နော် ။ သတင်း တွေမှာ လည်း တွေ့ရတယ်။ ဒီနိုင်ငံမှာလည်း တကယ်ဖြစ်နေတာ ဖြစ်တယ်ပေါ့။ သူတို့အကြမ်းဖက်ခံရတာတွေက ဘယ်လိုလဲဆိုတော့ အိမ်နီးချင်းတွေ ၊ ဆွေမျိုးသားချင်းတွေ ကိုယ်တိုင်က ကျူးလွန်တာမျိုးတွေလည်း ရှိလာတယ်။ အဲလိုမျိုး အကြမ်း ဖက် ခံရမှုတွေကို ကျမတို့ တွေ့ရတယ် ရှင့်။
ဒါဆို လက်နက်ကိုင် ပဠိပက္ခတွေလည်း ဖြစ်နေတော့ အမျိုးသမီးတွေဟာ ဒီကာလမှာရော သူတို့ ဘယ်လို ပြသနာတွေ ရင်ဆိုင်နေရတယ်လို့ အစ်မတို့ စစ်တမ်းတွေ အရသိရလဲ။
ရခိုင်ပြည်နယ် ထဲမှာ ကျတော့ ကျမတို့ အဓိက လုပ်တာ ကတော့ စစ်တွေတို့ ကျောက်ဖြူတို့ပေါ့နော် ။ နောက်ပြီး တခြားကတော့ အကုန်လုံးကောက်ပါတယ်။ ဘာလို့ လဲဆိုတော့ အဓိက ထားတာကတော့ အဲဒီဒေသတွေမှာက လူမျိုးစုံနေထိုင် လာတွေရှိတယ်။ အဖွဲ့ အစည်း တော်တော် များများတွေ ရှိကြတယ်ပေါ့နော် ။ အဲလိုမျိုး ဆိုတော့ အဓိက ထားပြီး ကောက်တယ်။ ဒါပေမယ့် အဲဒီအထဲမှာက ရခိုင် တပြည်နယ်လုံးမှာ ရှိတဲ့ အမျိုးသမီးတွေ ပါဝင်တယ်ပေါ့နော်။
အခုဒါ လက်နက်ကိုင် ပဠိပက္ခအခြေ အနေကြောင့် သက်ရောက်တာ ဖြစ်တယ်ပေါ့နော်။ အရင်တုန်း က ဆိုရင်ကျမတို့ ဒီလိုမျိုး ဖြစ်စဥ်တွေက ရှားတယ်ပေါ့နော်။ကြားရတာလည်း သိပ်မရှိဘူး။ အခုဒီ လက်နက်ကိုင် ပဠိပက္ခ ဖြစ်တဲ့ အခါမှာ သူတို့တွေဟာ လုံခြုံရေး၊ စားဝတ်နေရေး အခက်အခဲ မျိုးစုံ ကြောင့်မို့လို့ ဒါတွေက ပိုဖြစ်လာတယ်လို့ ကျမအနေနဲ့ သုံးသပ်ပါတယ်။
နောက်ဆုံး အနေနဲ့ လေလှိုင်း ကတဆင့် နားထောင်နေတဲ့ ရခိုင်ပြည်နယ်ထဲက ဖြစ်စေ ၊ ရခိုင်ပြည်နယ် ပြင်ပက ဖြစ်စေ အမျိုးသမီးလေးတွေ အတွက်ပေါ့နော် အစ်မအနေနဲ့ ကိုယ်တိုင်လဲ လူငယ် အမျိုးသမီး တစ်ရောက်ဖြစ်တဲ့ အတွက် နည်းနည်းလောက်ပြောပြပေးပါလား။
အမျိုး သမီးတွေ အနေနဲ့ ပေါ့နော် စွမ်းရည်မြင့်တက်လာအောင် ၊ ကဏ္ဏ အစုံမှာ ပါဝင်လာအောင် ကျိုးစားစေချင်တယ်။ ကိုယ်တိုင်လည်း ကျိုးစားနေဆဲ ဖြစ်တယ်ပေါ့နော်။ ဘာလို့လည်းဆိုတော့ အမျိုး သမီးတွေ အနေနဲ့က အခုလိုမျိုးလုပ်ဆောင်လာနိုင်ဖို့ ၊ ဦးဆောင်ပြီးတော့ လုပ်လာနိုင်ဖို့ အတွက်က စိန်ခေါ်ချက်တွေ အများကြီး ရှိတယ်ပေါ့။ သူတို့ ပါဝင်လာနိုင်ဖို့ အတွက်ဆိုရင် ဓလေ့ ရိုးရာ ကန့်သတ်ချက်တွေ လည်းရှိတယ်။ နောက်ပြီး အမျိုး သမီး ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လုံခြုံရေးတွေလည်း ရှိတယ်။တားမြစ်ချက်တွေလည်းရှိတယ်။ နောက်ပြီး သူတို့အတွက် အထောက် အပံ့တွေလည်း လိုအပ်တယ်ပေါ့နော်။ ဒီလို စိန်ခေါ် ချက်တွေကြောင့်လည်း ဒီလိုလုပ်ဆောင်တဲ့ အခါမှာ ပိုပြီးတော့ ပါဝင်နိုင်မှု အားနည်းတာတွေရှိတယ်ပေါ့နော်။အဲတာကြောင့် ကိုယ်တိုင်လည်း စွမ်းရည် မြှင့်တင်နိုင်သလို အဲလိုမျိုး လုပ်ဆောင်လာနိုင်အောင်လည်း တခြားလူတွေက ပံ့ပိုးပေးဖို့ပေါ့နော် ။ကိုယ်တိုင်က လည်း လုပ်ဆောင်နိုင်အောင် ကျိုးစားဖို့ အတွက် ကျမအနေနဲ့ အကြံပေးချင်ပါတယ် ရှင့်။
ဟုတ်ကဲ့ပါ ခင်ဗျ။အခုလို လေးတတီ FM ကို အချိန်ပေးပြီးဖြေကြားပေးတဲ့ အတွက် ကျတော်တို့ လေးဝတီ FM ဝိုင်းတော်သားတွေက ကျေးဇူးအထူး တင်ပါတယ် ခင်ဗျာ။
A convenient car catalog auto ae catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.
В каталоге представлены проверенные провайдеры и актуальные игровые новинки.
Пинко Казино
Pinco Casino сочетает качество, безопасность и удобство.
https://images.google.co.ve/url?q=https://www.apsense.com/user/ShelbyCruz24
https://matras-promtex.ru/
yacht charter Montenegro https://rent-a-yacht-montenegro.com
смертельное искушение uakino фільми
Во время анализа линии решил почитать обсуждение вывода средств https://naexamen.ru/gdz/87347/go/Data/pdf/page/3/1/31_vi_dazhe_ne_dogadivaetes.html, и особенно понравилось внимание к деталям и после этого проще выбрать букмекера.
Je remarque souvent plusieurs joueurs discutent de https://madfanboy.com/forum/viewtopic.php?t=75469&start=32680 et de casino mobile moderne pour verifier les bonus disponibles, car les petits depots deviennent pratiques meme pendant les longues sessions.
Apres le travail plusieurs avis concernant https://forum.otoportal.net/index.php?topic=5024.0 et application de casino pendant une discussion sur les bonus, car le catalogue devient tres varie meme pendant les longues sessions nocturnes. Les petits jackpots attirent aussi beaucoup de nouveaux joueurs.