Laywaddy FM

မြောက်ဉီးမြို့ နဲ့ ကျောက်တော်မြို့ က စစ်ဘေးရှောင်ပြည်သူတချို့ နေရပ်ပြန်ဝင်

မြောက်ဉီးမြို့ နဲ့ ကျောက်တော်မြို့ က စစ်ဘေးရှောင်ပြည်သူတချို့ နေရပ်ပြန်ဝင်

ရခိုင်ပြည် ကျောက်တော် နဲ့ မြောက်ဦးမြို့နယ် တွေ က စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင်စခန်းတွေကနေ ကိုယ့်နေအိမ်တွေကို ပြန်လည်ဝင်ရောက် နိုင် ဖို့ နေရာချထားခဲ့တယ်လို့ HDCO က ထုတ်ပြန်ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနင့်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ဉီးဆောင်ပြီး ၂၃၊ ဧပြီ ၊၂၀၂၅ နေ့ က မြောက်ဦး ၊ ကျောက်တော်မြို့ တွေ မှာ ရှိတဲ့ စစ်ရှောင်စခန်းတွေက ပြည်သူတွေကို နေရာချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြောက်ဦးမြို့နယ် ဂါရာတောင် စစ်ရှောင်စခန်း မှာနေထိုင်တဲ့ စစ်ဘေးရှောင်အိမ်ထောင်စု ၁၈ စု နဲ့ ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ အိမ်ထောင်စု ၃၁ စုတို့ကို နေရာချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

“ဆန်၊ဆီ၊ဆား၊အ၀တ်အထည်အစရှိသည့်အိမ်သုံးမီးဖိုချောင်အသုံးအဆောင်ပစွည်းတို့နဲ့အတူ မိုးတွင်းကာလ စိုက်ပျိုးရန်အတွက် အိမ်ထောင်စုတစ်စုကိုဟင်းသီးဟင်းရွက်မျိုးစေ့၊ ငွေကျပ် ၆၈၀၀၀၀တို့ပေးအပ်ခဲ့ပြီး လမ်းစရိတ်အတွက်ပါ ခရီးဝေးသွားရမဲ့အိမ်ထောင်စုတွေကိုလည်းတစ်အိမ်ထောင်စုကို လမ်းစရိတ် ၂၅၀၀၀၀ ကျပ်ကိုထပ်မံပေးဆောင်ခဲ့သည်” လို့ HDCO က ထုတ်ပြန်ပါတယ်။

အမ်းချောင်းသူ ၊ လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *