Laywaddy FM

Tag: Arakan

Tag: Arakan

ဧရာဝတီတိုင်းရောက် ရခိုင်စစ်ရှောင်တွေကို ကျေးရွာတွေအတွင်းက အတင်းဖယ်ခိုင်းနေ

ဧရာဝတီတိုင်းရောက် ရခိုင်စစ်ရှောင်တွေကို ကျေးရွာတွေအတွင်းက အတင်းဖယ်ခိုင်းနေ

ဧရာဝတီတိုင်းမှာ စစ်ရှောင်ဖို့ရောက်ရှိနေကြတဲ့ ရခိုင်စစ်ရှောင်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတွေအတွင်းက အတင်းဖယ်ခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။ ဧရာဝတီတိုင်း ‌ပုသိမ်ခရိုင် ၊ ငွေဆောင်အနီးဝန်းကျင်ရွာတွေမှာရောက်ရှိနေကြတဲ့ ရခိုင်စစ်ရှောင်တွေ အပါအဝင် ၊ ဂွမြို့နယ်နဲ့ ဧရာဝတီတိုင်းကြားမှာ ရှိတဲ့ ကျေးရွာတွေက ဒေသခံတွေကိုပါ ဖယ်ခိုင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ "ကျောက်ချွန်က နေ ငွေဆောင်အထိ…

ကားအစီး(၂၀) နဲ့ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အမ်းမြို့နဲ့ ၈ မိုင်အကွာမှာ AA စောင့်ကြိုချေမှုန်း ပါလာတဲ့ လက်နက်တွေ အကုန်သိမ်းယူ

ကားအစီး(၂၀) နဲ့ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အမ်းမြို့နဲ့ ၈ မိုင်အကွာမှာ AA စောင့်ကြိုချေမှုန်း ပါလာတဲ့ လက်နက်တွေ အကုန်သိမ်းယူ

ရခိုင်ပြည် ၊ အမ်းမြို့ကို စစ်ကြောင်းပြန်ထိုးဖို့ စစ်ကောင်စီဟာ အမ်းတောင်ကြားလမ်းတစ်နေရာမှာ အင်အားစုနေတာ တစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် မနက်မှာတော့ ကားအစီး နှစ်ဆယ် နဲ့ စစ်ကြောင်းထိုးခဲ့ပြီး အမ်းမြို့ကို မရောက်ခင် ရှစ်မိုင်အလိုက ပတ်ကွေ့ဆိုတဲ့နေရာမှာ အာရက္ခတပ်တော် AA ရဲ့ ချေမှုန်းတိုက်ခိုက်တာကို…

တောင်ကုတ် စကခ (၅) ကို AA သိမ်းပိုက် တပ်သား၁၀၀ ကျော် အလံဖြူထောင် လက်နက်ချ

တောင်ကုတ် စကခ (၅) ကို AA သိမ်းပိုက် တပ်သား၁၀၀ ကျော် အလံဖြူထောင် လက်နက်ချ

ရခိုင်ပြည်တောင်ကုတ် မြို့ စကခ(၅) အတွင်း က လက်ကျန်တပ်သား ၁၀၀ ကျော်အလံဖြူထောင်ပြီး ၊ တပ်မတစ်ခုလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီ လို့ သတင်းရရှိပါတယ်။ စကခ(၅) အတွင်းက လက်ကျန်တပ်သားတွေဟာ အသက်ဘေးလွတ်မြောက်ရေးအတွက် ဒီဇင်ဘာ ၁၃ ရက် ညတိုက်ပွဲမှာ အလံဖြူထောင်လိုက်ပြီး စကခ(၅) ကို…

တောင်ကုတ်စကခ( ၅) ထဲမှာ လူသားဒိုင်းအဖြစ် ဖမ်းခံရတဲ့ အချုပ်သားတွေကို စစ်ကောင်စီ ပစ်သ-တ်

တောင်ကုတ်စကခ( ၅) ထဲမှာ လူသားဒိုင်းအဖြစ် ဖမ်းခံရတဲ့ အချုပ်သားတွေကို စစ်ကောင်စီ ပစ်သ-တ်

ရခိုင်ပြည်တောင်ကုတ်မြို့ ၊ စကခ (၅) ထဲမှာ အနီးကပ်တိုက်ပွဲပြင်းထန်နေပြီး လူသားဒိုင်းအဖြစ် အသုံးပြုခံနေရတဲ့ အကျဉ်းသားတချို့ဟာ တိုက်ပွဲထဲက ထွက်ပြေးခဲ့ပါတယ်။ စစ်ကောင်စီက အဲ့ဒီအချုပ်သားတွေကို နောက်ကနေ လိုက်လံ ပစ်ခတ်လို့ ဆယ်ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ တောင်ကုတ်မြို့နယ် ကျေးရွာ အသီးသီးက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းစီးခံထားရတဲ့…

ရခိုင်မှာ ကျန်တဲ့ လေဆိပ် သုံးခုကို စစ်ကောင်စီ လုံခြုံရေး တိုးမြှင့်

ရခိုင်မှာ ကျန်တဲ့ လေဆိပ် သုံးခုကို စစ်ကောင်စီ လုံခြုံရေး တိုးမြှင့်

ရခိုင်ပြည် ကို လေကြောင်းက ပြေးဆွဲနေတဲ့ လေယာဉ်ကွင်း ၅ ခုအနက်က သံတွဲ နဲ့ အမ်းလေဆိပ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးချိန်မှာ ကျန်တဲ့လေယာဉ်ကွင်းသုံးခုကို စစ်ကောင်စီဟာ လုံခြုံရေး တွေ အပြင်းအထန် တိုးမြှင့်လိုက်ပါတယ်။ အာရက္ခတပ်တော်ဟာ သံတွဲနဲ့ အမ်းမြို့ကို တိုက်ခိုက်ရာမှာ လေဆိပ်တွေကို အရင်ဆုံးတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီရဲ့…

အမ်းနပခဌာနချုပ် ကို ကွပ်ကဲနေတဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနဲ့ အဖွဲ့ထွက်ပြေး

အမ်းနပခဌာနချုပ် ကို ကွပ်ကဲနေတဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနဲ့ အဖွဲ့ထွက်ပြေး

အမ်းနပခဌာနချုပ် ကိုဉီးစီးကွပ်ကဲနေတဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မူးချုပ်ကျော်ကျော်သန်းနှင့်အဖွဲ့ ဟာ နပခက ထွက်ပြေးသွားကြောင်းသတင်းရရှိပါတယ်။ အမ်းနပခဌာနချုပ် စစ်ရေးကာလ အတွင်းမှာ နပခ ဌာနချုပ်ကို တာဝန်ပေးခြင်းခံရတဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ဟာ သူ့ ကိုယ်ရေးအရာရှိနဲ့ အတူ တိုက်ပွဲအတွင်းက ထွက်ပြေးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ "နပခ ထဲမှာ…

အမ်းမြို့နဲ့ မိုင်နှစ်ဆယ်အကွာက ဓာတ်အားခွဲစက်ရုံမှာ ခြေကုတ်ယူထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ထဲမှာ တရုတ်လူမျိုးတွေ ပါဝင်နေတယ်လို့ ယူဆရ

အမ်းမြို့နဲ့ မိုင်နှစ်ဆယ်အကွာက ဓာတ်အားခွဲစက်ရုံမှာ ခြေကုတ်ယူထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ထဲမှာ တရုတ်လူမျိုးတွေ ပါဝင်နေတယ်လို့ ယူဆရ

အမ်းမြို့နဲ့ မိုင် ၂၀ ကျော်အကွာမှာရှိတဲ့ တရုတ်ဓာတ်အားခွဲ စက်ရုံမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ခြေကုတ်ယူနေပြီး တပ်ဖွဲ့ဝင်တွေထဲမှာ ယူနီဖောင်းမတူတဲ့ တပ်သားတွေပါဝင်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်က သတင်းရရှိပါတယ်။ ရခိုင်ရိုးမ အမ်းတောင်ကြားလမ်းပေါ်က တောင်စောက်ကျေးရွာအနီး က ဓာတ်အားခွဲစက်ရုံမှာ စစ်ကောင်စီ အင်အား ၄၅၀ ဝန်းကျင်ခြေကုတ်ယူလိုက်ပြီး အဲ့ဒီကနေ တန်ပြန်ထိုးစစ်တွေကို ဖန်တီးဖို့…

စစ်ဖီးရှောင်(၂)

စစ်ဖီးရှောင်(၂)

စစ်ဖီးရှောင်ဆိုစာသျှစ်သောင်းပွဲလားရေပွဲကြည့်လာလူမဟုတ်လို့စျီးဝယ်ဖို့ဖေသာမပါအဝတ်အစားမပါအစားအသောက်မပါလက်ဗလာနန့်မှီရေလက်ကိုဆွဲလို့အသက်လု ဗြီးခရရေ။ လီထက်ပျံဝဲနိန်ရေလူသားစားငှက်ချီးစိုက်ချတိုင်းကိုယ်လက်အဂ်ါနန့်အသက်နိ့စိုင်ရက်ဆက်ပီးဆပ်နိန်ကတ်ရရေ။ နွီရာသီဆိုလေ့ပူလွန်းလို့မိုးရာသီဆိုလေ့ မိုးယိုလို့ဆောင်းရာသီဆိုလေ့ချမ်းလွန်းလို့ သဘာဝဒဏ်ကိုအံတုပနာအလှူရှင်တိပီးလာဖို့ထမင်းထုပ်နန့်အချေအငယ်တိဝမ်းဝဖို့အကျန်စားခရရေနိန့်ရက်ပေါင်းမနည်းယာ။ ဆီးဝါးဆိုကေ့လေ့ဒေါ်နု ထွန်းရွှေဝါမမြင်ဖူးစာတောင်ကြာယာအပူယော့တလုံးမြိုလို့ရင်တွင်းအပူငြိမ်းဖိုဆိုကေအမ်းလမ်းကိုဖြတ်ရိုးမကိုကျော် ဟိုဘက်မှာဆီးဝါးပေါရေဆိုမလားတခေါက်လားလို့ရှာချင်ရေ။ သားသ္မီးငတ်နေစာထိုင်ကြည့်နိန်ရရေမိဘသားသ္မီးနေမကောင်းဟာငိုင်ပနာကြည့်နိန်ရရေမိဘသူရို့ရင်တွင်း ဝင်ကြည့်ကတ်ထမင်းနပ်မှန်ဖို့တောင်မသေချာရေနိ့ရက်တိမှာဗာဟီယ ကိစ္စအသာထားဒေနာကျင်မှုကိုအနာဂျင်စီသောက်လို့ပျောက်ပစ်ချင်ရေ။ ဒေမိုးခါသားတောင်ပို့မှိုရှာစားဖို့လူမရှိ။ကြာတန်နန့်ငယက်ရောချက်စားဖို့ငါးရှာဖို့လူမရှိငပိခခြူနန့်ငရုပ်သီးတခွက်ကျွဲချပက်လောက်ဇာသူကြိတ်စားနိုင်ဖို့လဲ။ မြောင်နားတလျှောက်ခရုချေကောက်ဖို့ဇာသူလမ်းလျှောက်ရဲဖို့လဲ။ယကေလေ့သော့သားသ္မီးငိုစာ မမြင်သာကေထွက်ပနာရှာခိုက်မိုင်းနင်းလိုက်ကေအဖော်မပါ ဇာနေရာမှန်းမသိပေါက်ကွဲသံကြားလူများလိုက်ရှာတွီ့ပါဗျာလ်ထော။ ဝမ်းရီးအတွက်ခြီတဖက်ထားခရရေဝမ်းရီးအတွက်လက်တဖက်ထားခရရေဝမ်းရီးအတွက်အသက်ကိုထားခရရေ။မျိုးဇော်သိန်းအသည်းကြွီမြို့

မောင်တော နခခ (၅) ကို သိမ်းပိုက်ဖို့ မြေအောက်လှိုင်းခေါင်းတူပြီး AA ဝင်ရောက် ခဲ့ ရ

မောင်တော နခခ (၅) ကို သိမ်းပိုက်ဖို့ မြေအောက်လှိုင်းခေါင်းတူပြီး AA ဝင်ရောက် ခဲ့ ရ

မောင်တောမြို့ ၊ မြို့သူကြီးအခြေစိုက် အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းအာရက္ခတပ်တော်က ဗီဒီယို ၊ ဓာတ်ပုံများနဲ့တကွ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ကြေညာချက်မှာ အာရက္ခတပ်တော် AA ရဲ့ တပ်သားတွေဟာ မြေအောက်လှိုင်ဂူ လမ်းကြောင်းကို တူးဖော်ပြီး စစ်ဆင်ရေးကို…

အမ်းတောင်ကြားလမ်း တနေရာမှာ စစ်ကောင်စီ ဗျူဟာကုန်းအသစ် အထိုင်ချ (နပခ) ကို အဝေးက ပြန်တိုက်နေရတဲ့ စစ်ကောင်စီ

အမ်းတောင်ကြားလမ်း တနေရာမှာ စစ်ကောင်စီ ဗျူဟာကုန်းအသစ် အထိုင်ချ (နပခ) ကို အဝေးက ပြန်တိုက်နေရတဲ့ စစ်ကောင်စီ

စစ်ကောင်စီဟာ အကူအညီမဲ့နေတဲ့ အမ်းမြို့ က နပခ ဌာနချုပ်ကို စစ်ကူပို့နိုင်ဖို့ အမ်းမြို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ နတ်ရေကန်တောင်မှာ ဗျူဟာကုန်းတစ်ခု အထိုင်ချပြီး စစ်ကြောင်းတွေကို စုနေတယ်လို့ သတင်းရရှိပါတယ်။ အမ်း နပခဌာနချုပ်ကို အဝေးက ပြန်လည်ထိုးစစ်ဆင်ဖို့ အမ်းမြို့ အနီးက နတ်ရေကန်တောင်မှာ လေကြောင်း ၊ခြေလျှင် ၊…