ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကိုဆက်လက်အကောင်အထည်ဖော်ဖို့ မြန်မာနဲ့ တရုတ်အမျိုးသားပိုင်ကုမ္ပဏီ (CITIC)တို့ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမယ့်အချက်တွေနဲ့ စပ်လျဉ်းတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီလ ၂၁ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ (၁)မှာ ကျင်းပခဲ့တယ်။
အစည်းအဝေးမှာ စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် အစုရှယ်ယာရှင်တွေနဲ့ သက်ဆိုင်တဲ့ သဘောတူစာချုပ်ပါအတိုင်း စီမံကိန်းမစတင်ခင် ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမယ့် မြန်မာဘက်က ဆောင် ရွက်ရမယ့်အချက် ၁၀ ချက်၊ မြန်မာ-တရုတ် ပူးပေါင်း ဆောင်ရွက်ရမယ့်အချက် ၄ ချက်တို့ကို သတ်မှတ် ကာလအတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က ပြောခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းစာမှာ ဖော်ပြထားတယ်။
ဖေဖော်ဝါရီ ၁၈ ရက်ကလည်း စစ်ကောင်စီဟာ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို ပြဋ္ဌာန်းပေးလိုက်တယ်။ ဒါတွေဟာ ကျောက်ဖြူကတရုတ်စီမံကိန်းတွေကို ဆက်လုပ်ဖို့ လှမ်းလာတဲ့ ခြေလှမ်း တွေဖြစ်တယ်။ စစ်ကောင်စီဟာ ရခိုင်ပြည်မှာ နယ်မြေအများအပြားကို လက်လွှတ်လိုက်ရပေမယ့် မြို့တော် စစ်တွေနဲ့ တရုတ်စီမံကိန်းတွေ အခြေစိုက်ရာကျောက်ဖြူကို ထိန်းချုပ်ထားနိုင်သေးတယ်ကို ဆက်ပြီး အတည် ပြုနေတဲ့သဘောလည်းဖြစ်တယ်။
ဒီတော့ စစ်ကောင်စီဟာ သူအတည်ပေါက်ကြီးနဲ့ပြောနေသလို ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူး စီးပွားရေးဇုန်စီမံကိန်းတွေကို တကယ်ဆက်လုပ်နိုင်မှာလား။ ဒါဟာ မလွဲမသွေပြုလုပ်ကြရမယ့် ဆွေးနွေးပွဲတွေ အတွက် နိုင်ငံရေးကစားကွက်အဖြစ်လေသံပစ်နေတာလား။ ဒါမှမဟုတ် ဒီအတွက် နောက်ခံအကြောင်းတရား ခိုင်ခိုင်မာမာ လက်ကိုင်ရရှိထားသလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ပေါက်လာပါတယ်။
လက်ရှိရခိုင်ပြည်အနေအထားကို ကြည့်မယ်ဆိုရင် အာရက္ခတပ်တော်ဟာ ရခိုင်ပြည်က လက်ကျန်မြို့ ၃ မြို့အနက် မြို့တော်စစ်တွေကို ဒီဖေဖော်ဝါရီလဆန်းမှာ မြို့သိမ်းတိုက်ပွဲစတင်လိုက်ပြီလို့ ဆိုနိုင်ပါတယ်။ စစ်ကောင်စီဟာ စစ်တွေကို အာရက္ခတပ်တော်အတွက် သတ်ကွင်းလိုမျိုးဖန်တီးထားပေမယ့် စစ်ရေးဗျူဟာ ကောင်းပြီး ပထဝီအနေအထားနဲ့ စိတ်ဓာတ်ပိုင်းပါ သာလွန်နေတဲ့ အာရက္ခတပ်တော်လက်မှာ စစ်တွေဟာ
စစ်ကောင်စီအတွက် သတ်ကွင်းလည်း ပြန်ဖြစ်သွားနိုင်ပါတယ်။
ဒါအပြင် တရုတ်စီမံကိန်းတွေရှိတဲ့အတွက် ကျောက်ဖြူကို မတိုက်ဘဲချန်ထားခဲ့နိုင်တယ်ဆိုတဲ့ ယူဆ ချက်မျိုးဟာလည်း အလုံးစုံမ မှန်ကန်နိုင်တော့ပါဘူး။ အခုဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ကျောက်ဖြူက ဓညဝတီ ရေတပ်စခန်းကို အာရက္ခတပ်တော်က စပြီးတိုက်ပွဲဖော်လိုက်ပြီလို့
ဆိုနိုင်ပါတယ်။ ဓညဝတီရေတပ်စခန်း ကျောဘက်တစ်ခြမ်းလုံးနဲ့ ဆက်စပ်ရမ်းဗြဲတစ်ဒေသလုံးအပြင်၊ ရှေ့ဘက်က မရဇိုင်းတစ်ကျွန်းလုံးဟာလည်း အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီးဖြစ်တယ်။
အဲဒီမရဇိုင်းကျွန်းဟာ အာရက္ခတပ်တော်ထိန်းချုပ်ပြီးဖြစ်တဲ့ အမ်းဒေသနဲ့လည်း ဆက်နေတာဖြစ်တယ်။ ကျောက်ဖြူရော စစ်တွေပါ ကျွန်းအငူဖျားလေးမှာ ပိတ်မိနေတဲ့ အနေအထားမှာသာ ရှိနေတာဖြစ်တယ်။
တစ်ဖက်မှာလည်း အာရက္ခတပ်တော်ဟာ မကွေးနဲ့ပဲခူးတိုင်းကို ထိုးဖောက်ဝင်ရောက်စပြုနေပြီဖြစ် သလို ဧရာဝတီတိုင်းမှာဆိုရင် သာပေါင်း၊ ရေကြည်၊ ငသိုင်းချောင်းကတဆင့် နတခ ရှိရာ ပုသိမ်ကို ဦးတည်ထား တယ်။
မြန်မာပြည်အနောက်ဖက်အခြမ်းနဲ့ဆက်စပ်နေတဲ့ မြေပြန့်လွင်ပြင်ဒေသက PDF တွေအတွက်လည်း အာရက္ခတပ်တော်သည်သာ အကောင်းဆုံးလက်တွဲဖော်နဲ့ အားကိုးရာဖြစ်တာမို့ အာရက္ခတပ်တော်ရဲ့ မြေပြန့် ဒေသစစ်ဆင်ရေးတွေကို အကောင်းဆုံးဝိုင်းဝန်းပုံဖော်ပေးနေကြပြီဖြစ်တယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီဟာ သူ့ရဲ့အားသာချက်လို့ယူဆထားတဲ့ လေကြာင်းတိုက်ခိုက်မှုတွေကို ရခိုင်ပြည်က အရပ်သားပစ်မှတ်တွေအပေါ် ရက်ရက်စက်စက် ရက်ဆက်ဆိုသလို ကျူးလွန်နေခဲ့တာဖြစ်တယ်။
စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ ရခိုင်ပြည် အရပ်ဖက် နေရာ ၃၅ နေရာထက်မနည်းတိုက်ခိုက်ခဲ့ပြီး အဲဒီထဲမှာ လေကြောင်းကနေ အရပ်ဖက် ၂၃ နေရာကို ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်။
ဂွမြို့နယ်တစ်ခုတည်းကိုပင် လေကြောင်းက ၅ ကြိမ် ဗုံးကြဲခဲ့လို့ အရပ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးနဲ့ အထက် ဒဏ်ရာရခဲ့တယ်။ ရခိုင်တစ်ပြည်လုံးအားဖြင့် လက်ရှိရရှိတဲ့သတင်းတွေအရ အနည်းဆုံး ၈၈ ဦး သေဆုံးပြီး ၁၃၁ ဦးနဲ့အထက် ဒဏ်ရာရရှိခဲ့တယ်။
နေအိမ်၊ ဘုန်းကြီးကျောင်း၊ အဆောက်ာ အအုံ ၅၀၀ ထက်မနည်းနဲ့ ကျေးရွာအများအပြား ဖျက်ဆီးခံခဲ့ကြရတယ်။ ဒီတော့ အာရက္ခတပ်တော်အနေနဲ့ ရခိုင်ပြည်တစ်ပြည်လုံးကို တိုက်ခိုက်သိမ်းပိုက်လာပြီးမှ စစ်ကောင်စီ က ရခိုင်ပြည်နယ်အစိုးရ ရှိနေသေးတယ်လို့ ရုပ်လုံးထွက်ပြနေမယ့် မြို့တော်စစ်တွေနဲ့၊ သဘာဝသယံဇာတနဲ့ တရုတ်စီမံကိန်းတွေရှိပြီး ပြည်ပဝင်ငွေရပေါက်ဖြစ်တဲ့ ကျောက်ဖြူကို မတိုက်ဘဲ စစ်ကောင်စီကို ဆက်ပြီးမင်းမူ ခွင့် ပေးထားမှာမဟုတ်လောက်ဘူးလို့ သုံးသပ်နိုင်တယ်။
ရခိုင်ပြည်သူတွေအားလုံးကလည်း ဒီစစ်တွေနဲ့ ကျောက်ဖြူကို ချန်ထားခဲ့မှာကို မလိုလားကြဘူးလို့ မြေပြင်သတင်းတွေ အရ သုံးသပ်ရပါတယ်။ ဒီကိစ္စမှာ ကြားဝင်သူဖြစ်တဲ့ တရုတ်အနေနဲ့လည်း ရခိုင်ပြည်မြို့ရွာတွေက အရပ်သားနေထိုင်ရာနေရာ တွေကို စစ်ကောင်စီက လေကြောင်းကနေ စစ်ရာဇဝတ်မှု ရက်ဆက်ကျူးလွန်နေတာတွေကို ရပ်တန့်ဖို့ ဖိအား မပေးနိုင်ဘဲ စစ်တွေနဲ့ ကျောက်ဖြူမှာ စစ်ကောင်စီဆက်လက်တည်ရှိရေး၊ တရုတ်စီမံကိန်းတွေကို တရုတ်ပုဂ္ဂလိ က လုံခြုံရေးတပ်တွေ တရားဝင်ချထားခွင့်ရရေးနဲ့ စီမံကိန်းတွေဆက်လက် အကောင်အထည်ဖော်ရေးတို့ကိုပဲ အလေးထားနေမယ်ဆိုရင်တော့ ကျောက်ဖြူ၊ စစ်တွေမြို့သိမ်းတိုက်ပွဲတွေရော၊ မြန်မာပြည်အလယ်ပိုင်းထိုးစစ် တွေကိုပါ ဆက်လက်မြင်တွေ့ကြရဖို့က များနေပါတယ်။
ဒီတော့ တရုတ်က ကြားဝင်ဦးဆောင်ပြုလုပ်လာနိုင်တဲ့ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီရဲ့ ဆွေးနွေးပွဲ ဟာ ဆွေးနွေးပွဲဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် TNLA နဲ့ဆွေးနွေးပွဲလိုပဲ အောင်မြင်မှုရဖို့၊ အဖြေတစ်ခု ထုတ်နိုင်ဖို့ကတော့ ခက်မှာဖြစ်ပါတယ်။ နေဝင်းလက်ထက်ကတည်းကနေ မင်းအောင်လှိုင်လက်ထက်အထိ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမြဲအပေါ်စီးကနေ နေရာယူတတ်တဲ့ မြန်မာစစ်တပ်ရဲ့ ကာလံ ဒေသံ အဂ္ဃံ ဓနံကို နားမလည်မှုတွေအပြင် သယံဇာတနဲ့ တရုတ်စီမံကိန်းတွေဆိုင်ရာကိစ္စတွေကြောင့် အာရက္ခ တပ်တော်နဲ့ စစ်ကောင်စီရဲ့ဆွေးနွေးပွဲဟာ
ဖြစ်နိုင်ပေမယ့် ပျက်နိုင်တယ်၊ ကြာနိုင်တယ်လို့ သုံးသပ်ရမှာ ဖြစ်တယ်။
တစ်ကယ်လို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို မရပ်စဲဘဲ တရုတ်ရဲ့ဖိအားကြောင့် ဆွေး နွေးပွဲလုပ်ကြရတာတို့၊ ကျောက်ဖြူ၊ စစ်တွေကနေ စစ်ကောင်စီတပ်တွေနဲ့ အုပ်ချုပ်ရေးတွေ ဆုတ်ခွာပေးရေး ကိစ္စတို့၊ သဘာဝသယံဇာတအကျိုးအမြတ်တွေနဲ့ တရုတ်စီမံကိန်းတွေကိစ္စတို့မှာ အဖြေမထုတ်နိုင်ကြသေးဘဲ စစ်ကောင်စီအနေနဲ့ ကျောက်ဖြူကစီမံကိန်းတွေကို ဆက်လုပ်ဖို့ရာက ဖြစ်နိုင်ချေနည်းပြီး ဟန်ရေးပြနေတာ လောက်သာဖြစ်နိုင်တယ်။ အာရက္ခတပ်တော်အနေနဲ့လည်း စစ်ကောင်စီကိုရော တရုတ်ကိုပါ အမာလိုင်းကနေ လုပ်ပြကိုင်ပြဖို့ အချိန်တန်လာပြီလို့ယူဆကာစစ်ရေးစတင်လှုပ်ရှားလာပြီလို့ သုံးသပ်နိုင်ပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ဟာ ဆွေးနွေးပွဲတွေလုပ်ဖြစ်ကြပြီး ရခိုင့်သယံဇာတတွေနဲ့ အခြား သောစီမံကိန်းကြီးတွေကို ဆွေးနွေးကြတဲ့အခါ တရုတ်ရဲ့ထောင်ချောက်တွေ၊ စစ်ကောင်စီရဲ့ လှည့်ကွက်တွေကို လည်း အထူးသတိပြုကြရမှာဖြစ်တယ်။
ဥပမာ – ပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်စီမံပိုင်ခွင့်၊ အခွန်ဘဏ္ဍာကောက်ခံစီမံပိုင်ခွင့် ဆိုတဲ့သဘာဝသယံဇာတနယ်ပယ် ၃ ရပ်ဆိုင်ရာခွဲဝေမှုတွေမှာ ကမ္ဘာမှာဘာတွေကို အခြေခံပြီး ဆွေးနွေးကြတယ်၊ ဘယ်လိုကဏ္ဍတွေကို ဘယ်လို ခွဲဝေကြတယ်၊ ဘယ်လိုပြဿနာတွေဖြစ်တတ်တယ်ဆိုတာတွေ၊ ဘယ်အချက်တွေကို ဂရုစိုက်ကြတယ် ဆိုတာတွေ။
ဥပမာ – သဘာဝသယံဇာတဝင်ငွေတွေကို ကောက်ခံစီမံပိုင်ခွင့်မှာ ပြည်နယ်အစိုးရတွေက သဘာဝသယံ ဇာတဝင်ငွေတွေကိုကောက်ခံပြီး ညှိနှိုင်းသတ်မှတ်ထားတဲ့ အချိုးအစားတစ်ခုကို ပြည်ထောင်စုသို့ ထည့်ဝင် ခြင်းပုံစံမျိုး၊ သဘာဝသယံဇာတဝင်ငွေအမျိုးအစားအလိုက်ကောက်ခံပိုင်ခွင့်ခွဲဝေကြခြင်းပုံစံမျိုး၊ သဘာဝ သယံဇာတဝင်ငွေတွေကို ဗဟိုအစိုးရက ကောက်ခံပြီး ပြည်နယ်တွေကို အချိုးကျခွဲဝေပေးခြင်းပုံစံ၊ ပေါင်းစပ်ပုံစံ စတာတွေ။
ဥပမာ – ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ပိုက်လိုင်းစီမံကိန်းနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း စတာတွေမှာ ပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်စီမံခန့်ခွဲပိုင်ခွင့်၊ PSC နဲ့ အခြားစာချုပ်စာတမ်းတွေကိစ္စ၊ အခွန်ဘဏ္ဍာ ကောက်ခံရယူပိုင်ခွင့်၊ ပြည်တွင်းသုံးအတွက် သဘာဝဓာတ်ငွေ့ပမာဏကိုခွဲဝေရယူပိုင်ခွင့်၊ ပိုက်လိုင်းစီမံကိန်း ဆိုင်ရာ စာချုပ်တွေပြင်ဆင်ရမယ့်ကိစ္စ၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုများကိစ္စ စတာတွေ။
ရခိုင်သယံဇာတတွေဟာ ရခိုင်ပြည်သူတွေအပေါ်ကို ကျိန်စာတစ်ခုအဖြစ် ကာလကြာရှည် သက် ရောက်ခဲ့ပြီးဖြစ်တယ်။ အခုဟာ အာရက္ခတပ်တော်ရဲ့ စွမ်းဆောင်နိုင်မှုနဲ့ အောင်မြင်မှုတွေကြောင့် အဲဒီကျိန်စာ အဆုံးသတ်ရမယ့် အချိန်အခါ ကျရောက်လာခဲ့ပြီဖြစ်တယ်။
နေထက်မိုးဇော်ရေးသည်။
လေးဝတီ FM
သုံးသပ်ချက်ဆောင်းပါး ။
anabol 5 side effects
References:
https://schoolido.lu/user/bronzefloor4
References:
Lucky Green Royal Reels Casino Australia reviews 2024
References:
Game machines
References:
https://graph.org/Ripper-Casino-Review-Bonuses–Games-04-20
References:
Hollywood casino west virginia
References:
https://wild-casino.online-spielhallen.de/
References:
Monte casino bird park
References:
https://druckgluck-casino-erfahrungen.online-spielhallen.de/
References:
Freiburg im Breisgau
References:
https://powbet-casino.online-spielhallen.de/
References:
Karlsruhe
References:
https://bellagio-hotel-and-casino-las-vegas-nv.online-spielhallen.de/
References:
Ulm
References:
https://risk-casino.online-spielhallen.de/
References:
Osnabrück
References:
https://book-of-dead-casino.online-spielhallen.de/
new zealand pharmacy domperidone cheapest pharmacy to fill prescriptions without insurance authentic cialis online pharmacy
References:
Las vegas usa casino
References:
https://graph.org/Is-Gambling-A-Mental-Illness-04-27
References:
Luxor casino
References:
https://graph.org/Where-Is-The-Gold-Pokies-In-Australia-04-27