Tag: rakhine
ကျိန္တလီ ကို ဂျက်ဖိုက်တာနဲ့ လာပစ် သားအမိနှစ်ဦိးသေဆုံး ၊ သုံးဦးဒဏ်ရာပြင်းထန်
ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီကျေးရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ဒေသခံ သားအမိနှစ်ဦး သေဆုံးခဲ့ပါတယ်။ ကျိန္တလီမြို့ နယ် အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၃) ရပ်ကွက်ကို…
ဧရာဝတီ နဲ့ ရခိုင်ကြားမှာ စစ်ကောင်စီပြန်လည် စစ်ရေးလှုပ်ရှား လာ ၊ ဂွမြို့နယ်ကို လေကြောင်းတိုက်ခိုက်
ရခိုင်နဲ့ ဧရာဝတီ တိုင်းအကြားမှာ ရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေပြီး နယ်နိမိတ်ထိစစ်နေတဲ့ ဂွမြို့နယ် ထဲ က ကျေးရွာတွေကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်က ဂွမြို့နယ် ကျိန္တလီမြို့နယ် ခွဲကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။ ဒါအပြင် ဧရာဝတီတိုင်း ရေကြည်မြို့…
အာရက္ခ ပြည်သစ်တည်ဆောက်ခြင်း နှင့် စီးပွားရေးအခြေခံများ
အာရက္ခပြည်၏ စီးပွားရေးကို ပြန်လည်တည်ဆောက်ရာတွင် ပြည်တွင်းစားသုံးမှု ခိုင်လုံပြီး တိုင်းပြည် ၏ စီးပွားရေးကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင် လုပ်ဆောင်ရန်အတွက် ပထမမျိုးဆက်များသည် အခြေခံကျသော မူဝါဒများကို ချမှတ်ဆောင်ရွက်ရမည် ဖြစ်သည်။ အာရက္ခပြည်သည် အဓိကစီးပွားရေးအဖြစ် မည်သည်ကို အခြေပြုမည်နည်း။ တိုင်းပြည်၏ အဓိကဝင်ငွေကို မည်သည့်စီးပွားရေးမှ ရရှိမည်နည်း။ ဗမာအစိုးရအဆက်ဆက်သုံးနှုန်းခဲ့သော…
စစ်တွေ က စစ်ကောင်စီ စခန်းတွေ ဆက်လက် ထိုးစစ်ဆင်ခံနေရ တိုက်ပွဲအတွင်း ဒဏ်ရာ ရသူတွေကို စစ်တွေမြို့ စစ်ဆေးရုံ ကိုယူဆောင်
ရခိုင်ပြည် စစ်တွေမြို့ မှာ အာရက္ခတပ်တော်က စစ်ကောင်စီ ရဲ့ တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေပြီး ၊ ဒဏ်ရာရ စစ်ကောင်စီ တပ်သားတွေကို စစ်တွေ တပ်ဆေးရုံကို ပို့နေ ရတယ် လို့ မြေပြင် သတင်းရရှိပါတယ်။ စစ်တွေ မြို့ အမြင့်ကျွန်း ၊ ကျားမသောက်၊ ပါဒလိတ်…
အရပ်သားတွေ ပြန်နေထိုင်ခွင့်ပြုထားတဲ့ မောင်တော မြို့ကို မိုင်းရှင်းလင်း
မြန်မာ-ဘဂ်လားဒေ့ရှ် နယ်စပ်မြို့တစ်မြို့ ဖြစ်တဲ့ မောင်တောမြို့ကို အာရက္ခတပ်တော်က မြေမြုပ်မှိုင်းနဲ့ စစ်ကျန်လက်နက် တွေ ရှင်းလင်းမှု ဆောင်ရွက်နေတယ် လို့ သတင်းရရှိပါတယ်။ ခြောက်လကျော်ကြာ မြို့တွင်းမြို့ပြင် တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နဲ့ အနီးဝန်းကျင်မှာ မြေမြုပ်မှိုင်းတွေ များစွာရှိနေပြီး အာရက္ခတပ်တော် က စတင်ကိုင်တွယ်ရှင်းလင်းနေတာ ဖြစ်ပါတယ်။ မောင်တောမြို့…
မလေးရှားနိုင်ငံမှာ ရခိုင်အမျိုးသမီး (၂) ဦးအပါအဝင် စုစုပေါင်း ၈ ဦး ပြန်ပေးဆွဲခံရ
မလေးရှားနိုင်ငံမှာ ရခိုင်လူမျိုး အမျိုးသမီး(၂) ဦးအပါအဝင် စုစုပေါင်း (၈) ဦးကို ပြန်ပေးဆွဲ ဖမ်းဆီးထားပြီး မိသားစုကို မြန်မာငွေသိန်း ရာချီတောင်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မလေးရှားနိုင်ငံ ချားလ်လမ်း မြို့အနီးဝန်းကျင်မှာနေထိုင်တဲ့ ရခိုင်လူမျိုး (၇) ဦးနဲ့ ချင်းလူမျိုး (၁) ဦးတို့ကို အဲ့ဒီမြို့က ပွဲစားက…
နေဗီသောင်းကျန်းနေမှုကြောင့် ရခိုင်က ရေလုပ်သားတွေ အသက်စွန့်ပြီး ငါးရှာနေရ
ရခိုင်ပြည် ရဲ့ မြို့အများစုမှာ စစ်ကောင်စီ ကင်းစင်ပြီလို့ ထင်ရပေမယ့် ပင်လယ်ရေပြင်နေရာ တော်တော်များများတော့ စစ်ကောင်စီနေဗီသဘေ်ာတွေလှည့်လည် သွားလာနေဆဲ ဖြစ်ပြီး ပင်လယ်ပြင်မှာ ငါးဖမ်းထွက်ကြတဲ့ ရေလုပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ ပစ်ခတ်မှုတွေ ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။ ရခိုင်ပြည် မြေပုံမြို့နယ် ဖဒူကျွန်း ၊ ဆံတော်ရှင်…
စစ်တွေ အနီးဝန်းကျင်က စစ်ကောင်စီစခန်း တွေကိုအာရက္ခတပ်တော် ထိုးစစ်ဆင်နေ
စစ်တွေမြို့ အထွက်က ကျားမသောက်တပ်နယ် ဂိတ်အပါအဝင် နေရာသုံးခုမှာရှိတဲ့ စစ်ကောင်စီရဲ့ ကာကင်စခန်းတွေကို အာရက္ခတပ်တော် AA က ဖေဖော်ဝါရီ ၅ ရက်နေ့မှာ လက်နက်ကြီးနဲ့ စတင်ထိုးစစ်ဆင်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။ စစ်တွေမြို့ နဲ့ အနီးဆုံးမှာ ရှိတဲ့ကျေးရွာတွေ ဖြစ်တဲ့ ကျားမသောက်ကျေးရွာ၊ ဝါဘိုကျေးရွာ၊…
နိုင်ငံရေးအရ ဆွေးနွေးမှုမှာ ပြည်သူအတွက် မဖြစ်မနေထည့်သွင်းဆွေးနွေးရမည့် အချက်များ
ရခိုင်ပြည်က မြို့ ၁၄ မြို့ကို သိမ်းပိုက်ထားပြီး ၊ စစ်ကောင်စီကင်းစင်းတဲ့ မြို့တွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်နေတဲ့အာရက္ခတပ်တော် AA နဲ့ အာဏာသိမ်း စစ်ကောင်စီတို့ဟာ မကြာခင်မှာ နိုင်ငံရေး အရ ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကလည်း ဒီသတင်းစကားကို ပြောဆိုနေကြသလို၊ ULA/AA…
ကလေးတွေ ဆီကို ဉီးတည်လာတဲ့ စစ်ဘေးစစ်ဒဏ်
စစ်ပွဲရဲ့ နောက်ဆက်တွဲရိုက်ခတ်မှုဟာ ကလေးတွေဆီကို ပြင်းပြင်းထန်ထန် ကျရောက်လာခဲ့ပါတယ်။ရခိုင်ပြည်မှာ ၂၀၂၄ ခုနှစ် တစ်နှစ်လုံး တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ရခိုင်ပြည်သူလူထုဟာလည်း ကျောကော့နေအောင် စစ်ဘေး စစ်ဒဏ်ကို ခံစား ခဲ့ရပါတယ်။ စားစရာ ဆန်မရှိလို့ မိုင်ဆယ်ချီခရီးထွက်ပြီး အလှူခံစားရတာတွေ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေမြုပ်မှိုင်းတွေကြောင့် ခြေပြတ်လက်ပြတ်ဖြစ်သွားတဲ့ ဘဝတွေ ၊…