Laywaddy FM

Tag: rakhine

Tag: rakhine

မိုင်ရာချီတဲ့ “အမ်းရိုးမ ၊ အမ်းတောင်ကြားလမ်း” ကို ခြေလျှင်ကျော်ဖြတ် စစ်ရှောင်နေရ

မိုင်ရာချီတဲ့ “အမ်းရိုးမ ၊ အမ်းတောင်ကြားလမ်း” ကို ခြေလျှင်ကျော်ဖြတ် စစ်ရှောင်နေရ

ရခိုင်ပြည် အမ်းမြို့နယ်နဲ့ တောင်ကုတ်မြို့နယ် တို့ က ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ အမ်းရိုးမ ကို ခြေလျှင်ကျော်ဖြတ်ပြီး စစ်ရှောင်နေကြရတယ် လို့ သတင်းရရှိပါတယ်။ ရခိုင်ရိုးမတောကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ အမ်းတောင်ကြားလမ်း ရဲ့ ခြေလျှင်လမ်းပိုင်းတွေက ဖြတ်သန်းထွက်ခွာကြရပြီး ၆ ရက် ၇ ရက်အထိ ခြေလျှင်…

ကျောက်ဖြူက ဘီလျံဒေါ်လာချီတဲ့ စီမံကိန်းကြီးတွေ AA ထိမ်းချုပ်နယ်မြေတွေအတွင်း ပိတ်မိတော့မှာလား

ကျောက်ဖြူက ဘီလျံဒေါ်လာချီတဲ့ စီမံကိန်းကြီးတွေ AA ထိမ်းချုပ်နယ်မြေတွေအတွင်း ပိတ်မိတော့မှာလား

မြန်မာအာဏာရှင်တွေ နဲ့ လက်မှတ်ထိုးပြီး ဆယ်စုနှစ်ကြာအောင် အဆီအနှစ်တွေ သဲ့ ထုတ်ယူနေ တဲ့ ရခိုင်ကမ်းရိုးတန်းမှာအခြေစိုက်ထားတဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ တရုတ်စီမံကိန်းတွေဟာ ဒီကနေ့မှာတော့ အရင်ကလို သက်တောင့်သက်သာ သဲ့ထုတ်နေလို့မရတော့ပါဘူး။ အာရက္ခတပ်တော် AA က ကမ်းရိုးတန်း နဲ့ ရိုးမ တောင်တန်းတွေပါ မကျန် မြေလှန်ထိုးစစ်ဆင်နေပြီး တရုတ်နဲ့…

ဩဂုတ်လ ၁၅ ရက် ညပိုင်းက ကျိန္တလီမြို့ကို စစ်ကောင်စီ ဗုံးကြဲခဲ့ တဲ့အတွက် ‌မြို့ထဲက ဆေးရုံ ပျက်စီးခဲ့တဲ့ မြင်ကွင်း ဖြစ်ပါတယ်။

ဩဂုတ်လ ၁၅ ရက် ညပိုင်းက ကျိန္တလီမြို့ကို စစ်ကောင်စီ ဗုံးကြဲခဲ့ တဲ့အတွက် ‌မြို့ထဲက ဆေးရုံ ပျက်စီးခဲ့တဲ့ မြင်ကွင်း ဖြစ်ပါတယ်။

စစ်ကောင်စီ ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တရက်တည်း မှာပဲ ကျိန္တလီ မြို့တွင်းက ခရစ်ယန်ဘုရားကျောင်း ကို ထိမှန်ခဲ့ပါသေးတယ်။ အဲ့ဒီမှာ စစ်ရှောင်နေတဲ့ အရပ်သား ပြည်သူ ၁၀ ဉီးသေဆုံးခဲ့ ပြီး နောက်ထပ် ၁၀ ဉီးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ထဲက သောကသည် တောင်သူများ

ကျောက်ဖြူအထူးစီးပွားရေးဇုန်ထဲက သောကသည် တောင်သူများ

ကျောက်ဖြူအထူးစီးပွားရေးဇုန်ထဲက သောကသည် တောင်သူများ မင်းသစ်အိမ် - ရေးသည် “ ဘကြီးမှာ လယ်ဘယ်လောက်ရှိတယ်ဆိုတာကို မင်းတို့တိုင်းတာကြ၊ အဲလိုပြောပေမယ့် ခန့်မှန်းပြီးမှပဲ တိုင်းယူ သွားတာ။ အမှန်တကယ်က ဧက ဘယ်လောက်ရှိတယ်ဆိုတာကို တိုင်းရမှာ။ ဥပမာ ငါတို့ အဘိုးအဘွား လက် ထက်က ငါရထားတာ ၃…

မောင်တော စစ်ပွဲကြားက မွတ်ဆလင်ပြည်သူ အချို့ကို AA ကယ်ထုတ်

မောင်တော စစ်ပွဲကြားက မွတ်ဆလင်ပြည်သူ အချို့ကို AA ကယ်ထုတ်

အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ မောင်တော ဒေသခံ မွတ်ဆလင်များကို ကယ်ထုတ်နေစဉ်

ကျိန္တလီတိုက်ပွဲတွင် အရပ်သားအချို့သေဆုံး၊ စစ်ကောင်စီ တပ်ဆုတ်သွား

ကျိန္တလီတိုက်ပွဲတွင် အရပ်သားအချို့သေဆုံး၊ စစ်ကောင်စီ တပ်ဆုတ်သွား

ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့တွင် အာရက္ခတပ်တော် နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဆိုပါတိုက်ပွဲကြောင့် အရပ်သားအချို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။ "ဒီနေ့ ကျိန္တလီကနေ သံတွဲဘက်ကို ပြန်လာတာမှာ လမ်းပေါ်မှာ လက်နက်ထိလို့ သေနေတဲ့ အမျိုးသမီးအလောင်းတွေ တွေ့ခဲ့တယ်။ အရေအတွက် မရေနိုင်ခဲ့ဘူး။ လက်နက်သံတွေက ကြားနေရတုန်းဆိုတော့ အမြန်ပဲ…

စစ်တွေမြို့ မှာ အထိုင်ချထားတဲ့ ရေတပ်ကို ကာကွယ်ဖို့ ပင်လယ်ထွက်ပေါက် ရှိရာ ပွိုင့်ကမ်းခြေကို သံဆူးကြိုးကာနေတဲ့စစ်ကောင်စီ

စစ်တွေမြို့ မှာ အထိုင်ချထားတဲ့ ရေတပ်ကို ကာကွယ်ဖို့ ပင်လယ်ထွက်ပေါက် ရှိရာ ပွိုင့်ကမ်းခြေကို သံဆူးကြိုးကာနေတဲ့စစ်ကောင်စီ

လူဇော် အာရက္ခတပ်တော် AA တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် စစ်တွေမြို့မှာ စစ်ကောင်စီ ရေတပ်စခန်းအနီး တဝိုက်မှာ သံဆူးကြိုးခေါ်ချိန်းဘလိတ်တွေ ကာရံနေတယ်လို့ မြို့ခံတွေကပြောပါတယ်။ စစ်တွေမြို့ ပင်လယ်ဘက် အခြမ်းမှာရှိတဲ့ ရေတပ်စခန်း ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး အဲ့ဒီရေတပ်မကျ ဆုံးရေးအတွက် ပွိုင့်ကမ်းခြေ နဲ့ စစ်တွေမြို့ ပင်လယ်ထွက်ပေါက်တွေကို…