ယနေ့ Tuesday, 21st January 2025
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

စစ်ကောင်စီလေကြောင်းက ဗုံးကြဲ ၊ တောင်ကုတ်မြို့မစျေးမီးလောင်ပျက်စီး

စစ်ကောင်စီလေကြောင်းက ဗုံးကြဲ ၊ တောင်ကုတ်မြို့မစျေးမီးလောင်ပျက်စီး

ရခိုင်ပြည်တောင်ကုတ်မြို့အခြေစိုက်တပ်မ စကခ (၅) ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

စစ်ကောင်စီဟာ သူ့ရဲ့ တပ်မ မကျရေးအတွက် လေကြောင်းက အဆက်မပြတ်ခုခံတိုက်ခိုက်နေတဲ့ အတွက်တောင်ကုတ်မြို့မ ဈေးကို လက်နက်ထိမှန်ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ သတင်းရ ရှိပါတယ်။

“တောင်ကုတ်တိုက်ပွဲက ဒီရက်ပိုင်း ဒီဇင်ဘာလ ထဲ မှာ ပိုပြီးပြင်းထန်လာတယ် ။ မနေ့က Y12 လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတွေ လာကြဲချတာ မြို့မဈေးကို ကျပြီး မီးလောင်သွားတယ် “ လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တောင်ကုတ်မြို့မ ဈေးဟာ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ရှိပြီး မြို့သူမြို့သားတွေ အဓိက ရောင်းဝယ်ဖောက်ကားတဲ့နေရာလည်းဖြစ်ပါတယ်။

“မပြောချင်တော့ယာ (ဘူး) ၊ အကုန် ကုန်(ယာ)ဘယ်က ဘယ်လို ပြန်စရမှန်းမသိတော့ဘူး “ လို့ တောင်ကုတ်မြို့ဒေသခံတစ်ဉီးက ပြောပါတယ်။

စကခ(၅) ဟာ သံတွဲ-တောင်ကုတ် ကားလမ်းပိုင်းပေါ်က တောင်ကုတ်မြို့အဝင်မှာ ရှိပြီး တောင်ကုတ်မြို့မဈေး ကတော့ မြို့ထဲမှာ ရှိတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ ထိုးစစ်ဆင်ခံနေရတဲ့ စကခ(၅) အနီးဝန်းကျင် ဧရိယာ တော်တော်များများကို လေကြောင်းက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

တောင်ကုတ်မြို့အနီး ဝန်းကျင်က ကျေးရွာများ ကိုလည်း လေကြောင်းက နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ဒီဇင်ဘာ (၁) ရက်နေ့က ခရိုင်ကျေးရွာ ကို ပေါင်း ၅၀၀ ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ပြည်သူ နှစ်ဉီးသေဆုံးပြီး အရပ်သား ၂၀ ကျော်ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

တောင်ကုတ်မြို့ တစ်ခုလုံးကို သိမ်းပိုက်ပြီးကြောင်း အာရက္ခတပ်တော် AA က ကြေညာပြီး စကခ(၅) ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

အဉ္စနလီညှင်း (လေးဝတီFM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *