Laywaddy FM

(အမ်း)အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်က အရေးပါတဲ့ မဲတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် AA သိမ်းပိုက်

ဝဠာဟိန်း (လေးဝတီFM)

ရခိုင်ပြည်နယ် စစ်ဌာနချုပ်ဖြစ်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်က မဲတောင်ဗျူဟာကုန်းကို အောက်တိုဘာ ၇ ရက်ညပိုင်းက အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။

အဲ့ဒီ အမ်းမြို့နယ် မဲတောင်ဗျူဟာကုန်းမှာ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ နဲ့ စကခ (၅) လက်အောက်ခံ ခမရ( ၃၄၆ ) ၊ ခမရ (၃၇၃) ၊ ခမရ (၃၇၂) တပ်ရင်းတွေ စုပေါင်းထားတာဖြစ်ပါတယ်။

ဒါအပြင် အကူတပ်တွေဖြစ်တဲ့ စစ်ကိုင်းတိုင်း ၊ ကလေး ၊ မော်လိုက် ၊ ဟုမ္မလင်းအခြေစိုက် စကခ(၁၀) လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၆၂) ၊ ခမရ (၃၆၅) နဲ့ ခမရ (၃၆၉) တပ်ရင်းတွေ လည်း အင်အားစုပေါင်းခုခံနေကြတာဖြစ်တယ်လို့ AA ဘက်က ထုတ်ပြန်ပါတယ်။

အမ်းဌာနချုပ်ပတ်ဝန်းကျင်၌ လှုပ်ရှားကြတဲ့ အဲ့ဒီတပ်တွေဟာ မဲတောင်ဗျုဟာကုန်းက နေ ခုခံနေကြတာဖြစ်ပြီး အောက်တိုဘာ ၇ ရက် ညနေပိုင်းက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

မဲတောင်ဗျူဟာကုန်းကို စက်တင်ဘာ ၂၆ ရက်ကတည်းက ထိုးစစ်ဆင်ခဲ့ပြီး အမ်းမြို့နယ် ကျောက်စကွဲကျေးရွာ ရဲ့ အနောက်ဘက် တောင်ကျောတွေက စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Kay Zue

Related Posts

One thought on “(အမ်း)အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်က အရေးပါတဲ့ မဲတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် AA သိမ်းပိုက်

Leave a Reply

Your email address will not be published. Required fields are marked *