Laywaddy FM

ဂွမြို့နယ်က အရေးကြီးစစ် ကောင်စီစခန်းတွေကို AA ထိုးစစ်ဆင်

ဂွမြို့နယ်က အရေးကြီးစစ် ကောင်စီစခန်းတွေကို AA ထိုးစစ်ဆင်

ရခိုင်ပြည် ရဲ့ တောင်ဘက် အစွန်ဆုံးအနားသတ်မြို့ဖြစ်တဲ့ ဂွမြို့ ကိုသိမ်းပိုက်နိုင်ရေး အတွက် မနေ့ည နေပိုင်းက စတင်ပြီး ကျိန္တလီမှာ ရှိတဲ့ စစ်ကောင်စီ စခန်းတွေကို အာရက္ခတပ်တော် AA က စတင်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

“မနေ့က ည နေ ခြောက်နာရီလောက်မှာ AA က ကျိန္တလီက ရဲစခန်းတောင် နဲ့ စစ်ကောင်စီ တပ်ချထားတဲ့နေရာတွေကို ဒရုန်းနဲ့ ချတယ်။ ၊ ရဲစန်းတောင် မီးလောင်သွားတယ် စစ်ကောင်စီဘက်ကလည်း နေဗီက ပစ်ကူပေးနေတယ်၊ လက်နက်ကြီးတွေက မြို့ဘက်ကိုထိတယ်” လို့ ဒေသခံတစ်ဉီးက လေး၀တီ ကို ပြောပါတယ်။

ကျိန္တလီမြို့ဟာ ဂွမြို့ အနီး က ကျေးရွာအုပ်စုကြီဖြစ်ပြီးမြို့နယ် ခွဲအဖြစ်သတ်မှတ်ကာ ဒေသတွင်း ကူးသန်းရောင်း၀◌ယ် ရေး အတွက် အားထားရတဲ့‌ နေရာတစ်ခုဖြစ်ပါတယ်။

“ကျိန္တလီ အနားမှာအဆင်သင့်ထားတဲ့ရေတပ် သဘေ်ာက လှမ်းပစ်တယ် အရင်တုန်းကတော့ တခြားဘေးပတ်ရှာလည်တွေ ကို ပစ်တာပေါ့ ညကတော့ ဒီကိုတည့်တည့်ပစ်တာ သဖန်းကွင်းမှာလည်း စစ်ကောင်စီဘက်က လေယာဉ်တွေ ၀ဲဲ နေတယ် ” လို့ အဲ့ဒီကျေးရွာ အနီးမှာ စစ်ရှောင်နေ တဲ့ ဒေသခံ တစ်ဉီးကပြောပါတယ်။

သံတွဲမြို့ သိမ်းတိုက်ပွဲအတွင်းက တိမ်းရှောင်လာတဲ့ စစ်ရှောင်အများစုဟာကျိန္တလီမှာ နေထိုင်ကြပါတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ ကျိန္တလီကို အင်အားအများအပြားဖြည့်ထားပြီး ဂွမြို့ အတွက် ခုခံစစ်ကို ပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။

Kay Zue

Related Posts

One thought on “ဂွမြို့နယ်က အရေးကြီးစစ် ကောင်စီစခန်းတွေကို AA ထိုးစစ်ဆင်

Leave a Reply

Your email address will not be published. Required fields are marked *