ရခိုင်ပြည် တောင်ကုတ် နဲ့ ဥသျှစ်ပင် ရိုးမလမ်း ပေါ်တွင် ရှိတဲ့ ညောင်ကျိုး နဲ့ ချင်းကုန်းဗျုဟာ ကို AA နဲ့ တော်လှန်ရေး တပ်ဖွဲ့၀င်များက အချိန်မြှင့်တိုက်ခိုက်နေပြီးထိပ်ပိုင်းဆိုင်ရာ အရာရှိများ အပါအဝင် တပ်ဖွဲ့၀င်အချို့ ညောင်ခြေထောက်ကျေးရွာဖက်ကို တပ်ဆုတ်သွားတယ်လို့ သတင်းရရှိပါတယ်။
တစ်ပတ်ကျော်ကြာ ထိုးစစ်ဆင်ခြင်းကို ပြင်းပြင်းထန်ထန် ခံနေရတဲ့ ညောင်ကျိူး နဲ့ ချင်းကုန်းစခန်းကို စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ၊စက်တပ်လေထီး၊ဒရုန်းလက်နက်ကြီးစစ်ကူတပ်များ နဲ့ ခုခံနေပေမယ့် အကျအရှုံးများနေတာကြောင့် ဗျုဟာပြောင်း ပုံစံနဲ့ တပ်အရာရှိအပါအ၀င် တပ်တချို့ နောက်ဆုတ်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီFMကို ပြောပါတယ်။
“မနေ့ည ညည့်ကတည်းက အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်း တပ်နောက်ဆုတ်လာတယ်၊ အရာရှိပါတယ်လို့ သိရတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ညောင်ခြေထောက်ကျေးရွာကို စစ်ရေးအရ ပြင်ဆင်ထားပြီး ကျေးရွာသားများကို နှင်ထုတ်ထားကာ အခုလို တပ်ဆုတ် နေရာပြန်ယူထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ညောင်ကျိုးနဲ့ ချင်းကုန်းက အထိအခိုက်ဒဏ်ရာရ စစ်သည်တွေကို စစ်ကူ စစ်ကြောင်းက တဆင့် ဥသျှစ်ပင်ကို သယ်ဆောင်ထားပြီး ပြည် မှတဆင့်ရန်ကုန် မဂ်လာဒုံ စစ်တပ်ဆေးရုံကို ပို့ဆောင်ပေးနေရတယ်လို့ စစ်ရေး စောင့်ကြည်သူ တစ်ဦးကလည်း ပြောပါတယ်။
“ပထမ ဥသျှစ်ပင်ကိုယူတယ် ၊ ပြီးမှ ကား နဲ့ သယ်ပြီး ပြည်ကနေ မဂ်လာဒုံကို ပို့နေတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီ ဘက်က ညောင်ကျိုး နဲ့ ချင်းကုန်းကို အဓိကထား ခုခံနေပြီး ပန်းတောင်းမြို့နယ် တောလမ်း နဲ့ ဥသျှစ်ပင်တောလမ်းက စစ်ကူစစ်ကြောင်းတွေကို ပို့ကာအရပ်သား အိမ်စီးကားများဖမ်းပြီး ဒေသခံတွေကို လူသားဒိုင်းကာလုပ်ကာ စားနက်ရိက္ခာ နဲ့ လက်နက်ခဲများပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
အမ်းချောင်းသူ
လေး၀တီFM
References:
Video blackjack https://flashjournal.site/item/hit-prospekt-angebote-der-woche-online-bl-ttern
References:
Live baccarat online Lunubet Casino Spiele
References:
Neteller india https://jobszimbabwe.co.zw/