Laywaddy FM

ထွန်းရဝေကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၉ ဦးထိတိုးလာ

ထွန်းရဝေကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၉ ဦးထိတိုးလာ

ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာမှာ ဒီကနေ့ မနက် က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးမှုအရေအတွက်မှာ ၁၉ ဦးထိ တိုးလာတယ်လို့ သတင်းရရှိပါတယ်။

“ကလေး လူကြီး ၁၉ ဦးထိ တိုးလာပါတယ်၊ ဒဏ်ရာပြင်းထန်သူတွေ များပါတယ် “ လို့ ULA/AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က လေးဝတီ FM ကို အတည်ပြုပါတယ်။

မေလ ၁၃ ရက် မနက် ၁၀ နာရီကျော်က လေကြောင်းတိုက်ခိုက်ခံရပြီး ၁၃ ဦးပွဲချင်းပြီးသေဆုံးခဲ့ပေမယ့် နောက်ထပ်ပြင်းထန် ဒဏ်ရာရခဲ့သူအချို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ညနေပိုင်းမှာ အတည်ပြုပါတယ်။

ဒဏ်ရာရရှိသူအရေအတွက် ဟာ သုံးဆယ်ကျော်ရှိနေပြီး အရေးပေါ်ဆေးကုသမှုတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ပေါင် ၅၀၀ ပဒေသာဗုံးတွေ နဲ့ တိုက်ခိုက်ခဲ့ တဲ့ အတွက် ထိမှန်ခဲ့တဲ့အဲ့ဒီရပ်ကွက်က နေအိမ်တချို့ ဟာ အိမ်လုံးကျွတ် ပျက်စီးသွားကြပါတယ်။

သေဆုံးသူတွေ ထဲမှာ အသက် ၃ နှစ်အရွယ်ကလေးငယ်တွေ အထိ ပါဝင်နေပြီး အမျိုးသမီး နဲ့ ကလေးငယ်တွေ အများအပြားထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

အမ်းချောင်းသူ ၊ လေးဝတီ FM

Kay Zue

Related Posts

26 thoughts on “ထွန်းရဝေကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၉ ဦးထိတိုးလာ

  1. Пинко Казино предлагает широкий выбор онлайн-игр и азартных развлечений.
    Pinco Casino
    Выбирая Pinco Casino, вы делаете ставку на надежность и комфорт.

  2. Перед матчами Лиги чемпионов изучал обзор букмекерских платформ https://pitir.ru/ya-otdal-moshennikam-50-000-rublej-i-edinstvennoe-o-chyom-zhaleyu-chto-ne-potratil-30-minut-na-proverku/, материал про букмекеров оказался полезным.

Leave a Reply

Your email address will not be published. Required fields are marked *