ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စစ်ကောင်စီ နှင့် အာရက္ခတပ်တော် တို့ ဖြစ်ပွားနေသော
တိုက်ပွဲကြောင့် စစ်ကောင်စီဘက်မှ အကျအဆုံးများနေပြီး ဒဏ်ရာရရှိနေသော တပ်သားများကို
သံတွဲဆေးရုံတွင် ဆေးကုသခံနေရကြောင်း သိရပါတယ်။
\”သံတွဲဆေးရုံရဲ့ သံဃာကုအဆောက်အအုံကို လုံခြုံရေးချထားတယ်။ စစ်သားတွေ
သယ်လာတာတွေ တွေ့တယ်။ တိတ်တိတ် လာကုသနေတာထင်တယ်။ အဲနားကို သွားလာခွင့်
မပြုဘူး\” လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။
သူဌေးရေးအားလျှပ်စစ်စီမံကိန်းအနီး ပုရစ်ရေကောက် နှင့် ဒေါ်မြရွာ အနီးတွင် ဖြစ်ပွားနေသော
စစ်ကောင်စီ နှင့် အာရက္ခတပ်တော် တို့ တိုက်ပွဲကြောင့် စစ်ကောင်စီမှ ဗိုလ်ကြီးအပါအဝင် ၄၀
ကျော် သေဆုံးကြောင်း သိရပါတယ်။
\”ပုရစ်ရေကောက်ရွာက ဘုန်းကြီးကျောင်းနားမှာ ဗိုလ်ကြီးတစ်ယောက်အလောင်းကို
စစ်ကောင်စီက မြှုပ်နှံထားတယ်။ အခြားအလောင်းတွေကိုတော့ AA က ပစ်နေလို့
ကောက်မရကြဘူး။ ဒဏ်ရာရတဲ့သူတွေကိုတော့ သံတွဲဘက်ကို သယ်သွားတာ တွေ့နေရတယ်\”
လို့ ရွှေလှေရွာသားတစ်ဦးက ဆိုပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့နယ် သံတွဲ-တောင်ကုတ် လမ်းဘေးရှိ ပုရစ်ရေကောက် နှင့်
ဒေါ်မြရွာတိုက်ပွဲတွင် စစ်ကောင်စီမှ အထိနာနေသဖြင့် စစ်ကောင်စီမှ လေကြောင်း၊
ရေကြောင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်းလည်း သိရပါတယ်။
Thank you, I’ve recently been looking for info about this topic for ages and yours is the greatest I have discovered till now. But, what about the conclusion? Are you sure about the source?