Category: သတင်း

ရွှေသောင်ယံကမ်းခြေ ဘောမိအထက်ပိုင်းကို အာရက္ခတပ်တော် သိမ်းပိုက်ထား (အကျအဆုံးတွေနဲ့ စစ်ကောင်စီနောက်ဆုတ်)
ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေအနီးက ဘောမိရွာအထက်ပိုင်း(ချောင်းဖျား) ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး အကျအဆုံးတွေနဲ့ စစ်ကောင်စီ စစ်ကြောင်း နောက်ဆုတ်သွားတယ်လို့ သတင်းရရှိပါတယ်။ ရွှေသောင်ယံကမ်းခြေ ဘောမိအထက်ချောင်းဖျားဘက်ကနေ တိုက်ပွဲစတင်ခဲ့ပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြားမှာ မြေပြင်တပ်စခန်းတွေကို ဇန်နဝါရီ ၁၆ ရက်က ထိမ်းချုပ်လိုက်တယ် လို့ဆိုပါတယ်။ "ဘောမိအထက်ပိုင်းကို AA ဘက်က ထိန်းလိုက်တဲ့အချိန်မှာ…

အာရက္ခတပ်တော် AA ထိုးစစ်ကို ခုခံဖို့ စစ်တွေ ဒကစ ပြင်ဆင်ထားတဲ့ ခံစစ်ဗျူဟာများ
တိုက်ပွဲအရိပ်အယောင်တွေ ဖြစ်ပေါ်စပြုလာတဲ့ စစ်တွေမြို့ မှာ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကို ခုခံဖို့ စစ်ကောင်စီဘက်က ရေတပ်ကို အဓိက အားထားပြင်ဆင်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ ဆီက သတင်းရရှိပါတယ်။ စစ်ကောင်စီရေတပ်ဟာ ရွှေမင်းဂံ ၊ဆတ်ရိုးကျ ၊ မင်းဂံ၀၊ စစ်တွေပွိုင့် ၊ ပေါက်တောမြစ်ဝ ၊…

ပြည်ခရိုင်အတွင်းတိုက်ပွဲရောက်ရှိလာ၊ ဉသျှစ်ပင်မှာ လူငယ်တွေကိုပေါ်တာဆွဲပြီး စစ်ကောင်စီခံစစ်ပြင်
စစ်ကောင်စီဟာ တောင်ကုတ်-ဉသျှစ်ပင် ရိုးမလမ်းပေါ်က လမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ ဂိတ်စခန်းတွေကို ရိက္ခာပို့ဆောင်ဖို့ ဇန်နဝါရီလ ဒုတိယ အပတ်က စပြီး ဉသျှစ်ပင်မြို့နယ်က အိမ်စီးကားတွေ ၊ ကုန်တင်ကားတွေနဲ့ အတူ လူငယ်တွေကိုပါ ပေါ်တာဆွဲနေတယ်လို့ သတင်းရရှိပါတယ်။ ပဲခူးတိုင်း ပြည်ခရိုင် အတွင်းက ဉသျှစ်ပင် နဲ့ ပန်းတောင်းမြို့နယ် အစပ်တွေမှာ…

တောင်ကုတ်- ပန်းတောင်း လမ်း ပိုင်းပေါ်က မိုးထိတောင် မှာ တိုက်ပွဲပြင်းထန်နေ
တောင်ကုတ် -ပန်းတောင်း လမ်းပိုင်းပေါ်က မိုးထိတောင်စခန်း ကို အာရက္ခတပ်တော်က ဇန်နဝါရီလ ၁၂ ရက် မနက်ပိုင်းမှာ စတင် ထိုးစစ်ဆင်နေပြီး ပန်းတောင်းမြို့နယ် အစပ် မိုးထိတောင်မှာ တိုက်ပွဲပြင်းထန်လျှက်ရှိပါတယ်။ မိုးထိတောင်ဟာ ရခိုင်ပြည် နဲ့ ပဲခူးတိုင်းအစပ်နယ်ခြားမှတ်တိုင်စခန်းဖြစ်ပြီး ၊ ပန်းတောင်းမြို့နယ်ထဲကို စတင်ဝင်ရောက်တဲ့ နယ်ခြားမှတ်တိုင်လည်းဖြစ်ပါတယ်။ အဲ့ဒီ…

ပဒါန်းမြို့ အပိုင် ဂုတ်ကြီးဗျူဟာ စခန်းကို AA နဲ့ ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင်
မကွေးတိုင်း ငဖဲမြို့နယ် ထဲက ဂုတ်ကြီးဗျူဟာကို အာရက္ခတပ်တော်နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်း ထိုးစစ်ဆင်လျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၁ ရက်ညပိုင်းက စပြီး ဂုတ်ကြီးကျေးရွာ၊ လင်းတဲ ကျေးရွာနဲ့ စွန်တက်ကျေးရွာတွေမှာ အခြေစိုက်ထားတဲ့ ဗျူဟာစခန်းနဲ့ ကာကင်းစခန်းတွေကို AA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့…

ရခိုင်ပြည်ကျောက်ဖြူ နဲ့ စစ်တွေ ခံစစ်မှာ အသုံးပြုဖို့ ARSA အဖွဲ့ကို ရခိုင်ပြည်အလယ်ပိုင်းထိ စစ်ကောင်စီ ခေါ်သွင်းနေ
ရခိုင်ပြည် က စစ်ပြင်နေတဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့ကို ခုခံဖို့ ဘဂ်လားပင်လယ်အော်၊ နတ်မြစ် ကမ်းတစ်လျှောက် က နေ ARSA အဖွဲ့ကို စစ်ကောင်စီ နေဗီတွေနဲ့ ခေါ်သွင်းနေတယ်လို့ မြေပြင် သတင်းရရှိပါတယ်။ စစ်ကောင်စီဟာ ဘူးသီးတောင် မောင်တောကို ခံစစ်ပြင်တဲ့နေရာမှာ ARSA ၊ RSO…

ရခိုင်ပြည်ကို နေ့စဉ်ရက်ဆက်ဗုံးကြဲနေ(ကျောက်တော်မြို့ ကို လေကြောင်းက တိုက်ခိုက်ခံရပြန်)
ရခိုင်ပြည် ကို နေ့စဉ်ရက်ဆက် လေကြောင်းက တိုက်ခိုက်နေတဲ့ စစ်ကောင်စီဟာ ဒီကနေ့မနက်မှာလည်း ကျောက်တော်မြို့ ကို ဂျက်ဖိုက်တာအသုံးပြုပြီး ၊ ဗုံး ၁၅ လုံးထက်မနည်းကြဲချခဲ့ပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် မနက် (၉) နာရီမှာ ကျောက်တော်မြို့ ထွေအုပ်ရုံး ၊ မြစိမ်းရောင်တည်းခိုးခန်း…

ကျောက်တော်မြို့ကို စစ်ကောင်စီဗုံးကြဲ
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီက ဒီကနေ့ နံနက် ၉ နာရီကနေ ၉နာရီ ၁၅ မိနစ်အချိန်အထိ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီဟာ ဂျက်ဖိုက်တာ သုံးစီးအသုံးပြုပြီး ဗုံး ၄ လုံးကို ကျောက်တော်မြို့ပေါ် ကြဲချ ခဲ့တယ်ပါတယ်။ ကျောက်တော်မြို့…

စစ်တွေ မြို့ကို မွတ်ဆလင် စစ်သင်တန်းဆင်းထောင်ချီနဲ့ အင်အားဖြည့်ထား
ရခိုင်ပြည်၊ စစ်တွေမြို့နဲ့ မြို့ပြင်ဧရိယာ တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ အတူ စစ်သင်တန်းဆင်းမွတ်ဆလင် အင်အား ထောင်နဲ့ချီပြီး နေရာယူ ထားတယ်လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့နဲ့ စစ်ဆေးရေးဂိတ်တွေမှာ အဲ့ဒီသင်တန်းဆင်းထားတဲ့ မွတ်ဆလင်လူငယ်တွေကို လက်နက်တပ်ဆင်ပေးထားပြီး ဒါဟာ ရခိုင်တွေနဲ့ ပဋိပက္ခဖြစ်ပွားလာအောင်ဖန်တီးထားတဲ့ အသွင်ဖြစ်နေတယ်လို့ ဆိုပါတယ်။…

ဟိုင်းကြီးကျွန်းမှာ ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ ရခိုင်စစ်ရှောင် ၂၀၀ ကျော် ရန်ကုန်ရောက်ရှိ။
ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းရေးတပ်မှာ တစ်ပတ်ကျော်ကြာ ဖမ်းစီးစစ်ဆေးခြင်းခံထားရတဲ့ ရခိုင်စစ်ရှောင် ၂၈၆ ယောက်ဟာ ဒီကနေ့ ဇန်နဝါရီ ၉ ရက်မနက်ပိုင်းမှာ ရန်ကုန်မြို့ ဆိပ်ကမ်းကို ရောက်ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် ဘုရင့်နောင်ဆိပ်ကမ်း ကို ဒီကနေ့ ၁၀ နာရီ ၃၀ မိနစ်မှာ…