မြောက်ဦး ၊ မင်းပြား ၊ ဘူးသီးတောင် ၊ မောင်တော မြို့သိမ်းတိုက်ပွဲတွေက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းမိသားစုဝင် တစ်ထောင်ကျော်ကို ULA/AA က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
တစ်ဖက်မှာ စခန်းသိမ်းတိုက်ပွဲတွေ နေ့စဉ်မပြတ်ဆင်နွဲနေတဲ့ အာရက္ခတပ်တော်ဟာ တစ်ဖက်မှာလည်း လူသားချင်းစာနာထောက်ထားမှုအရ စစ်သုံ့ပန်းမိသားစုဝင်တွေကို စိစစ်ပြီး ပြန်လွှတ်ပေးနေ တာဖြစ်ပါတယ်။
“တမြို့ချင်းကို အသုတ်လိုက် စိစစ်ပြီးတော့ လွှတ်နေတာပါ၊ သုံးရက်အတွင်း တစ်ထောင်ကျော် လွှတ်ပေးပြီးပါပြီ ” လို့ ULA/AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။
မေလ ၁၈ ၊ ၁၉ ၊ ၂၀ ရက်တွေမှာ မင်းပြား ၊ ဘူးသီးတောင် ၊ မောင်တော ၊ မြောက်ဦး က စစ်သုံ့ပန်းမိသားစု ဝင်တွေကို လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်သိမ်းတိုက်ပွဲ ဟာ တစ်နှစ်ကျော်ကာလ ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဖမ်းဆီးထိမ်းသိမ်းခံရသူတွေဟာ အာရက္ခတပ်တော် ထိမ်းသိမ်းမှုအောက်မှာ နေထိုင်တာ နှစ်ကျော်ကြာမြင့်ပြီးဖြစ်ပါတယ်။
လွှတ်ပေးခဲ့တဲ့ စာရင်းတွေ က တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
မြောက်ဦး မေ ၁၉- မှာ ( ၁၈၄ )ယောက် ၊ မြောက်ဦး ဧပြီလမှာ (၃၁၃ )ယောက် ၊ ဘူးသီးတောင် မေ ၁၈ (၃၁၄) ယောက် ၊ မင်းပြား မေ ၁၆ မှာ (၂၂၅) ယောက် ၊ မင်းပြား ဧပြီလ မှာ (၁၇၀) ယောက်မောင်တော မေ ၁၉ (၃၂ ) ယောက် တို့ ဖြစ်ကြပါတယ်။
အမ်းချောင်းသူ ၊ လေးဝတီ FM