Laywaddy FM

စစ်တွေက မွတ်ဆလင်များ ကို နိုင်ငံခြားပို့မယ်ဆိုပြီး တစ်ဦးလျှင် သိန်း ၄၀ တောင်း ကာ ၊ ပြည်သူ့စစ်တပ်ရင်းများ သို့ ပို့ဆောင်

စစ်တွေက မွတ်ဆလင်များ ကို နိုင်ငံခြားပို့မယ်ဆိုပြီး တစ်ဦးလျှင် သိန်း ၄၀ တောင်း ကာ ၊ ပြည်သူ့စစ်တပ်ရင်းများ သို့ ပို့ဆောင်

ရခိုင်ပြည်၊ စစ်တွေမြို့နယ် ထဲ က မွတ်ဆလင်တွေကို နိုင်ငံခြားပို့မယ်ဆိုပြီး တစ်ဦးကို သိန်း ၄၀ နှုန်းနဲ့ ခေါ်ဆောင်ကာ ပြည်သူ့စစ် တပ်ရင်းတွေထဲ ကို ထည့်သွင်းနေတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီ ဒေသတွင်းက ခရိုနီလုပ်ငန်းရှင်များပူးပေါင်းပြီး စစ်တွေမြို့ နယ်ထဲက မွတ်ဆလင်တွေကို မလေးရှားကို ပို့ဆောင်ပေးမယ်ဆိုပြီး တစ်သုတ်ပြီး တစ်သုတ်ခေါ်ယူကာ ရန်ကုန်မြို့ ကို တင်ဆောင်သွားကြတာဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

” ရန်ကုန်ကနေ ကုန်ပစ္စည်း လာပို့တဲ့သ ‌ေင်္ဘာတွေနဲ့ တင်သွားတာပါ။ မွတ်ဆလင်ထဲက စစ်ကောင်စီနဲ့ ပနံသင့်တဲ့ မွတ်ဆလင် ခရိုနီတွေက ဦးဆောင်ပြီး သူတို့အချင်းချင်း လူစုပါတယ်။ တစ်ယောက်ကို သိန်း(၄၀)တောင်းတယ်။ မလေးရှားကို ခေါ်မယ်ဆိုပြီး အယုံသွင်းပါတယ်။ ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ကုန်တင် သဘေ်ာ တစ်ခေါက်လျှင် ငါးဆယ်ကနေ ရှစ်ဆယ်ကြားခေါ်ယူနေပြီး ၊ စစ်တွေ မြို့က ရာနဲ့ ချီတဲ့ မွတ်ဆလင်လူငယ်တွေ ဟာ ငွေကြေးလည်း ဆုံးတဲ့အပြင် စစ်သင်တန်း ဆီရောက်သွားကြတာဖြစ်ပါတယ်။

“နိုင်ငံခြားသွားရမယ်ဆိုတော့ ပိုက်ဆံဘယ်လောက်ပဲ ပေးရပေးရ ထွက်တာပဲ ၊ ဒါပေမယ့် ရန်ကုန်ဆိပ်ကမ်းရောက်တာနဲ့ သူတို့ကားတွေကအဆင်သင့်ဘဲ အဲဒီနားတွေမှာ လုံခြုံရေးချထားတယ်ဘယ်သူမှ မသွားရဘူး ၊ သူတို့ ခေါ်တဲ့ နောက်လိုက်သွားရတယ် ၊ စစ်မှုထမ်းဖို့ ခေါ်ခံရတယ်လို့ပဲ သိလိုက်တယ် ၊ အဆက်အသွယ်မရတော့ဘူး ” လို့ စုဆောင်းခံရသူ ရဲ့ မိသားစုဝင် က ပြောပါတယ်။

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၊ မကျည်းမြိုင်ရပ်ကွက်၊ ကသည်းရပ်ကွက်၊ ဘုမေရပ်ကွက်နဲ့ မြို့အနီး မွတ်ဆလင်ကျေးရွာတွေက နိုင်ငံခြားထွက်လို တဲ့ မွတ်ဆလင်တွေကို သိမ်းသွင်းပြီး ခေါ်ယူနေတာဖြစ်ပါတယ်။

စစ်တွေမြို့က ကုန်တင်သဘေ်ာတွေနဲ့ တင်ဆောင်သွားခံရတဲ့ မွတ်ဆလင်တွေဟာ ရန်ကုန်မြို့ ဒလဆိပ်ကမ်းကနေ မဂ်လာဒုံတပ်ရင်းတွေ ဆီကို ခေါ်ဆောင်ခံရပြီး ပြည်သူ့ စစ်သင်တန်းပေးခံရတယ် လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်တွေမြို့မှာ ရခိုင်လူမျိုးစုတွေ ကို ပစ်မှတ်ထားနေပြီး စစ်ဆေးနေပြီး ၊ မွတ်ဆလင်လူမျိုးစုတွေ ကို အယုံသွင်း ခိုင်းစေနေတာဖြစ်ပါတယ်။

စစ်တွေ ဆိပ်ကမ်းက ဝင်ရောက်လာတဲ့ သဘော်များ ကို ကုန်တင် ကုန်ချ ခြင်း အပါအဝင် မွတ်ဆလင် လူငယ်များ စုဝေးလုပ်ကိုင်နိုင်မယ့် အလုပ်အကိုင်တွေကို ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဘူးသီးတောင် ၊မောင်တော ဒေသတွေမှာနေထိုင်တဲ့ မွတ်ဆလင် ဒေသခံတွေကိုလည်း စစ်ရေးမှာ အသုံးချခဲ့ပါတယ်။ ဒါအပြင် ၂၀၂၄ ခုနှစ်က စစ်တွေ မြို့က မွတ်ဆလင်လူငယ်တွေကို အာရက္ခတပ်တော် အလိုမရှိကြောင်း အတင်းအကြပ် ဆန္ဒပြခိုင်းခဲ့ပါသေးတယ်။

အဉ္စနလီညှင်း လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *