ကချင်ပြည် ၊ ဗန်းမော်မြို့ တိုက်ပွဲ ကို စစ်ကူလာတဲ့ စစ်ကောင်စီ ရဲ့ ရဟတ်ယာဉ် နှစ်စီးကို KIA ဘက်က ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) ကို ရဟတ်ယာဉ် သုံးစင်းနဲ့ စစ်ကူပို့ချိန်မှာ KIA ဘက်က နေ နှစ်စင်း ကို ပစ်ချ ခဲ့တာဖြစ်တယ်လို့ မြန်မာနောင်းသတင်းဌာန မှာ ဖော်ပြထားပါတယ်။
ရွှေကူ ကနေ ၅၆ မိုင်လောက်ဝေးတဲ့နေရာ တောထဲမှာ တစ်စီးကျသွားတယ်၊ နောက်တစ်စီးကတော့ အရေးပေါ်ဆင်းလိုက်ရတယ် လို့ KIA ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ က ဖြေကြားထားပါတယ်။
MI-17 အမျိုးအစား ရဟပ်ယာဉ် နှစ်စင်းဖြစ်တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ထပ်မံအတည်ပြုထားပါတယ်။
ဗန်းမော်တိုက်ပွဲမှာ KIA နဲ့ အတူ AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
လေးဝတီ FM