ရခိုင်ပြည် က လူငယ် အမျိုးသား အမျိုးသမီးတွေကို ဒေသကနေ မထွက်ခွာရ အရေးပေါ် သတိပေးတားမြစ်ချက် တစ်ရပ် ကို ULA/AA က ထုတ်ပြန်လိုက်ပါတယ်။
ကျား အသက် ၁၈ နှစ်ကနေ ၄၅ နှစ် နဲ့ ၊ မ ၁၈ ကနေ ၂၅ နှစ် အရွယ် လူငယ်တွေ အနေနဲ့ ဆေးကုသဖို့ လိုအပ်တဲ့ ရောဂါပြင်းထန်နေတဲ့ အခြေအနေ မဟုတ်ရင်
ရခိုင်ပြည်တွင်းက မထွက်ခွာရ ဆိုတဲ့ အရေးပေါ်ပြဌာန်းချက်တစ်ရပ်ကို ဒီကနေ့ မေလ ၂၂ ရက် နေ့ မှ ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။
ဒီအသက်အရွယ် ထဲ မှာ အကျုံးဝင်တဲ့ လူငယ်တွေ အနေနဲ့ ULA/AA ရဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (NDEP) ခေါ် စစ်မှုထမ်း ဉပဒေကြောင့်
ဒေသတွင်းက ထွက်ခွာမှုတွေများလာတဲ့ အတွက် အခုလို ထုတ်ပြန် တားမြစ်လိုက်တယ် လို့ ရေးသားထားပါတယ်။
ဒေသတွင်းက ထွက်ခွာချင်တဲ့ လူငယ်တွေကို ကုန်လမ်းရေလမ်း ကနေ အခ ကျေးငွေ ယူပြီး ပို့ဆောင်ပေးသူများကိုလည်း တည်ဆဲ ဉပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အခြေခံ စားသောက်ကုန် ရောင်းဝယ်လိုသူများ ၊ နွားကုန်သည်များအနေနဲ့လည်း အခကြေးငွေ နဲ့ လူပိုတင်ဆောင်ခြင်းမပြု ဖို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။
အခုလို ထုတ်ပြန်ရတဲ့ရည်ရွယ်ချက်ကတော့ စစ်ကောင်စီထိမ်းချုပ်နယ်မြေတွေမှာ စစ်မှုထမ်းအဖြစ် ပေါ်တာမဆွဲခံရရေး ၊ ကျားဖြန့်ဂိုဏ်းတွေ လက်ထဲကို မကျရောက်ရေး ၊ ရခိုင်ရိုးမစစ်ပွဲအတွင်းမှာ မပိတ်မိရေး ၊ မြေမြုပ်မှိုင်း အန္တရာယ်တွေ က နေ ကင်းဝေးရေး ဆိုပြီး ပြောဆိုထားပါတယ်။
လေးဝတီ FM