Day: May 1, 2025

စစ်ကောင်စီ ကင်းလှည့်စစ်ကြောင်းကို ချင်းကာကွယ်ရေးတပ် (အရှို) ကြားဖြတ်တိုက်ခိုက် ၉ ဦး သေဆုံး
ငဖဲမြို့နယ် ၊ ပဇီရွာ တပ်စခန်းက လုံခြုံရေးယူဖို့ ထွက်လာတဲ့ စစ်ကောင်စီ အင်အား ၂၀ ကျော်ကိုကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ချင်း ကာကွယ်ရေးတပ် _အရှို က ထုတ်ပြန်လာပါတယ်။ နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်စခန်း ရဲ့ ကာကင်း ဖြစ်တဲ့ ၊ ပဇီရွာ မကျစေရေး အတွက်…

ကျောက်ဖြူ စစ်မျက်နှာကျယ်လာပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ
ဧပြီလ နောက်ဆုံးပတ်မှာ ကျောက်ဖြူမြို့နယ်တွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲဧရိယာတွေ ကျယ်ပြန်လာတာကိုတွေ့ရပါတယ်။ အဓိကတိုက်ပွဲဖြစ်နေတဲ့နေရာတွေက ဂုံးချွိန် အုပ်စု ရဲတပ်ရင်း ၃၂ နဲ့ သစ်ပုတ်တောင်တို့မှာ အပြင်းအထန်ဖြစ်နေသလို ၊ မလကျွန်းရွာ ၊ ပြိုင်းစေ့ကေရွာနဲ့ လိပ်ခမော်ကျေးရွာ တို့မှာ အခုအပတ်အတွင်း တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ "စစ်ကောင်စီမှအခုဖြစ်နေတဲ့နေရာတွေကိုလက်နက်ကြီး၊ ဒရုန်းပစ်ချပြီးထိုးစစ်၀င်လာတယ်။ တိုက်ပွဲကတော့…

ကျောက်ဖြူမြို့ တရုတ်စီမံကိန်းဧရိယာ အတွင်း ထွက်ပြေးရတဲ့ စစ်ဘေးရှောင် ၄၀၀၀၀ ကျော် စားစရာ နဲ့ အမိုးအကာအရေးတကြီးလိုအပ်နေ
ရခိုင်ပြည် ကျောက်ဖြူမြို့နယ် တွင်းက တရုတ်စီမံကိန်းဧရိယာအတွင်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေပြီး အဲ့ဒီ ဧရိယာအတွင်းက ထွက်ပြေးရသူ ဒေသခံစစ်ရှောင် ၄၀၀၀၀ ကျော်ဟာ အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲ ဖြစ်နေရုံသာမက ကျန်းမာရေးအတွက် ဆေးဝါးတွေ လည်းအရေးပေါ်လို အပ်နေတယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။ "အခုကနေပူလိုက်မိုးရွာလိုက်နဲ့ အမိုးအကာလည်းမလုံဘူးနေရတယ်။…