Laywaddy FM

ကျောက်ဖြူ စစ်မျက်နှာကျယ်လာပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ကျောက်ဖြူ စစ်မျက်နှာကျယ်လာပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ဧပြီလ နောက်ဆုံးပတ်မှာ ကျောက်ဖြူမြို့နယ်တွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲဧရိယာတွေ ကျယ်ပြန်လာတာကိုတွေ့ရပါတယ်။

အဓိကတိုက်ပွဲဖြစ်နေတဲ့နေရာတွေက ဂုံးချွိန် အုပ်စု ရဲတပ်ရင်း ၃၂ နဲ့ သစ်ပုတ်တောင်တို့မှာ အပြင်းအထန်ဖြစ်နေသလို ၊ မလကျွန်းရွာ ၊ ပြိုင်းစေ့ကေရွာနဲ့ လိပ်ခမော်ကျေးရွာ တို့မှာ အခုအပတ်အတွင်း တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

“စစ်ကောင်စီမှအခုဖြစ်နေတဲ့နေရာတွေကိုလက်နက်ကြီး၊ ဒရုန်းပစ်ချပြီးထိုးစစ်၀င်လာတယ်။ တိုက်ပွဲကတော့ ရက်ဆက်ဆိုသလို ပြင်းထန်နေပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။

တိုက်ပွဲရဲ့ အခြေအနေ က တော့ မြေပြင်ထိုးစစ်မှာ စစ်ကောင်စီဘက်က အထိအခိုက်တွေနဲ့ နောက်ဆုတ်သွားတာတွေရှိတယ်လို့ သိရပါတယ်။ လေကြောင်းပစ်ကူတွေကို ပိုမိုပြုလုပ်နေပြီး ဒရုန်း၊ ဂျက်ဖိုက်တာနဲ့ တိုက်ပွဲဧရိယာ အတွင်း အပြင်ကို ကြဲချနေတယ်လို့ဆိုပါတယ်။

“လိပ်ခမော်ရွာအနီးအနားကို စစ်ကောင်စီ ထိုးစစ်တက်လာတယ် နှစ်ဖက်တိုက်ပွဲကပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်ညနေပိုင်းတော့စစ်ကောင်စီတပ်ပျက်ပြီးနောက်ဆုတ်သွားတယ် ၊ စစ်ကောင်စီတပ်သားအချို့ နဲ့ လက်နက်တွေ AA ဘက်က သိမ်းဆည်းလိုက်တယ် “ လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဘက်က ဧပြီလအတွင်းမှာ ငလျှင်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အပစ်ရပ်ကာလကိုတိုး မြှင့်ထားပေမယ့် မြေပြင်လေကြောင်းဗုံးကြဲမှုတွေကိုတော့ နေ့စဉ် ပြုလုပ်နေတာ ဖြစ်ပါတယ်။

အဉ္စနလီညှင်း ၊ လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *