Laywaddy FM

ဂွ ၊ တောင်ကုတ် ၊ အမ်း ၊ ကျောက်ဖြူ မြို့တွေမှာ AA ယူနီဖောင်းဝတ်ပြီး အရပ်သားတွေကို ထောင်ချောက်ဆင် ဖမ်းဆီးနေ

ဂွ ၊ တောင်ကုတ် ၊ အမ်း ၊ ကျောက်ဖြူ မြို့တွေမှာ AA ယူနီဖောင်းဝတ်ပြီး အရပ်သားတွေကို ထောင်ချောက်ဆင် ဖမ်းဆီးနေ

ရခိုင်ပြည် တွင်းက လတ်တလော စစ်ရေးပြင်းထန်နေတဲ့ မြို့နယ်တွေ ဖြစ်တဲ့ အမ်း၊ တောင်ကုတ်၊ ဂွမြို့ နဲ့ ကျောက်ဖြူမြို့ တွေမှာ

စစ်ကောင်စီ တပ်ဖွဲ့တွေက AA ယူနီဖောင်းတွေ ဝတ်ပြီး ဒေသခံတွေကို ထောင်ချောက်ဆင် ဖမ်းဆီးနေတယ် လို့ မြေပြင်သတင်းရရှိပါတယ်။

ဒေသတွင်းမှာ စစ်ရေးအခြေအနေတွေရှုပ်ထွေးနေချိန် မှာ အာရက္ခတပ်တော် ဘက်ကို သတင်းပေးမယ့်သူ၊ ထောက်ပို့လုပ်မယ့်သူတွေ ကို

အခုလို ပြည်သူကြားထဲ ဝင်ရောက် အသွင်ယူပြီး ထောင်ချောက်ဆင် ဖမ်းဆီးတာမျိုးဖြစ်တယ်လို့ ဒေသ ခံ သတင်းရင်းမြစ်က ပြောပါတယ်။

“အဓိကသူတို့က စစ်ရှောင်စခန်းတွေ နဲ့ ပိတ်မိနေတဲ့ရပ်ရွာတွေ ထဲမှာ AA ယူနီဖောင်းတွေ ၊ ဘက်တံဆိပ်တွေ ဝတ်ပြီး သွားလာပြတယ်။ လူတွေက AA အထင်နဲ့ ခေါ်တာပြောတာမျိုး အကူအညီတောင်းတာမျိုး လုပ်ရင် AA နဲ့ ဆက်စပ်တဲ့လူ ၊ ထောက်ပို့လုပ်တဲ့သူ သတင်းပေးတဲ့ လူဆိုပြီးဖမ်းတယ်” လို့

သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ သူတို့ ထိမ်းချုပ်မှုအောက်မှာ ‌ရှိတဲ့ ကျေးရွာတွေ မြို့နယ်တွေမှာ အခုလို အသွင်ယူလှုပ်ရှားနေပြီး ညအချိန်တွေမှာ AA အလံတွေ ကိုင်ဆောင်ပြီးလှုပ်ရှားပြုမှုတယ်လို့လည်းပြောတယ်။

“အခုက ရွာတွေကသတင်းတွေလည်းမသိရတော့ သူ့လူကိုယ့်လူခွဲဖို့ခက်တယ်။ ဆပ်သွားနဲ့ ဂွက လမ်းပိုင်းတွေမှာ အဲ့လို ယူနီဖောင်းတွေ ဝတ်ပြီး လမ်းသလားပြနေတာတွေရှိတယ်” လို့ ဂွမြို့နယ် ဒေသခံတစ်ဉီးက ပြောပါတယ်။

အလားတူပဲ တောင်ကုတ်၊ကျောက်ဖြူ ၊ ဂွ နဲ့ အမ်းမြို့နယ်တို့မှာ အဲ့ဒီလို အသွင်ယူလှုပ်ရှားနေပြီး ဖမ်းဆီးခံရသူတွေကို အမ်း နပခ ကို ခေါ်ဆောင်

သွားတယ်လို့ ဆိုပါတယ်။

“ကျောက်ဖြူ မှာလည်းညအချိန် ဆို သူတို့သွားလာနေတယ်။နုတ်ဆက်တဲ့လူကိုဖမ်းတယ်။နောက်ပြီးလူတွေ့ယင်လှမ်းခေါ်တယ်။အခုဆိုဖုန်းလိုင်းတွေက မရတော့ ဖမ်းသွားလည်းမသိရ ပါ” လို့ ကျောက်ဖြူဒေသခံ တစ်ဉီးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းတွေ မှာလည်း ULA/AA ရဲ့ အလံတွေ လွှင့်ထူထားပြီး လာရောက်ဆက်သွယ်သူ ၊ မေးမြန်းသူတွေကို ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည် အမ်း၊ တောင်ကုတ် ၊ ဂွ မြို့နယ်တွေမှာ နှစ်ဖက် စစ်ရေးလှုပ်ရှားမှုတွေ ၊ စစ်ရေးပြင်ဆင်မှုတွေ ရှိနေပြီး ဒေသခံတွေ ရဲ့ အသက် အိုးအိမ် တွေ ဟာ လုံခြုံမှုကင်းမဲ့ နေတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- AA ဆီမှာ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်များ

အဉ္စနလီညှင်း(LaywaddyFM) ရေးသည်။

Kay Zue

Related Posts

3 thoughts on “ဂွ ၊ တောင်ကုတ် ၊ အမ်း ၊ ကျောက်ဖြူ မြို့တွေမှာ AA ယူနီဖောင်းဝတ်ပြီး အရပ်သားတွေကို ထောင်ချောက်ဆင် ဖမ်းဆီးနေ

  1. Пинко Казино предлагает широкий выбор онлайн-игр и азартных развлечений.
    Пинко Казино
    Игровой процесс проходит быстро и без технических задержек.

Leave a Reply

Your email address will not be published. Required fields are marked *