ဂွမြို့ သိမ်းတိုက်ပွဲအတွက် ထိုးစစ်ဆင်ခံနေရတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ညောင်ချောင်းစခန်းကို သိမ်းပိုက်ခံရပြီးနောက်မှာ တိုက်ပွဲတွင်းက ထွက်ပြေးသွားကြပြီး လက်ကျန်တပ်တွေကတော့ ရဟိုင်ကူးတို့ကျေးရွာကနေ ခံစစ်ကို ပြန်လည်ပြင်ဆင်နေတယ်လို့ လေးဝတီ FM က သတင်းရရှိပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၅၆၃ နဲ့ ခမရ ၅၆၂ တို့ က တပ်သားတွေ ဟာ တိုက်ပွဲအတွင်းက ထွက်ပြေးသွားကြသူတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။
ညောင်ချောင်း တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်သား သေဆုံး ၊ ဒဏ်ရာရနဲ့ ထွက်ပြေးသွားတဲ့ တပ်သားတွေ များတဲ့ အတွက် အင်အားလျော့နည်းပြီးတပ်ဆုတ်သွားကြတာဖြစ်တယ်လို့ ဆိုပါတယ်။
” ညောင်ချောင်းကို AA ကသိမ်းပိုက်ပြီးတော့။ သူတို့ ဇီးခုံကိုဆုတ်ပြေးတယ်။ ဒီမနက် မိုးလင်းဝါ မှာ ဇီးခုံက အဖွဲ့တွေ ရဟိုင်းကူတို့ ရွာ ကို ညတွင်းချင်းနောက်ဆုတ်သွားတယ်။ အာရက္ခတပ်တော် ရဲ့ ထိုးစစ်က နေ့ရောညရော တက်လာတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ညောင်ချောင်း စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက် ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နဲ့ ရဟိုင်ကူးတို့ ကျေးရွာမှာ စခန်းချထားပြီး ၊ ညောင်ချောင်းကျေးရွာဘက်က တပ်ဆုတ်ပြေးသွားတဲ့ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းထားတယ်လို့ ဆိုပါတယ်။
“အဲ့ဒီ ဇီးခုံ က နေ ဂျိုင်(ကမ်းခြေ)တလျှောက်က နေ စစ်သားတွေ ထွက်ပြေးသွားကြတာရှိတယ်၊ သူတို့အချင်းချင်းလည်း ပစ်ခတ်ပြီးဖမ်းကြတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဂွမြို့မှာ စကခ (၅) လက်အောက်ခံ တပ်ရင်းတွေဖြစ်ကြတဲ့ ခမရ ၅၆၃ နဲ့ ခမရ ၅၆၂ တပ်တွေ အထိုင်ချတာဖြစ်ပါတယ်။ ဒါအပြင် ဧရာဝတီတိုင်း အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်က ပို့လွှတ်တဲ့ တပ်အင်အားတွေနဲ့ ခုခံကာကွယ်နေတာလည်းဖြစ်ပါတယ်။
အဉ္စနလီညှင်း(လေးဝတီFM)ရေးသည်။
best online poker sites
References:
https://mathiesen-sherwood-3.federatedjournals.com
blackjack switch
References:
coolpot.stream
References:
Red dragon casino md.swk-web.com