Laywaddy FM

မောင်တော နခခ(၅) က လေယာဉ်ပစ် နိုင်တဲ့ စက်လက်နက်တွေ AA ရရှိ

မောင်တော နခခ(၅) က လေယာဉ်ပစ် နိုင်တဲ့ စက်လက်နက်တွေ AA ရရှိ

မောင်တော နခခ(၅) တိုက်ပွဲမှာ အာရက္ခတပ်တော်က စစ်သုံ့ပန်းတွေ နဲ့ အတူ လက်နက်အမြောက်အများသိမ်းဆည်းရမိကြောင်း ဒီဇင်ဘာ ၁၀ ရက် သန်းခေါင်ယံ အချိန်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သိမ်းဆည်းရမိတဲ့အထဲမှာ တာဝေးပစ် စက်လက်နက် ပစ္စည်းတွေ ၊ ဒရုန်းတွေ နဲ့ လေယာဉ် ပစ်နိုင်တဲ့ စက်လက် တစ်ခု ကိုလည်းထည့်သွင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“သူက လေယာဉ်ပစ်လက်နက်ထဲမှာ ပါတဲ့ စက်လက် အမျိုးအစားပဲ ဒါပေမယ့် Y12 တို့ Y8 တို့လို လေယာဉ်တွေ ကိုတော့ ပစ်လို့ မရဘူး၊ လေယာဉ် ပြေးလမ်း ကို စောင့်ပြီး ပတ်လည် လှည့် ပစ်လို့ရတဲ့ စက်လက်နက် ပစ္စည်းဖြစ်ပါတယ်၊ ပစ်မှတ်တိကျတဲ့ တာဝေး ပစ် အမျိုးအစားပါ ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

အာရက္ခတပ်တော် ထုတ်ပြန်ထားတဲ့ ဗီဒီယိုဖိုင်မှာ လေကြောင်းက လာရောက်တိုက်ခိုက်တဲ့ လေယာဉ်တစ်စီးကို အဲ့ဒီလက်နက်နဲ့ ပစ်ခတ်နေတဲ့ တာတွေ ပါဝင်ခဲ့ပါတယ်။

ရုရှားနိုင်ငံ ထုတ် 37 mm automatic air defense gun M1939 အမျိုးအစား ကို အသုံးပြုပြီး လေကြောင်းက လာပစ်တဲ့ လေယာဉ် ကို ပစ်ခတ်ခဲ့တာ ကို လည်း ထုတ်ပြန်ချက်ရုပ်သံထဲ မှာ တွေ့ရ ပါတယ်။

ဒါ အပြင် တာဝေးပစ် ဟောင်ဝှစ်ဇာ အမြှောက်တစ်ခုကိုလည်း သိမ်းဆည်း ရမိတဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

အာရက္ခတပ်တော် AA ရခိုင်ပြည် တွင်းက နခခ၊ (အမ်း) တိုက်ပွဲ နဲ့ နခခ(၅) မောင်တောတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ရိက္ခာ သယ်ပို့တဲ့ လေယာဉ် သုံးစီးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။

ဒါပေမယ့် သတင်းဌာနတွေနဲ့ ရုပ်သံ မှတ်တမ်းတွေမှာတော့ ဒုတိယ တစ်စင်း ကိုသာ သက်သေ ရရှိခဲ့တာဖြစ်ပါတယ်။

AA ဟာ စစ်ကောင်စီ ရဲ့ ဌာနချုပ် တပ်မတွေ ဆီက လက်နက်ခဲယမ်း ၊ နဲ့ စက်လက်နက် ပစ္စည်း အမြောက်အများ ၊ စစ် အသုံးအဆောင် ယာဉ် အမြောက်အများကိုလည်း ရရှိထားပြီးဖြစ်ပါတယ်။

Lemon(လေးဝတီ FM )

Kay Zue

Related Posts

10 thoughts on “မောင်တော နခခ(၅) က လေယာဉ်ပစ် နိုင်တဲ့ စက်လက်နက်တွေ AA ရရှိ

  1. Компания «Уральский профиль» из Перми занимается производством и установкой окон ПВХ с чистовой отделкой под ключ. Специалисты проводят монтаж за один день точно в срок, а цены стартуют от 2128 рублей. Весь ассортимент и калькулятор стоимости доступны на https://oknabalkonperm.ru/ — оформить заявку можно прямо онлайн. В каталоге представлены одно-, двух- и трёхстворчатые модели, панорамные и нестандартные конструкции, балконные блоки, остекление лоджий и москитные сетки. Среди объектов — квартиры, дома, дачи и коттеджи, при этом действуют скидки до 35%.

Leave a Reply

Your email address will not be published. Required fields are marked *