Laywaddy FM

စစ်ကောင်စီ ဗိုလ်မှူးသက်ထူးအောင် ဦးဆောင်တဲ့ စစ်​ကူစစ်ကြောင်း ကို ရခိုင်ရိုးမ ပေါ်မှာ AA ကြားဖြတ်တိုက်ခိုက်

စစ်ကောင်စီ ဗိုလ်မှူးသက်ထူးအောင် ဦးဆောင်တဲ့ စစ်​ကူစစ်ကြောင်း ကို ရခိုင်ရိုးမ ပေါ်မှာ AA ကြားဖြတ်တိုက်ခိုက်

အမ်း-ပဒန်း လမ်းမပေါ်က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ဗိုလ်မှူး သက်ထူးအောင် ဉီးဆောင် စစ်​ကူစစ်ကြောင်း ကို AA က မတ်လ ၁၉ ရက်မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းမှာ တပ်အင်အား ၂၀၀ လောက်ပါဝင်ပြီး နတ်ရေကန် သို့ မရောက်ခင် ဂုတ်ကြီးကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက် လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့က ဆုန်ကုန်း အမြောက်ကြီးတပ်ကနေ တက်လာတာပါ။ ဂုတ်ကြီးအရောက်မှာ မနေ့ညကပင် တိုက်ပွဲဖြစ်ပါတယ်” လို့ ပြောပါတယ်။

မတ်လ ၁၉ ရက် မနက် ၉ နာရီဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဗိုလ်မူးသက်ထူးဦးအောင်က ဦးဆောင်လာတဲ့ စစ်ကြောင်းဟာ
အထိနာပြီးနောက်ဆုတ်သွားတယ် လို့ ဆိုပါတယ်။

“စစ်ကောင်စီက စစ်ကြောင်းတစ်ခု လွှတ်ပြီဆိုရင် တောက်ရှောက် က ရွာတွေကို ဒရုန်းနဲ့ အပေါ်က ကြဲတယ်၊ သူတို့ ဖြတ်မယ့် လမ်းတစ်လျှောက်က ရွာတွေမှာ AA ရှိမယ်အထင်နဲ့ ရွာတွေကို တိုက်တယ်။ AA က တောထဲက ဆင်းလာပြီး သူတို့ ကိုတိုက်တယ်” လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နတ်ရေကန်ဗျူဟာကုန်းမှာ အထိုင်ချနေတဲ့ တပ်သားတွေဟာ AA ရဲ့ ပိတ်ဆို့ မှုကိုခံနေရပြီး စစ်ကောင်စီဘက်ကလည်း စစ်ကြောင်းတွေကို ပို့လွှတ်ပေးနေတာဖြစ်ပါတယ်။

ရခိုင်ရိုးမ ပေါ်မှာ ရှိတဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာ ဟာ စစ်ရေးအရ အရေးပါတဲ့နေရာဖြစ်ပြီး ၊ AA ဘက်က အပြင်းအထန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ- ပုံဟောင်း

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *