Laywaddy FM

အပစ်ရပ် ကြောင်းကြေညာပြီးမှာ ရခိုင်ကို လက်နက်ကြီးနဲ့ ဗုံးအလုံးရေ ၆၀ ဆယ်ကျော် ပစ်ခတ်

အပစ်ရပ် ကြောင်းကြေညာပြီးမှာ ရခိုင်ကို လက်နက်ကြီးနဲ့ ဗုံးအလုံးရေ ၆၀ ဆယ်ကျော် ပစ်ခတ်

စစ်ကောင်စီဘက်က ယာယီအပစ်ရပ်ကြောင်း ကြေညာပြီးနောက်မှာ ရခိုင်ကို လေကြောင်း အပါအဝင် ဗုံးအလုံးရေ ၆၀ ကျော် ကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

ရခိုင်ပြည် ကျောက်ဖြူမြို့ နယ် ထဲက ကျေးရွာ အချို့ကို ဒီကနေ့ ဧပြီ ၃ ရက် ညနေ ၅ နာရီမှာ ဂျက်ဖိုက်တာနဲ့ လာရောက် တိုက်ခိုက်ခဲ့ သလို ၊ ဒရုန်း ၊ စက်တပ်လေထီး တွေ နဲ့ အကြိမ်ကြိမ် ကြဲခဲ့ တာဖြစ်ပါတယ်။

“ဒီနေ့ကတော့ တနေကုန်ပဲ ဒရုန်း တွေရော၊ စက်တပ်လေထီးရော ၊ ရေတပ်က ရော တနေကုန် ပစ်နေတာ ပါ၊ အကြိမ်ရေ ၆၀ ကျော်ပါတယ်။
ညနေဘက်မှာ သစ်ပုတ်တောင် အုပ်စုရှောက်ချောင်းဘက် ဂျက်ဖိုက်တာနဲ့ လာပစ်သွားပါသေးတယ် ”
လို့ သတင်းရင်းမြစ်က ပြောပါတယ်။

AA အပါအဝင်ညီနောင်မဟာမိတ်အဖွဲ့တွေက ငလျင်အရေးပေါ်ကာလ အတွင်း တစ်ဖက်သတ်အပစ်ရပ်ကြောင်းထုတ်ပြန်ခဲ့ သလို စစ်ကောင်စီဘက်ကလည်း သုံးပတ်ကြာ အပစ်ရပ်ကြောင်း အပြန်အလှန်ထုတ်ပြန်ထားတာ လည်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဒီနေ့ ပစ်ခတ်ခဲ့တဲ့ လေကြောင်း နဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေဟာ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်တိုက်နယ်နဲ့ ဂုံးချွိန်တိုက်နယ်ကို အဓိက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အမ်းချောင်းသူ ၊ လေးဝတီ FM

Kay Zue

Related Posts

3 thoughts on “အပစ်ရပ် ကြောင်းကြေညာပြီးမှာ ရခိုင်ကို လက်နက်ကြီးနဲ့ ဗုံးအလုံးရေ ၆၀ ဆယ်ကျော် ပစ်ခတ်

  1. Лучшее казино up x казино играйте в слоты и live-казино без лишних сложностей. Простой вход, удобный интерфейс, стабильная платформа и широкий выбор игр для отдыха и развлечения.

Leave a Reply

Your email address will not be published. Required fields are marked *