Laywaddy FM

အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းများခေါ်ယူနေ

အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းများခေါ်ယူနေ

အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ လက်အောက်မှာ ရှိတဲ့ ကျန်းမာရေးဌာနမှာ အလုပ်လုပ်ကိုင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေ ကို တရားဝင်စာထုတ်ခေါ်ယူနေတယ်လို့ သတင်းရရှိပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဧပြီလ ၂၅ ရက် ရက်စွဲနဲ့ ခေါ်ယူနေတာဖြစ်ပြီး အထက်တန်းပညာသင်ကြားပြီးတဲ့ အသက် သုံးဆယ်အောက်လူငယ်တွေ လျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။

ပညာအရည်အချင်းအနိမ့်ဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင်ဖူးသူဖြစ်ရမယ် ၊ ဝေလံခေါင်ဖျားဒေသတွေက ပညာရေးခက်ခဲသူတွေ အနေနဲ့ အထက်တန်း ပညာသင်ကြားဖူးသူဆိုရင်လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ ပစ်မှုကင်းရှင်းပြီးတော့ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမယ် ၊ ကျန်းမာရေး ကောင်းမွန်ပြီး နေရာ‌ဒေသမရွေး ခရီးသွားလာနိုင်သူဖြစ်ရမယ်၊ သွေးကဆင့်ကူးစက်နိုင်တဲ့ရောဂါကင်းရှင်းသူဖြစ်ရမယ်၊ သင်တန်းပြီးဆုံးတဲ့ အခါမှာ အာရက္ခပြည်သူ့ကျန်းမာရေးဠာနမှာ ပြည်သူ့ကျန်းမာရေး ကြီးကြပ် ၂ အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရမှာ ဖြစ်ပြီး ၊နေရာဒေသမရွေး သွားလာနိုင်သူဖြစ်ရမယ်လို့ ဆိုပါတယ်။

သင်တန်းကာလမှာ (၈) လ ဖြစ်ပြီး ၊ အနည်းဆုံး (၅) နှစ် တာဝန်ထမ်းဆောင်ရမှာပါ။

လုပ်ငန်းတာဝန်တွေကတော့ ကူးစက်မြန် နဲ့ ကူးစက်ရောဂါတွေများ ကာကွယ်နှိမ်နှင်းရေး ၊ ဘေးအန္တာရယ်နဲ့ အရေးပေါ်ကျန်းမာရေးအခြေအနေ စီမံခန့်ခွဲရေး ၊ စီမံချက်ဝင်ရောဂါများတိုက်ဖျက်ရေး၊ မကူးစက်နိုင်တဲ့ရောဂါတွေ ကာကွယ်ကုသရေး ၊ ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်ကျန်းမာရေးလုပ်ငန်းများ ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကောက်ယူခြင်း ၊ စုစည်းခြင်းလုပ်ငန်းများ ၊ မိခင် မွေးကင်းစနဲ့ ငါးနှစ်အောက်ခလေး ကျန်းမာဖွံ့ဖြိုးရေး ၊ မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများ ၊ အဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ ၊ ကျေးလက်ကျန်းမာရေးဌာန ၊ ဌာနခွဲများတွင် ဆေးကုသရေးလုပ်ငန်းများ လုပ်ကိုင်ရမှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေဟာ

နိုင်ငံသားမှတ်ပုံတင်ကတ်ပြားမိတ္တူတစ်စောင်

ပတ်စပို့ ဓာတ်ပုံ (၂)ပုံ

ပညာ အရည် အချင်းဆိုင်ရာ အထောက်အထား တစ်ခုခု နဲ့

ပစ်မှုကင်းကြောင်း ၊ စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုး ထောက်ခံစာ (၁)စောင် ပြင်ဆင်လျှောက်ထားရမှာ ဖြစ်ပြီး ၊ မေလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မြို့နယ် အလိုက် သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဠာနကို လျှောက်ထားရမှာပါ။

လူတွေ့စစ်ဆေးခြင်းအတွက် ရွေးချယ်ခံရသူကို စစ်ဆေးခံရမယ့် နေ့ရက် နဲ့ နေရာကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးအဖွဲ့ဝင်တွေက တဆင့် အကြောင်းကြားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

နောက်ဆုံး တစ်ဆင့်ရွေးချယ်ခံရပြီးတဲ့ အခါမှာ မိမိ စရိတ်နဲ့ (၈ )လသင်တန်း ကို ပြီးဆုံးအောင် တက်ရောက်ရမှာဖြစ်ပြီး , ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရေးဆိုင်ရာ ဝန်ခံကတိရေးထိုးရမယ်လို့လည်းဆိုပါတယ်။ဌာနတစ်ခုခုရဲ့ ဝန်ထမ်းဖြစ်ခဲ့ရင်တော့ သက်ဆိုင်ရာ ဠာနအကြီးကဲရဲ့ ထောက်ခံချက်ရှိရမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဓာတ်ပုံ- APM

လေးဝတီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *